Wednesday, February 18, 2015

ကျွန်တော်သည် စစ်တပ်ကို ချစ်သော်လည်း စစ်အာဏာရှင် ခိုင်းရာလုပ်သည့် လူတစ်ယောက်မဟုတ်ပါ။


လောင်ကိုင်တိုက်ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် စစ်သည်များတွက် အသုဘ အခမ်းအနား ပြင်ဆင်ထားသည့် လူပျိုဘားတိုက်
 



ကျွန်တော်သည် စစ်တပ်ကို ချစ်သော်လည်း စစ်အာဏာရှင် ခိုင်းရာလုပ်သည့်

လူတစ်ယောက်မဟုတ်ပါ။
ကျွန်ုပ်သည်။ မွေးဖွားရာ မှစ၍ တဖြည်းဖြည်း နဲ့ မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို
တဖြည်းဖြည်းလုပ်နေသော လူတစ်ယောက်ဖြစ်သည်။
ကျွန်ုပ်သည်လူဘ၀ရလာခြင်းသည်   ကျွန်ုပ်အတွက် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။
လူဘ၀ကို ရရန် ပင် ခက်ခဲလွန်းပါတယ်။
ဒါကို တရားဓမ္မာ လိုက်နာတဲ့ လူတိုင်း နားလည် လက်ခံပါတယ်။
ကျွန်ုပ်တို့သည် အပယ်က လာသော သတ္တ၀ါများဖြစ်သည့်အားလျော်စွာ
နောက်ဖြစ်လာမည့် ဘ၀တွင် အပယ်သို့ ပြန်မသွားရန် ကြိုးစားနေသော
လူတစ်ယောက်ဖြစ်သည်။
အမျိုးဘာသာ သာသနာ ကို တတ်နိုင်သမျှ စောင့်ရှောက်ထိန်းသိမ်းသော်လည်း
အစွန်းမရောက်အောင် ထိန်းသိမ်းပါသည်။
အစွန်းရောက်ရင် လောဘဒေါသ တွေပါလာလိမ့်ပါမည်ကို သိရှိသော လူတစ်ယောက်ဖြစ်သည်။

လူတိုင်းဟာ အမှားကိုယ်စီရှိကြပါတယ်။ ကျွန်တော်ဘ၀မှာ လည်း အမှားပေါင်းများစွာ ရှိပါသည်။ ဒါပေမဲ့ အဲဒီ အမှားကို သိပြီးပြင်တဲ့ လူဟာ လူကောင်းပါ။
ကျွန်ုပ်သည် ချမ်းသာတဲ့ သူဖြစ်ဖို့ ထက် တော်တဲ့ သူတစ်ယောက် ဖြစ်ဖို့ ထက်  လူကောင်း လူမွန် ဖြစ်အောင် ကြိုးစားရင်း ကိုယ့်အမျိုးဘာသာ သာသာနာ အတွက် အားတစ်ခုဖြစ်အောင် ကြိုးစားလျှက်ပါ။
ဦးတည်ချက်မှန်ပေမယ့် နည်းလမ်းမမှန်ရင်လည်း
အဖြေဟာ ကျေနပ်စရာ ဖြစ်မလာနိုင်ပါ။
ဆိုလိုသည်မှာ ရိုးရိုးသားသားအမျိုးချစ်သူများကို
လေးစားပြီး အမျိုးချစ်တာကို ရှေ့တန်းတင်
အာဏာရှင်အတွက် စည်းရုံရေးမှူးတွေအဖြစ် ပါဝင်သူတွေကို
ပြောလိုခြင်းဖြစ်သည်။
သူတို့သည် ကျည်ဆံတွေဘယ်ကရာ ရာ
အစ္စလာမ်ကို ပစ်ဖို့ပဲလိုတယ်လို့ ပြောတဲ့ လူတွေပါ။
အဲဒီ ကျည်ဆံတွေဟာ အာဏာရှင်တွေဆီက ရောက်လာတာပါ။
အဲဒီ ကျည်ဆံတွေဟာ သူတို့ရဲ့ အာဏာသက်ဆိုးရှည်ဖို့အတွက် ထုတ်ပေးတဲ့ ကျည်ဆံတွေဆိုတာ မသိကြပါဖူး။
အာဏာရှင်ဆိုတာ တစ်ကိုယ်ကောင်းဆန်သူတွေ (၀ါ) သို့မဟုတ် မိမိအာဏာ တည်မြဲဖို့ အမြဲတမ်း ကြိုးစားနေသူတာ ဖြစ်တော့သည်။
လူတိုင်းဟာ ချမ်းသာချင်ကြပါတယ်။
ချမ်းသာချင်ရင် စိတ်ချမ်းသာ တယ်တဲ့
လွယ်မှားလွန်ပါတယ်။
စိတ်ချမ်းသာခြင်းရဲ့ ကိုယ်ကိုကိုယ့်စိတ်ချမ်းသာစေချင်ရင် ပစ္စုပ္ပန်တည့်တည့်မှာ မိမိစိတ်ကို ထားပါ။
အဲဒါဆိုရင် စိတ်ချမ်းသာမှုဆိုတာ ဖြစ်လာပါလိမ့်မယ်။
ပျော်ရွှင်မှု ကို အဓိက ထားတဲ့ လူဟာ ပျော်ရွှင်မှုတွေ စိတ်သုန်းစေတယ်ဗျာ
နောက်ပြီး အမျိုးသားရေးမှာ ညီညွှတ်ခြင်းရှိဖို့ လိုအပ်ပါတယ်။
ညီညွှတ်ခြင်းရဲ့ အုတ်မြစ်ဟာ သီးခံခြင်းပါ။
သီးခံကြပါတယ်။
အဖွဲ့အစည်းတစ်ခုဟာ စည်းလုံးမှု ၊ ညီညွှတ်မှုရှိဖို့ လိုအပ်ပါတယ်။
မြတ်စွာဘုရားသာသနာတော်ကို ၀င်လာတဲ့ သူတွေဟာ လူမျိုးမတူဖူး၊ ပတ်ဝန်ကျင်မတူဖူး၊ အခြားအချက်အလက်တွေမတူဖူး
ဘယ်လိုပဲ ၀င်လာလာ၊ သံဃာရဟန်းပဲ
မြတ်စွာဘုရားက သတိမပြတ်စေနဲ့တဲ့ဗျာ

တွေးပြီး သိတာထက် သတိနဲ့ သိတာက ပိုမိုကောင်းမွန်တယ်။
ဒါကြောင့် သတိဆိုတာ အရေးကြီးတယ်လို့ ပြောခဲ့တာကိုး

သတိ ၊ ဥာဏ်ပညာကြီးလာတယ်နောက်ကရုဏာပါကြီးလာပါလိမ့်မည်။
ဗုဒ္ဓဘာသာဝင်များသည် ကံကံ၏ အကျိုးကို ယုံကြည်၍ ဗုဒ္ဓဘာသာဖြစ်နေပါသည်။
ဖြစ်လာသည့်ပျက်သမျှကို ကံကံ၏အကျိုးကို ဆင်ခြင်ပြီး နေထိုင်နိုင်လျှင်
စိတ်ဆင်းရဲမှုဆိုတာ မရှိ နိုင်ပါ။

No comments:

Post a Comment