Friday, August 22, 2025

မြန်မာသွေးပရဟိတဖောင်ဒေးရှင်း အသင်း ဖွဲ့စည်း


 မြန်မာသွးပရဟိတဖာင်ဒေးရှင်းအသင်းကို မန္တလေးတိုင်း 

ဒေသကြီး၊မဟာ‌အောင်မြေမြို့နယ်၊ လမ်း၆၀၊လမ်း၄၁*၄၀

မဟာဝီဇယျာကျာင်းတိုက်တွင် ၂၂.၈.၂၀၂၅ ရက်နေ့ 

ညနေ့ ၃နာရီအချိန်တွင် ဆရာတာ်ကြီးများနှင့် အသင်း၀င် 

လျှောက်ထားသူများ တွေ့ဆုံပွဲ ကျင်းပခဲ့သည်

Sunday, November 24, 2024

အမျိုးသားရေး ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ပွဲ

 တိုင်းပြည်နှင့် အမျိုးဘာသာသာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြ ကြသော အမျိုးသားရေး သူရဲကောင်းများအား ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ပွဲအခမ်းအနား


မန္တလေး

၂၅-၁၂-၂၀၂၄

အမျိုးသားနေ့








Wednesday, April 27, 2022

သာသနာကွယ်ခြင်းကြောင်း တရား 🌻🌻🌻🌻🌻🌻🌻🌻🌻







 

                      


🌼၁။မြန်မာ


🌼၂။ထိုင်း 


🌼၃။သီရိလင်္ကာ


🌼၄။ကမ္ဘောဒီးယား


🌼၅။ လာအိုဆိုပြီး 


🌼ထေရဝါဒဗုဒ္ဓဘာသာငါးနိုင်ငံရှိရာ


မြန်မာနှင့်သီရိလင်္ကာမှလွဲပြီး 

အခြားသုံးနိုင်ငံ၏ သာသနာမှာ 

အတော်ယိုယွင်းလာနေပါပြီ

သီရိလင်္ကာသည်ပင် 

သိပ်မဟန်တော့ပေ


ဘာဖြစ်လို့

သာသနာကွယ်ရသလဲဆိုရင်

👇👇👇

တရားမနာ ၊ 

စာပေမသင် 

နှုတ်တွင်မဆောင် 

သိအောင်မပြု 

ဓမ္မာနုဓမ္မပဋိပတ်ကွာ 

ဤငါးဖြာသည် 

ဘုရားသာသနာ ကွယ်ကြောင်းတည်း


စာသင်ပယ်လျော့ 

ကျယ်မဟောကြား 

ကျယ်မချနှင့် 

ကျယ်စွာ့မအံ 

မကြံမစည် 

ဤငါးမည်သည် 

ဘုရားသာသနာ ကွယ်ကြောင်းတည်း


အက္ခရာပုဒ်ပျက် 

လေ့ကျက်သင်ချ 

ဒုဗၺစမူ 

စာချသူရှား 

လာဘ်များအောင်ဖန် 

ခိုက်ရန်ကွဲပြား 

ဤငါးပါးသည် 

ဘုရားသာသနာ ကွယ်ကြောင်းတည်း


သာသနဌိတိယံ ပန ပရိယတ်တိ ပမာဏံ ဟောတိ။

👇👇👇

သာသနာတည်ဖို့ရန် 

ပရိယတ္တိသည်သာလျှင်

ပမာဏတရား ပဓာနတရား ဖြစ်၏။


ပရိယတ္တိသည် 

👇👇👇

သာသနာတော်၏ရေသောက်မြစ်


ပဋိပတ္တိသည်

👇👇👇 

သာသနာတော်၏ 

ပင်စည် အကိုင်းအခက်


ပဋိဝေဓသည်

👇👇👇 

သာသနာတော်၏ အသီးအပွင့်

(အဂုင်္တ္တရနိကာယ် ပဉ္စကနိပါတ်)


သီတဂူဆရာတော်ဘုရားကြီး 

ဟောကြားတော်မူအပ်သော

သာသနာကွယ်ကြောင်း 

တရားပေါင်း တရားတော်မှ 

ကောက်နှုတ်တင်ပြပါသည်





crd

Tuesday, October 26, 2021

ဘဂ်လားဒေရှ် လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရ

 ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇာတွင် လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်တိုက်ခိုက်ခံရ


