Wednesday, February 18, 2015

ကျွန်တော်သည် စစ်တပ်ကို ချစ်သော်လည်း စစ်အာဏာရှင် ခိုင်းရာလုပ်သည့် လူတစ်ယောက်မဟုတ်ပါ။


လောင်ကိုင်တိုက်ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် စစ်သည်များတွက် အသုဘ အခမ်းအနား ပြင်ဆင်ထားသည့် လူပျိုဘားတိုက်
 



ကျွန်တော်သည် စစ်တပ်ကို ချစ်သော်လည်း စစ်အာဏာရှင် ခိုင်းရာလုပ်သည့်

လူတစ်ယောက်မဟုတ်ပါ။
ကျွန်ုပ်သည်။ မွေးဖွားရာ မှစ၍ တဖြည်းဖြည်း နဲ့ မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို
တဖြည်းဖြည်းလုပ်နေသော လူတစ်ယောက်ဖြစ်သည်။
ကျွန်ုပ်သည်လူဘ၀ရလာခြင်းသည်   ကျွန်ုပ်အတွက် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။
လူဘ၀ကို ရရန် ပင် ခက်ခဲလွန်းပါတယ်။
ဒါကို တရားဓမ္မာ လိုက်နာတဲ့ လူတိုင်း နားလည် လက်ခံပါတယ်။
ကျွန်ုပ်တို့သည် အပယ်က လာသော သတ္တ၀ါများဖြစ်သည့်အားလျော်စွာ
နောက်ဖြစ်လာမည့် ဘ၀တွင် အပယ်သို့ ပြန်မသွားရန် ကြိုးစားနေသော
လူတစ်ယောက်ဖြစ်သည်။
အမျိုးဘာသာ သာသနာ ကို တတ်နိုင်သမျှ စောင့်ရှောက်ထိန်းသိမ်းသော်လည်း
အစွန်းမရောက်အောင် ထိန်းသိမ်းပါသည်။
အစွန်းရောက်ရင် လောဘဒေါသ တွေပါလာလိမ့်ပါမည်ကို သိရှိသော လူတစ်ယောက်ဖြစ်သည်။

လူတိုင်းဟာ အမှားကိုယ်စီရှိကြပါတယ်။ ကျွန်တော်ဘ၀မှာ လည်း အမှားပေါင်းများစွာ ရှိပါသည်။ ဒါပေမဲ့ အဲဒီ အမှားကို သိပြီးပြင်တဲ့ လူဟာ လူကောင်းပါ။
ကျွန်ုပ်သည် ချမ်းသာတဲ့ သူဖြစ်ဖို့ ထက် တော်တဲ့ သူတစ်ယောက် ဖြစ်ဖို့ ထက်  လူကောင်း လူမွန် ဖြစ်အောင် ကြိုးစားရင်း ကိုယ့်အမျိုးဘာသာ သာသာနာ အတွက် အားတစ်ခုဖြစ်အောင် ကြိုးစားလျှက်ပါ။
ဦးတည်ချက်မှန်ပေမယ့် နည်းလမ်းမမှန်ရင်လည်း
အဖြေဟာ ကျေနပ်စရာ ဖြစ်မလာနိုင်ပါ။
ဆိုလိုသည်မှာ ရိုးရိုးသားသားအမျိုးချစ်သူများကို
လေးစားပြီး အမျိုးချစ်တာကို ရှေ့တန်းတင်
အာဏာရှင်အတွက် စည်းရုံရေးမှူးတွေအဖြစ် ပါဝင်သူတွေကို
ပြောလိုခြင်းဖြစ်သည်။
သူတို့သည် ကျည်ဆံတွေဘယ်ကရာ ရာ
အစ္စလာမ်ကို ပစ်ဖို့ပဲလိုတယ်လို့ ပြောတဲ့ လူတွေပါ။
အဲဒီ ကျည်ဆံတွေဟာ အာဏာရှင်တွေဆီက ရောက်လာတာပါ။
အဲဒီ ကျည်ဆံတွေဟာ သူတို့ရဲ့ အာဏာသက်ဆိုးရှည်ဖို့အတွက် ထုတ်ပေးတဲ့ ကျည်ဆံတွေဆိုတာ မသိကြပါဖူး။
အာဏာရှင်ဆိုတာ တစ်ကိုယ်ကောင်းဆန်သူတွေ (၀ါ) သို့မဟုတ် မိမိအာဏာ တည်မြဲဖို့ အမြဲတမ်း ကြိုးစားနေသူတာ ဖြစ်တော့သည်။
လူတိုင်းဟာ ချမ်းသာချင်ကြပါတယ်။
ချမ်းသာချင်ရင် စိတ်ချမ်းသာ တယ်တဲ့
လွယ်မှားလွန်ပါတယ်။
စိတ်ချမ်းသာခြင်းရဲ့ ကိုယ်ကိုကိုယ့်စိတ်ချမ်းသာစေချင်ရင် ပစ္စုပ္ပန်တည့်တည့်မှာ မိမိစိတ်ကို ထားပါ။
အဲဒါဆိုရင် စိတ်ချမ်းသာမှုဆိုတာ ဖြစ်လာပါလိမ့်မယ်။
ပျော်ရွှင်မှု ကို အဓိက ထားတဲ့ လူဟာ ပျော်ရွှင်မှုတွေ စိတ်သုန်းစေတယ်ဗျာ
နောက်ပြီး အမျိုးသားရေးမှာ ညီညွှတ်ခြင်းရှိဖို့ လိုအပ်ပါတယ်။
ညီညွှတ်ခြင်းရဲ့ အုတ်မြစ်ဟာ သီးခံခြင်းပါ။
သီးခံကြပါတယ်။
အဖွဲ့အစည်းတစ်ခုဟာ စည်းလုံးမှု ၊ ညီညွှတ်မှုရှိဖို့ လိုအပ်ပါတယ်။
မြတ်စွာဘုရားသာသနာတော်ကို ၀င်လာတဲ့ သူတွေဟာ လူမျိုးမတူဖူး၊ ပတ်ဝန်ကျင်မတူဖူး၊ အခြားအချက်အလက်တွေမတူဖူး
ဘယ်လိုပဲ ၀င်လာလာ၊ သံဃာရဟန်းပဲ
မြတ်စွာဘုရားက သတိမပြတ်စေနဲ့တဲ့ဗျာ

