Wednesday, May 21, 2014

မြေသိမ်းခံထားရသော ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာ အုပ်စု စိမ့်စမ်းရေ ပရဟိတ အသင်းသို့



မြေသိမ်းခံထားရသော ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာ အုပ်စု စိမ့်စမ်းရေ ပရဟိတ အသင်းသို့

20.5.2014 ရက်နေ့ နေလယ် ၁၂ နာရီခန့်တွင်

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း ဆ၇ာတော်ကြီးများပါဝင်တဲ့ အဖွဲ့နဲ့

မြေသိမ်းခံထားရသော ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာ အုပ်စု စိမ့်စမ်းရေ ပရဟိတ အသင်းသို့




လိုက်ထရန် ၂ စီး အပါအ၀င် ကား ၆စီးခန့် ဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဆန်အိတ် အိတ် ၂၀ခန့် နှင့် အလှူငွေ သိန်း ၂၅ သိန်း (စုပေါင်း၍) လှူဒါန်းနိုင်ခဲ့ပါသည်။

၁။ ကိုလင်း(ဘောစိ) နှင့်ရတနာညီအစ်ကိုများ ၅ သိန်း။
၂။ ကိုမောင်တူး ကိုဇော်ကြီး နှင့်ကျောက်စိမ်းဘော်ဒီရတနာလူငယ်များ ၅ သိန်း။
၃။ ကိုဇော်ဇော် နှင့်(မဘသ)ညီအစ်ကိုမောင်နှမများ ၁၀ သိန်း။

မိမိမှာလည်း အလုပ်မရှိတဲ့ ကြားထဲက တစ်သောင်းကျပ်တိတိ ထည့်ဝင်လှူဒါန်းပေးခဲ့ပါသည်။

ယခုလောလောဆယ်တွင် မြေယာ  သိမ်းခံဖယ်ရှားခံရသော စိမ့်စမ်းရေး ပရဟိတ ဘ.က ဘုန်းကြီးကျောင်း အား စိမ့်စမ်းရေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ပိုင်ဆိုင်သော မြေ ၁ ဧကခန့်တွင်  နေရာချထားလျှက်ရှိသည်။

ထိုစိမ့်စမ်းရေး ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးနိုင် ပိုင်ဆိုင်သော ကွင်းအမှတ် (၅၀၀)၊ ဦးပိုင်အမှတ်
(၁၁၄)၊ ဧရိယ မြေ 2.23 ဧက ခန့်ကို တန်ဘိုး သိန်း ၂၀၀ ရှိသည်ကို သိန်း၁၀၀ ကို လှူပြီး ကျန်
သိန်း၁၀၀ အား မိမိမှာ ဆင်ရဲသည့်အတွက် မိမိအား သိန်း ၁၀၀ ပေးချေရန် တင်ပြရာ

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဦးဆောင်ဆရာတော်များက သိန်း၁၀၀ ပေးရန်သဘောတူပြီး

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မ.ဘ.သ)  အဖွဲ့ဝင်ထဲက လူတစ်ယောက်ကို အ၀ယ်စာချုပ်ချုပ်စေပြီး သိန်း ၂၅သိန်း အကြိုပေး၍ ၀ယ်ယူခဲ့ပါသည်။

မ.ဘ.သအနေနဲ့ ကျောင်းဆောင်တစ်ဆောင်လည်း ဆောက်လုပ်ပေးပါအုံးမယ်လို့ ကြားသိရပါသည်။

ယခုလတ်တစ်လောတွင် စိမ့်စမ်းရေ ပရဟိတ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင်

ကျောင်းသားကျောင်းသူဖြစ်သည့် ကိုရင်လေး သီလရှင်ဆရာလေးများ ၁၀၀ခန့်နှင့်

ဆရာဆရာမ  ၆ယောက်ခန့် အတွက် နေစရာ အခက်အခဲနဲ့ ကြုံတွေ့နေရပါသည်။ 

မြေစိုက် ရွက်ဖျင်တဲများ ထိုး၍ ဖြစ်သလို နေထိုင်ကြသည်ကိုလည်း

ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါသည်။

ဘုရား ဆင်းတုတော်များကိုလည်း ရွာဖျင်တဲထိုးကာ အပူဇော်ခံထားသည်ကိုလည်း ၀မ်းနည်းစရာ တွေ့ရပါသည်။

ဒေါ်ဝိုင်း (မန္တလေး) မှာ ပြောကြားရာတွင်   ``မိမိသည် အခင်းဖြစ်ပွားသည် ၁၆

ရက်နေ့ကတည်းက ရောက်ရှိပြီး   ဒီနေ့ အထိ အိမ်မပြန်ဘဲနဲ့ စိမ့်စမ်းရေ ပရဟိတတွင်

ထမင်းချက် တာဝန်ကို လုပ်အားပေးခဲ့ပါကြောင်း၊ ခုလို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး

အသင်း (အထက်မြန်မာပြည်)
က ဆရာတော်ကြီးများ နှင့် လူကြီးလူငယ်များအား ကျေးဇူးတင်ပါကြောင်း၊

မြေသိမ်းခံရသည့်နေ့ ကဆိုလျှင် ကလေးငယ်များ သနားစရာအလွန်ကောင်းကြောင်း၊ သူတို့

ခမျာကြောက်လန့်နေကြောင်း။

နောက်ရက်တွင် အလှူရှင်များ ရောက်လာသည့်အခါ အလှူရှင်များကို  ရဲများထင်ပြီး 

ကလေးငယ် ကိုရင်လေးများနှင့်  မယ်သီလရှင်များ ပြေးပုန်းလျှက်ရှိကြောင်း၊

နောက်မှာ အလှူရှင်များမှန်းသိ၍ ၀မ်းသာအားရာ ကြိုဆိုကြကြောင်း  သိရပါသည်။



ကိုရင်လေး သုမန အသက်(၅)နှစ်ခန့်က ပြောကြားရာတွင်

ဒကာကြီး  တို့က ရဲ တွေဘာလို့ လွှတ်လိုက်ရသလဲလို့ ပြောသောအခါ

မိမိ(ဟန်မျိုးမွန်)မှာ ၀မ်းနည်းလျှက် အရှင်ဘုရားတပည့်တော် မလွှတ်ပါဖူး

လူဆိုးတွေ လွှတ်တာပါ ပြောလိုက်ပါတော့သည်။

ဆရာ/ဆရာမလေးများကိုလည်း ခန့်အပ်ထားရာတွင်လည်း 

တစ်လကို စားရိတ်ငြိမ်း ၄၀၀၀၀ိ/-ခန့်နှင့် ခန်အပ်ထားပါကြောင်း

မြင်းခြံနယ် ရွာတစ်ရွာမှာ လာရောက်လုပ်အားပေးသော ဆရာမ  မရတနာစိုး (တတိယနှစ်-ပထ၀ီ) အဝေးသင်မှာပြောကြပါသည်။

ယခုအခါ ကျောင်းဆောင်များမရှိ၍  အခက်အခဲများကြောင့် ကလေးငယ်များစာမသင်ရပါ။

ရေချိုးရန်အတွက် ချိုရေ အခက်အခဲများရှိသောကြောင့် ရေမချိုးရပါ။

ချိုးရေအတွက် မိုင် (၄)မိုင်ခန့်ဝေးကွာသော ချောင်းမကြီးမှာ စေတနာရှင်များ အကူအညီဖြင့် ကားဖြင့် သယ်ယူရပါတယ်လို့ အနီးအနားရွာက လာရောက် လုပ်ကိုင်ပေးသော လုပ်အားပေး ရွာသားများမှာသိရပါသည်။


ကျောင်းသားကလေးများကို ဘာလိုချင်သလဲဟု ဆရာတော်ဦးရသမှာ မေးရာ ဘော်လုံး၊

သရေကွင်း၊ ဆော့ကစားရန် လိုအပ်ကြောင်း ကလေးများက ဖြေကြားပါသည်။


ယခုအခြေပြုထားသည့် မြေနေရာသည် ယာယီမိုးထားသည့်အမိုးအကာများကြောင့်

ပူလောင်နေသဖြင့် ကလေးငယ်များ (ကိုရင်ငယ်၊ သီလရှင်ငယ်)များသည် နီးစပ်ရာ

သစ်ပင်ရိပ်များ၊  လျှိုများ တွင် အပူရှောင်ကာ နေထိုင်လျှက်ရှိသည်ကို

စိတ်မကောင်းစရာ တွေ့ရှိရပါသည်။

မိမိတို့ မ.ဘ.သ အဖွဲ့သည်  ၃း၃၀ ခန့်တွင် ပြန်လည်ထွက်ခွာပြီးနောက်
အုပ်ချုပ်ရေးမှူး ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ ပုသိမ်ကြီးမြို့နယ် အား မ.ဘ.သ
ဆရာတော်ကြီးများ ၀င်ရောက်တွေ့ဆုံရာတွင်
မ.ဘ.သက ၀ယ်ယူပေးသောမြေကို သာသနာမြေလျှောက်ရာတွင်
တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးမှာ ပြောကြားပါသည်။

အလှူရှင်များအနေနဲ့ 

အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

 ဆရာတော် ဥူးဥတ္တမ  စိမ့်စမ်းရေးပရဟိတ ဖုန်းနံပါတ် 0943143767

ဆရာတော် ဦးနရပတိ (ငြိမ်းချမ်းရေး ကျောင်းတိုက်) 09 - 444 030 770

သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း တင်ပြလိုက်ရပါသည်။