Saturday, June 25, 2016

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ?



မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ?
၁။ ပထမအကြိမ်
============
မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။
===============

၂။ ဒုတိယ အကြိမ်
============
မဟာသက္ကရာဇ် ( ၁၁၁ )ခုနှစ် ဝါတော်( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာအရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ ( ၅၀၀ )တို့ နှင့်အတူ ကြွချီတော်မူသည်။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။
============

၃။တတိယ အကြိမ်
=============
မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဝါတော် (၁၀) ဝါ သက်တော် ၄၅ နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ ( ၅၀၀ ) နှင့်အတူ ကြွချီတော်မူခဲ့သည်။
မဟာမြတ်မုနိအပါအဝင် မုနိလေးဆူ ပေါ်ထွန်းခဲ့ သည်။
========================

၎။ စတုတ္ထအကြိမ်
============
မဟာသက္ကရာဇ် (၁၂၃ ) ခုနှစ် ဝါတော် (၂၀) ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။
မန်းရွှေစက်တော်ခြေတော်ရာများ
=====================
ကိုးကွယ်ရန် ချထားတော်မူခဲ့သည်။

၅။ ပဉ္စမအကြိမ်
===========
မဟာသက္ကရာဇ် (၁၃၆) ခုနှစ်ဝါတော် (၃၃) ဝါ သက်တော် ၆၈ နှစ်တွင် တကောင်းပြည်သို့

Tuesday, June 14, 2016

သမိုင်းထဲက လောက်ကောင်တစ်ယောက် ဒီပဲယင်းဝန်ထောက် ဦးမြဲ ကို ရှာဖွေတွေ့ရှိခြင်း





 မိဖုရားခေါင်းကြီး စုဖုရားလတ် ရတနာ ဂီရှိမှ  ရန်ကုန်သို့ ပြန်လည်ရောက်နေထိုင်စဉ်အတွင်းကပင်  ဒီပဲယင်းဝန်ထောက်ဦးမြဲအပေါ် နာကြဉ်းစွာဖြင့် မိမိတို့ပါတောမူရခြင်းမှ  သူကြောင့် ဖြစ်ကြောင့် မိန့်ဆိုခဲ့သည်။  န၀မမြောက် ဂျီစိဘီအေကွန်ဖရင့် (21-10-1921) သတင်းလေးကို  ဆရာတင်နိုင်တိုးရဲ့ သမိုင်းထဲက သတင်များ စာအုပ်တွင် ဖတ်လိုက်ရတယ်ဗျာ  ယင်းကွန်ဖရင့်တွင် သဘာပတိ ဖတ်ကြားရာတွင် ရဲရဲတောက်မိန့်ခွန်းမှာ  ``မျိုးချစ်မြန်မာတိုင်း နိုင်ငံခြားမှလာ၍  စိုးမိုးအုပ်ချုပ်သောသူကိုကူညီရန်ရှက်ကြောင့်သင့်လေသည်။  သူတစ်ပါးတို့အပ၌ မညှာမတာ ဖိနှိပ်အုပ်စိုးလိုသော ဆန္ဒနှင့်အစဉ်  မပျက်ကြံစည်အားထုတ်လျှက်ရှိကြသော  မျက်နှာဖြူ မျက်နှာမည်းများသည် ကျွန်ုပ်တို့အကူအညီကို မရကြစေရန်များစွာ  အရေးကြီးကြောင်း စသည်ဖြင့်  ပါရှိပါသည်။  သို့သော် ဤ မိန့်ခွန်းကို ပြောကြားခဲ့သည် သဘာပတိမှာ အင်္ဂလိပ်-မြန်မာ  တတိယ စစ်ပွဲဖြစ်ပွားခဲ့ရခြင်း န~ှင့်  သီပေါမင်းနှင့်စုဖုရားလတ်တို့ပါတော်မူရခြင်းအတွက် သံသယရှိခြင်းခံရသူ  ဒီပဲယင်းဝန်ထောက် ဦးမြဲဖြစ်နေသည်မှာ မယုံကြည်နိုင်စရာပင်ဖြစ်သည်။  သူက နိုင်ငံခြားပြန်ပညာတော်သင်တစ်ဦးလည်း ဖြစ်သည့်မို့  အမြင်ကျယ်သည်။ Tennyson Jesse ၏ The Lacquer Lady  ၀တ္ထုစာအုပ်ပါ ပြင်သစ်တို့ထံမှ စာချုပ်မူကြမ်းကို အင်္ဂလိပ်သို့ပေးအပ်ခဲ့သူ  ကင်းဝန်မင်းကြီး၏ စာရေးမောင်ရိုးမှာ အပြင်လောကတွင် ဒီပဲယင်း  ၀န်မင်းဦးမြဲဖြစ်ကြောင်း စွပ်စွဲပြောဆိုကြ၏။ မိဖုရားခေါင်းကြီး စုဖုရားလတ်  ရတနာ ဂီရှိမှ ရန်ကုန်သို့ ပြန်လည်ရောက်နေထိုင်စဉ်အတွင်းကပင်  ဒီပဲယင်းဝန်ထောက်ဦးမြဲအပေါ် နာကြဉ်းစွာဖြင့် မိမိတို့ပါတောမူရခြင်းမှ  သူကြောင့် ဖြစ်ကြောင့် မိန့်ဆိုခဲ့သည်။  ဦးမြဲအပေါ် သံသယရှိမည်ဆိုကလည်း ရှိစရာပင်။ ဦးမြဲသည်  ဗြိတိသျှတို့လက်ထက် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ပင်စင်  လာစာများထုတ်ပေးရာ၌ လစာကျပ် 600 ရရှိသည့်အပြင် အင်္ဂလိပ်  ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများကဲ့သို့ The Honorable U Mye ဟုသုံးနှုန်းခြင်း  ခံခဲ့ရ၏။ ထိုစဉ်က သူ့ထက် ရာထူးများစွာမြင့်သော ကင်းဝန်မင်းကြီးပင် လျှင်  လစာကျပ် ၂၅၀ သာရရှိပါသည်။ န၀မမြောက် ဂျီစီဘီအေကွန်ဖရင့်သို့  အင်္ဂလန်နိုင်ငံ၊ လေဘာပါတီမှ အမတ်ကာနယ်ဝက်ဝုတို့  ဇနီးမောင်နှံ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ ဦးမြဲသည်  အင်္ဂလိပ်လူမျိုး ကာနယ်ဝက်ဝုအား အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုရှင်းလင်းပြပြီး  ဇနီးဖြစ်သူ ပြင်သစ်သူအား ပြင်သစ်ဘာသာဖြင့် ရှင်းလင်းပြောကြားရာများစွာ  အံ့အားသင့်ကြရသည်ဆို၏။  ကဲ အပင်ဖျက်ပိုးက အပင်ကနေ ဖြစ်လာတာပါ။  မြန်မာလူမျိုးဖျက်ပိုးဟာ မြန်မာလူမျိုးထဲမှာ ဖြစ်လာတာပါ။