အောက်တိုဘာ ၂၆


အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာခရိုင်၊ Teknaf Upazila မြို Huaikeng ရှိ Katakhali Chakma Para ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို အစွန်းရောက်မူစလင်များမှ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 


အစွန်းရောက်မူစလင်များမှ ဘုန်းကြီးကျောင်းကို မီးရှိဖျက်စီးခဲ့ကြပြီး လူနဲစုဖြစ်သော ဗုဒ္ဓဘာသာဝင်များကို ဓာများဖြင့် ဝိုင်းခုတ်ခဲ့ကြကြောင်း သိရသည်။ ဘင်္ဂဘားဒေ့ရှ်နိုင်ငံတွင် လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှာ အစွန်းရောက်မူစလင်များရဲ့ မကြာခဏ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ခံနေရကြောင်းသိရသည်။ တစ်လောကလည်း ဟိန္ဒူများအကြမ်းဖက်ခံခဲ့ရကြောင်း သိရသည်။


စိတ်မကောင်းစရာမှာ ၎င်းဗုဒ္ဓဘာသာလူနည်းစုများအပေါ် အကြမ်းဖက်တိုက်ခိုက်ခံနေရမှုများကို လူအခွင့်အရေးနှင့် တန်းတူညီမျှမှုကို အမြဲသံကောင်းဟစ်နေသော မည်သည့်မီဒီယာကမျှ ဖော်ပြခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။


#==#


It’s disheartening to see attacks and brutality in Bangladesh.


The situation in Bangladesh is burning with serial attacks and vandalism of Hindu temples in last week. Due to such attacks many people were injured. Now this kinds of attacks are not only limited to Hindu. 


Today on 24/10/2021 locals and outsiders of Bengali attacked with knife and daggers a Kathalkhali Buddhist monastery in Katakhali Chakma Village in Whykong Union, Cox’s Bazar, Bangladesh. The pictures show a burning monastery. They attacked a few people with daggers and knives. As a result three people were seriously injured. 


Hatred and violence is unacceptable irrespective of our faiths, language, and identity. Condemn the fundamentalist who attacked the innocent people. 


The authorised people should take steps for  protecting non-Muslim in the country. All of them want to live peacefully. By comparing such unfortunate situations one should neither harm others nor kill others. 


May all living beings be peaceful and safe. 


#Collected pictures from Kyaw Zaw Aung.


ဟန်မျိုးမွန် 






Tuesday, March 3, 2020

ကလေးတွေကို(စိတ်ဓာတ်) ပျိုးထောင်ခြင်း ____________________________



လူတိုင်းမတူညီတဲ့ စိတ် နဲ့ ကွဲပြားတဲ့အတွေးအခေါ်ဆက်ဆံရေးတွေပိုင်ဆိုင်ကြပါတယ်။ ဒီလိုမတူ တာဟာ ရှင်သန်ခဲ့ရတဲ့ငယ်ဘဝတွေမတူကြလို့ပါ။ စိတ်ပညာမှာတော့ လူတိုင်းဟာ အတိတ်ရဲ့ အရိပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအရ အခု လက်ရှိ ပုံစံတွေဖြစ်နေရတာပါတဲ့။ ဆိုလိုတာက ခက်ထန်ကြမ်းတမ်းတဲ့ လူဟာ ဒီလိုဖြစ်လာစရာအကြောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒီလိုဖြစ်လာရတာပါတဲ့။
ဗုဒ္ဒတရားမှာတော့ အကျိုးကြောင့်အကြောင်းဖြစ်တယ်ဆိုထားပါတယ်။ အတိတ်ကပြုခဲ့တဲ့အကြောင်းကြောင့် ဒီအကျိုးဆက်ကိုခံစားရတာပါ..
ဒါကြောင့် နုနယ်တဲ့ကလေးတွေရဲ့ အနာဂတ်အတွက် ဘယ်လိုအပြုအမူတွေဟာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ကို
ဆရာလူထုဦးစိန်၀င်းရဲ့ စာလေးကိုတင်ပြလိုက်ပါတယ်။
ဒီလိုလူ တယောက်ကိုတွေ့ခဲ့တာနဲ့ သူရှင်သန်ခဲ့ရတဲ့ အတိတ် ကိုမှန်းပြီး နားလည်ခွင့်လွတ်မှုပေးနိုင်ကြပါစေ။

