မိဖုရားခေါင်းကြီး စုဖုရားလတ် ရတနာ ဂီရှိမှ ရန်ကုန်သို့ ပြန်လည်ရောက်နေထိုင်စဉ်အတွင်းကပင် ဒီပဲယင်းဝန်ထောက်ဦးမြဲအပေါ် နာကြဉ်းစွာဖြင့် မိမိတို့ပါတောမူရခြင်းမှ သူကြောင့် ဖြစ်ကြောင့် မိန့်ဆိုခဲ့သည်။ န၀မမြောက် ဂျီစိဘီအေကွန်ဖရင့် (21-10-1921) သတင်းလေးကို ဆရာတင်နိုင်တိုးရဲ့ သမိုင်းထဲက သတင်များ စာအုပ်တွင်
ဖတ်လိုက်ရတယ်ဗျာ ယင်းကွန်ဖရင့်တွင် သဘာပတိ
ဖတ်ကြားရာတွင် ရဲရဲတောက်မိန့်ခွန်းမှာ ``မျိုးချစ်မြန်မာတိုင်း
နိုင်ငံခြားမှလာ၍ စိုးမိုးအုပ်ချုပ်သောသူကိုကူညီရန်ရှက်ကြောင့်သင့်လေသည်။ သူတစ်ပါးတို့အပ၌ မညှာမတာ ဖိနှိပ်အုပ်စိုးလိုသော
ဆန္ဒနှင့်အစဉ် မပျက်ကြံစည်အားထုတ်လျှက်ရှိကြသော မျက်နှာဖြူ မျက်နှာမည်းများသည် ကျွန်ုပ်တို့အကူအညီကို
မရကြစေရန်များစွာ အရေးကြီးကြောင်း စသည်ဖြင့် ပါရှိပါသည်။
သို့သော် ဤ မိန့်ခွန်းကို ပြောကြားခဲ့သည် သဘာပတိမှာ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲဖြစ်ပွားခဲ့ရခြင်း န~ှင့် သီပေါမင်းနှင့်စုဖုရားလတ်တို့ပါတော်မူရခြင်းအတွက်
သံသယရှိခြင်းခံရသူ ဒီပဲယင်းဝန်ထောက် ဦးမြဲဖြစ်နေသည်မှာ
မယုံကြည်နိုင်စရာပင်ဖြစ်သည်။ သူက နိုင်ငံခြားပြန်ပညာတော်သင်တစ်ဦးလည်း
ဖြစ်သည့်မို့ အမြင်ကျယ်သည်။ Tennyson
Jesse ၏ The Lacquer Lady ၀တ္ထုစာအုပ်ပါ ပြင်သစ်တို့ထံမှ
စာချုပ်မူကြမ်းကို အင်္ဂလိပ်သို့ပေးအပ်ခဲ့သူ
ကင်းဝန်မင်းကြီး၏ စာရေးမောင်ရိုးမှာ အပြင်လောကတွင် ဒီပဲယင်း ၀န်မင်းဦးမြဲဖြစ်ကြောင်း စွပ်စွဲပြောဆိုကြ၏။ မိဖုရားခေါင်းကြီး
စုဖုရားလတ် ရတနာ ဂီရှိမှ ရန်ကုန်သို့ ပြန်လည်ရောက်နေထိုင်စဉ်အတွင်းကပင် ဒီပဲယင်းဝန်ထောက်ဦးမြဲအပေါ် နာကြဉ်းစွာဖြင့် မိမိတို့ပါတောမူရခြင်းမှ သူကြောင့် ဖြစ်ကြောင့် မိန့်ဆိုခဲ့သည်။ ဦးမြဲအပေါ် သံသယရှိမည်ဆိုကလည်း ရှိစရာပင်။ ဦးမြဲသည် ဗြိတိသျှတို့လက်ထက် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်
ပင်စင် လာစာများထုတ်ပေးရာ၌ လစာကျပ် 600 ရရှိသည့်အပြင်
အင်္ဂလိပ် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများကဲ့သို့
The Honorable U Mye ဟုသုံးနှုန်းခြင်း ခံခဲ့ရ၏။
ထိုစဉ်က သူ့ထက် ရာထူးများစွာမြင့်သော ကင်းဝန်မင်းကြီးပင် လျှင် လစာကျပ် ၂၅၀ သာရရှိပါသည်။ န၀မမြောက် ဂျီစီဘီအေကွန်ဖရင့်သို့ အင်္ဂလန်နိုင်ငံ၊ လေဘာပါတီမှ အမတ်ကာနယ်ဝက်ဝုတို့ ဇနီးမောင်နှံ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ ဦးမြဲသည် အင်္ဂလိပ်လူမျိုး ကာနယ်ဝက်ဝုအား အင်္ဂလိပ်ဘာသာဖြင့်
ပြောဆိုရှင်းလင်းပြပြီး ဇနီးဖြစ်သူ ပြင်သစ်သူအား
ပြင်သစ်ဘာသာဖြင့် ရှင်းလင်းပြောကြားရာများစွာ
အံ့အားသင့်ကြရသည်ဆို၏။ ကဲ အပင်ဖျက်ပိုးက
အပင်ကနေ ဖြစ်လာတာပါ။ မြန်မာလူမျိုးဖျက်ပိုးဟာ
မြန်မာလူမျိုးထဲမှာ ဖြစ်လာတာပါ။
No comments:
Post a Comment