တွေးပြီး သိတာထက် သတိနဲ့ သိတာက ပိုမိုကောင်းမွန်တယ်။
ဒါကြောင့် သတိဆိုတာ အရေးကြီးတယ်လို့ ပြောခဲ့တာကိုး

သတိ ၊ ဥာဏ်ပညာကြီးလာတယ်နောက်ကရုဏာပါကြီးလာပါလိမ့်မည်။
ဗုဒ္ဓဘာသာဝင်များသည် ကံကံ၏ အကျိုးကို ယုံကြည်၍ ဗုဒ္ဓဘာသာဖြစ်နေပါသည်။
ဖြစ်လာသည့်ပျက်သမျှကို ကံကံ၏အကျိုးကို ဆင်ခြင်ပြီး နေထိုင်နိုင်လျှင်
စိတ်ဆင်းရဲမှုဆိုတာ မရှိ နိုင်ပါ။

ကျောင်းသားသပိတ် က တောင်းဆိုသည့်အချက်ထဲတွင် ဒေါက်တာသိန်းလွင်ရဲ့ NNER က ပြင်လိုက်တဲ့အထဲမှာ ဘာသာ ရေးကျောင်းတွေ ဖွင့်ချင်သလို ဖွင့်ခွင့်ပေးထားတာဟာ ရည်ရွယ်ချက် ရှိရှိနဲ့ ထည့်ထားတာတွေ့ရသည်။




ကျောင်းသားသပိတ် ထဲမှာ မွတ်တွေရဲ့ အမျိုးးသားရေး ရောပါတယ်ဗျာ

အဲဒါကြောင့် ဆရာတော် ၀ီရသူက ဟောတယ်ခင်ဗျာ

ကုလားတွေက ဘာလုပ်လုပ် အမျိုးသားရေးပါတယ်လို့
ကျောင်းသားသပိတ်ကို ထောက်ခံသော်လည်း အမျိုးသားရေး ကို အထိမခံပါ