* ပြစ်တင် ရှုံ့ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

သူရဲဘောကြောင်လူတောမတိုးတဲ့စိတ်ဓာတ်တွေ ရလာစေတယ်။

* ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ

ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ယုံကြည်စိတ်ချမှု ကင်းမဲ့စွာနေခဲ့ရတဲ့ကလေးဟာ

လိမ်လည်လှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ရန်ဘက်ပဋိပက္ခတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

ရန်လိုမင်းထက်ပြုမူတတ်တဲ့စိတ်တွေရလာစေတယ်။

* ချစ်ခင်နှစ်သက်မှုနဲ့နေခဲ့ရတဲ့ကလေးဟာ

ချစ်တတ်ခင်တတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မှန်ကန်ဖြောင့်မတ်သူတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တရားမျှတမှုစိတ်ဓာတ်ကိုရလာစေတယ်။

* ချီးကျုးထောပနာပြုမှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တန်ဖိုးထားလေးစားတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

စာနာသက်ညှာတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* အသိဥာဏ်ဗဟုသုတတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

သည်းခံတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* ပျော်ရွှင်မှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

မေထ္ထာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

လူထုစိန်၀င်း

Friday, December 27, 2019

သခင်ထွန်းအုပ် (ခ) ဗိုလ်မြင့်ဆွေ ၏
ဇနီး ဒေါ်ကြည်ကြည်ဝင်း၊
ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်းသမီး ဒေါ်စု၊ဗိုလ်က်ျာ(ခ)သခင်လှဖေ သမီးဒေါ်ခင်လက်ျာ၊ဗိုလ်နေဝင်း (ခ) သခင်ရှုမောင်သမီးဒေါ်ခင်စန္ဒာဝင်း၊ဗိုလ်ရန်နိုင် (ခ) ကိုထွန်းရှိန် သမီး၊တို့ 
ထိုင်နေကြပုံ။
Photo credit #
2019 December 26

Thursday, December 26, 2019

မိုက်ကယ်ဂျက်ဆင်ဟာ အသက် ၁၅၀ လောက်ထိ
နေသွားချင်တဲ့သူတစ်ယောက်ပါ ……
ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို
စောင့်ရှောက်ဖို့ မိသားစုဆရာဝန် ၁၂ ယောက်ထိ သူခန့်ထားခဲ့တယ်။
သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ
ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။
သူ့ရဲ့နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း ၁၅ ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။
သူ့ရဲ့အိပ်ရာမှာ အောက်စီဂျင်ပမာဏကိုထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။
ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။
ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက် ၁၅၀ လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။
ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး…
၂၀၀၉ခုနှစ် ၊ ဇွန်လ ၂၅ရက်… သူ့အသက်၅၀အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်၁၂ယောက်အပါအဝင် အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။
၂၅ နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင်မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်၁၅၀ပြည့်အောင်နေချင်ပေမယ့် မနေခဲ့ရပါဘူး။ မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို လူပေါင်း ၂ သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
သူကွယ်လွန်တဲ့ ၂၀၀၉ခုနှစ် ၊ ဇွန်လ ၂၅ရက် ဒေသစံတော်ချိန် ညနေ၃း၁၅မှာ Wikipedia, Twitterနဲ့ AOL's instant messengerတို့ဟာ လုံးဝပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကိုစိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကိုပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။
ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။
ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့် နေ့မအားညမနားလိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။
ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။
ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။
ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့ ၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့လိုပါလိမ့်မယ်။ တကယ်တမ်းသေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။
"ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား"စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။
ချမ်းသာအောင်လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာတစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲချမ်းသာနေပြီး စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။
ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျအသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။
တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှုတွေပဲဖြစ်ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမှဝယ်လို့မရနိုင်တာပါပဲ။
Credit