ဂဠုန်ဦးစော ကြိုးမပေးမခံရမီ သမီးဘေဘီစောကို စာဘယ်လိုရေးပေးခဲ့သလဲ




          ဂဠုန်ဦးစောသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခဲ့သည့်အတွက် သမိုင်းစာမျက်နှာထက်၌ အမည်းစက်တင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ပင် (၈.၅.၁၉၄၈) ရက်နေ့တွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းကို ခံခဲ့ရသည်။
          ဂဠုန်ဦးစောသည် ကြိုးပေးသတ်ဖြတ်ခြင်းမခံရမီ သမီးဖြစ်သူ ဘေဘီစောထံသို့ စာတစ်စောင်ရေးခဲ့သည်။ ထိုစာ၌ ဂဠုန်ဦးစော၏  သံဝေဂတို့ကို တွေ့ရှိရပါလိမ့်မည်။ ထိုစာကား

          သမီး ဘေဘီစော ........
          မည်သူမဆို တစ်သက်တာတွင် မိမိခန္ဓာကိုယ် အတ္တဘောကြီးကို စွန့်ရမြဲဖြစ်ကြောင်း၊ မိမိ၏ ခန္ဓာဟု ဆိုရသော်ငြားလည်း စိုးပိုင်ခြင်း မဖြစ်နိုင်၊ ခန္ဓာငါးပါး ရုပ်နာမ်တရားများ ဖြစ်ကြောင်း။
          ငါ့၏ လင်၊ ငါ၏ ခင်ပွန်း၊ ငါ၏ ဖခင်တို့နှင့် တကွဲတပြားဖြစ်သွားရခြင်းအတွက် ပူပင်သောက မဖြစ်စေလိုပါ။
          မည်သည့်လင်နှင့်မယား၊ အဖ နှင့် သမီးတို့ တစ်ပြိုင်တည်းမသေနိုင်၊ သေလည်း မသေကြ။ တစ်ချိန်တည်းတွ သေရန် စာချုပ်ဆို၍ ရနိုင်သောအကြောင်းလည်းမရှိပါ။ ဓမ္မတာတရားအတိုင်း သေချိန်ကျလျှင် သေရပါသည်။
ဤလမ်းသည် မလွဲသောလမ်းဖြစ်ပါသည်။
          မိမိအဖို့တွင်လည်း ဤကဲ့သို့ ရှောင်လွဲ၍ မရသောကံကြမ္မာပင် ဖန်တီးလာသည်ဟု ထင်မိပါသည်။ စလေဆရာကြီး ဦးပုညသည် မြင်ကွန်း၊ မြင်းခုံတိုင်တို့၏ အရေးတော်ပုံတွင် အရှင်လတ်လတ် အသတ်ခံရဖူးပါသည်။
          `ဟုတ်ပလေ နှုတ်ခြွေဟရမှာဖြင့် ပုဗ္ဗေစထင်ရဲ့လေ´ ဟူသောစာပိုဒ်ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပါသည်။
          ကောသလမင်းကြီးကဲ့သို့ ရွှေနန်းစံဘုရာမင်းတရားပင် ရှေးကံနှိပ်စက်သောအခါ ဇရပ်တစ်ဆောင်တွင် သေခဲ့ရဖူးသော ထုံးလည်းရှိပါသည်။ ဒါကြောင့်မို့ မာမီနှင့်သမီးတို့ တရားနှလုံးသွင်း၍ ဖြေကြစေလိုပါသည်။ သမီးအား ဗုဒ္ဓစာပေကို များများတက်အောင် မာမီက ကြိုးစားသင်ပေးပါ။
          သတ္တ၀ါအားလုံးအပေါ် မေတ္တာထားနိုင်သည့် စိတ်ဓာတ်ရှိမှ နတ်လူသာဓု ခေါ်ပါသည်။
          ထို့ကြောင့်သမီးသည် သစ္စာရှိရမည်။ သီလရှိရမည်။ အကျင့် စာရိတ္ထ ကောင်းရမည်။ `လူမိုက်တစ်သောင်းကဲ့ရဲ့ ရှောင်းလည်း၊ လူလိမ္မာတစ်ယောက်ချီးမွမ်းလျှင် မြောက်သည်´ဟူသောစ ကားကို သတိပြုပါ။ အရေးကြီးဆုံးအဖိုးတန် အမွေတစ်ခုကို ပေးလိုပါသည်။ ထိုအမွေမှာ ` ရတနာသုံးပါးကို ဦးထိပ်ထား၍ ဆည်းကပ်ကိုးကွယ်ပါ´ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးများကို ဆည်းကပ် ကိုးကွယ်ပါ။
          မာမီ၊ ကျွန်တော်အပေါ် မကျေနပ်တာရှိလျှင် သည်းခံပါ၊ မာမီအပေါ်တွင် မကျေနပ်တာရှိလျှင် ခွင့်လွှတ်ပါသည်။ သမီးတစ်သက်တွင် `အသက်သတ်ခြင်း ရှောင်ကြဉ်ပါ´´
          ဒက်ဒီတို့အမျိုးသည် အဖေ့ဘက်က အမျိုး၊ အမေ့ဘက်က အမျိုးဟူ၍ နှစ်ဖက်ရှိကြပါသည်။ ထိုအမျိုးများသည် အလွန်စိတ်ထက်ကြသည်။ စိတ်ကောင်းရှိကြသည်။ စော်ကားလျှင် မခံချင်သောစိတ်ဓာတ် အလွန်အားကြီးကြသည်။ စိတ်ပြင်းလွန်းကြသဖြင့် သူများက တစ်ချက်ရိုက်လျှင် ကိုယ်က အချက် (၂၀) ပြန်ရိုက်ချင်သည်။ သူတစ်ပါးတစ်ချက်ထုလျှင် ကိုယ်က အချက် 50 လောက် ပြန်ထုမှ ကျေနပ်ကြသည်။ လက်စားပြန်မချေရလျှင် တစ်သက်လုံး မမေ့နိုင်ဆိုသလို ရှိခဲ့ကြသည်။
          ``သူများကို သွားမစော်ကားနဲ့၊ စော်ကားလျှင် တစ်ဆင့်တစ်ဆင့်ပြန်ချရမည်ဟု အစဉ်အစိုက် ဒက်ဒီတို့က တစ်မျိုးလုံးကို အမွေပေးခဲ့ကြသည်။ ဒါကြောင့်သည်လိုစော်ကားလိမ့်မည် ထင်တဲ့လူကို အပေါင်းအဖော် မလုပ်ပါနဲ့ ။ ရန်သူလာလျှင် သည်းခံပါ။ သမီးလှူဒါန်းနိုင်သမျှ သံဃာတော်အရှင်မြတ်များအတွက် လှူဒါန်းပါ။ ဤကား ငါ့၏ ချစ်သမီးကို ပေးနိုင်သော အမွေများ ဖြစ်သတည်း။