NNER ၏ အမျိုးသားပညာရေးဥပဒေပြင်ဆင်မှု အမျိုးသားရေးအတွက် အန္တရာယ်ကြီး
လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် NNER မှ ပြင်ဆင်လိုက်သော အမျိုးသားပညာရေးဥပဒေပြင်ဆင်မှုသည် အမျိုးသားရေး အတွက် အန္တရာယ်ကြီးမားကြောင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ကန့်ကွက်လိုက်သည်။
အမျိုးသားပညာရေးဥပဒေအား ပြည်ထောင်စုလွှတ်တော် က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) က သြဂုတ် ၁၉ ရက် တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာ လ (၁၂) ရက်နေ့နှင့် (၁၃)ရက်နေ့များတွင် ကျောင်းသားသမဂ္ဂများက ဦးဆောင်၍ နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ရန်ကုန်မြို့၌ ခေါ်ယူကျင်းပခဲ့ပြီး အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ကာ နိုဝင်ဘာ (၁၄)ရက်မှ စတင်ပြီး ရန်ကုန်မြို့တွင် (၄)ရက် ဆက်တိုက် ဆန္ဒပြခဲ့ သည်။ ထို့နောက် နိုဝင်ဘာ ၁၇ ရက်မှ စပြီး ရက်ပေါင်း (၆၀)အတွင်း တာဝန်ရှိသူများအနေဖြင့် သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ပါက လက်ရှိပြုလုပ်လျှက်ရှိသော သပိတ် မှောက်ဆန္ဒပြုမှုထက် ပိုမိုပြင်းထန်၊ ပိုမိုကျယ်ပြန့်၊ ပိုမိုကြီးမားသော သပိတ်တိုက်ပွဲများကို ဆင်နွှဲဖော်ဆောင် သွားမည်ဟု နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကာ ရက်ပေါင်း ၆၀ ကျော်လွန်ပြီးနောက် မြို့ကြီးတစ်ချို့မှ ရန်ကုန်မြို့သို့ လမ်းလျောက် ချီတက်ဆန္ဒပြခဲ့ကြပြီး ပထမဆုံး လမ်းလျောက်ဆန္ဒပြမှုကို မန္တလေးမြို့တွင် ၂၀၁၅ ဇန်နဝါရီလ ၂၀ ရက် က စတင်ခဲ့ပါသည်။
ဆန္ဒပြကျောင်းသားများနှင့် NNER တို့အား အစိုးရနှင့် လွှတ်တော်မှ တာဝန်ရှိသူများအကြိမ်ကြိမ်စေ့စပ်ဆွေးနွှေးညှိနှိုင်း ကာ နောက်ဆုံးတွင် အစိုးရက ပညာရေးဥပဒေကြမ်းအား NNER က ရေးဆွဲပြီး လွှတ်တော်သို့တင်ပြပေးရန်အထိ လိုက်လျောခဲ့ပါသည်။ သို့ရာတွင် NNER က ရေးဆွဲထားသည့် အမျိုးသားပညာရေးဥပဒေကြမ်းတွင် အမျိုးသားရေးကို ထိခိုက်နိုင်သည့်အပြင် အကြမ်းဖက်သမားများအတွက် တပ်သားသစ်များ မွေးထုတ်ပေးရာ ကျောင်းများပါ တည်ထောင်ခွင့်ပြုမည့် အခြေအနေများ ပါရှိနေသည်ကို တွေ့ရှိရသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ပညာရေးဥပဒေ ပုဒ်မ ၃၄ တွင် ကျောင်းအမျိုးအစားကို အောက်ပါ အတိုင်း (၉)မျိုးသတ်မှတ်ထားသည်-
(က) အစိုးရကျောင်းများ၊
( ခ) အစိုးရအထောက်အပံ့ခံကျောင်းများ၊
( ဂ) ဒေသန္တရအဖွဲ့အစည်းပိုင်ကျောင်းများ၊
(ဃ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ၊
( င) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊
( စ) ပရဟိကကျောင်းများ၊
(ဆ) အထူးပညာရေးအစီအစဉ်ကျောင်းများ၊
( ဇ) ရွေ့လျားနှင့် အရေးပေါ်ကျောင်းများ၊
( ဈ) ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စာ သတ်မှတ်သည့်ကျောင်းများ၊
အထက်ပါကျောင်းအမျိုးအစားများအပြင် NNER က ရေးဆွဲထားသော ပညာရေးဥပဒေကြမ်းတွင် (ည) အခြားဘာသာ ရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ ဟု ဘာသာရေးကျောင်းများကို ထပ်မံဖြည့်စွက်ထား သည့်အတွက် အာရဗီဘာသာသင်ကျောင်းများ၊ အစ္စလာမ်တက္ကသိုလ်များ အစရှိသည်တို့ကိုလည်း လွတ်လပ်စွာ ဖွင့်လှစ်ခွင့် ပေးရတော့မည်ဖြစ်သည်။
မူလကတည်းက ဘာသာရေးတင်းမာမှုအချို့ရှိနေသော မြန်မာနိုင်ငံတွင် ထိုသို့ အာရဗီဘာသာသင်ကျောင်းများ၊ အစ္စလာမ်တက္ကသိုလ်များကို လွတ်လပ်စွာဖွင့်လှစ်ခွင့်ပေးလိုက်ပါက မိမိတို့ဘာသာအရေးကို ရတက်မအေးဖြစ်နေကြ သည့် လူများစုက ကျေနပ်နိုင်ကြလိမ့်မည်မဟုတ်ပဲ ဘာသာရေးအဓိကရုဏ်းများအတွက် မီးပွားတစ်စ ဖြစ်လာနိုင်ပါ သည်။ ထို့ပြင် နိုင်ငံတကာတွင် တစ်နေ့ထက်တစ်နေ့ ပိုမို အန္တရာယ်များလာသော ဘာသာရေးအခြေခံအကြမ်းဖက် ဝါဒ အတွက် လူသစ်စုဆောင်းရာ အဓိက နေရာမှာလည်း ဘာသာရေးကျောင်းများဖြစ်၍ ထိုဘာသာရေးကျောင်းများ လွတ်လပ်စွာ ဖွင့်ခွင့်ပြုခြင်းသည် အကြမ်းဖက်သမားများ လွတ်လပ်စွာမွေးထုတ်ခွင့်ပြုသလို ဖြစ်သွားနိုင်ပြီး အမျိုးသား လုံခြုံရေးကိုပင် ထိခိုက်နိုင်စရာရှိပါသည်။
“အခုဆိုရင်ပဲ အာရဗီကျောင်းတွေ တစ်နိုင်ငံလုံးမှာ မှိုလိုပေါက်နေတာတွေ တွေ့နေရတယ်။ ဘယ်သူက ဘယ်လို ခွင့်ပြုနေသလဲ မသိဘူး။ ဒီကိစ္စတွေ မပြီးသေးခင်မှာ ဒေါက်တာသိန်းလွင်ရဲ့ NNER က ပြင်လိုက်တဲ့အထဲမှာ ဘာသာ ရေးကျောင်းတွေ ဖွင့်ချင်သလို ဖွင့်ခွင့်ပေးထားတာဟာ ရည်ရွယ်ချက် ရှိရှိနဲ့ ထည့်လာတာ လို့ ထင်တယ်။ ပညာရေး စနစ် ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ လက်ခံတယ်။ ဒါပေမယ့် ပညာရေးကို အကြောင်းပြပြီး ဘာသာရေးကျောင်း တွေ လုပ်ချင်သလို လုပ်ခွင့် မပေးနိုင်ဘူး။ ဒါကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ အပြင်းအထန် ကန့်ကွက်ပါတယ်။ လွှတ်တော်အနေနဲ့ ဒါကို အလေးအနက်ထားပြီး စဉ်းစားပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ အမျိုးသားရေးကွန်ရက်တွေ အနေနဲ့ ဒါနဲ့ပတ်သက်ပြီး ဆန္ဒ ဖော်ထုတ်ဖို့ လုပ်သွားမှာပါ” ဟု အမျိုး ဘာသာ သာသနာ တက်ကြွလှုပ်ရှားသူ ကိုဇာနည်မောင်က ပြောသည်။
NNER အနေဖြင့် ထိုသို့ ဘာသာ၊ သာသနာနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည့်အခြေအနေကို မသိ၍ပင် လော၊ သိသိနှင့် နောက်ကွယ်မှထောက်ပံ့ပေးသူများ၏ တောင်းဆိုမှုကြောင့် ဘာသာကျောင်းများကို ထည့်သွင်းထား ခြင်းလော ဆိုသည်ကို စဉ်းစားစရာရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ဘာသာရေးကျောင်းများကို လွတ်လပ်စွာဖွင့်ခွင့် သည် အထက်တွင် ဖော်ပြထားသည့်အတိုင်း ဘာသာ သာသနာနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည့် အတွက် လွှတ်တော်မတင်ပြမီ ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။ အကယ်၍ NNER အနေဖြင့် နောက်ကွယ်မှ ဖိအားများကြောင့် ပြင်ဆင်ခြင်းမပြုနိုင်ပဲ ဘာသာရေးကျောင်းများပါ ထည့်သွင်းခဲ့မည် ဆိုလျှင်လည်း လွှတ်တော်အနေ ဖြင့် ထိုအချက်အား အတည်ပြုခြင်း မပြုရန် တောင်းဆိုပါသည်။ အကယ်၍ လွှတ်တော်ကလည်း ဘာသာရေးကျောင်း များဖွင့်လှစ်ခွင့်ကိုပါ ထည့်သွင်းအတည်ပြုမည်ဆိုပါက အမျိုးသားရေးသမားများစုစည်းညီညွတ်စွာဖြင့် ကန့်ကွက်သွား ရန် စည်းရုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်