Saturday, September 12, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဉပုတ်တောရပ်ကွက်၊ အကွက်(၂၃)၊ ၇၅ လမ်းနှင့် ၉လမ်း A ဒေါင့်ရှိ မိဘစျေးဗလီ မူလပုံစံမပျက်အဆောက်အဉီ ပြုပြင်တည်‌ဆောက်အမိန့် ထက် ပိုမိုကျော်လွန် တည်ဆောက်ခြင်း

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဉပုတ်တောရပ်ကွက်၊ အကွက်(၂၃)၊ ၇၅ လမ်းနှင့် ၉လမ်း A ဒေါင့်ရှိ မိဘစျေးဗလီ မူလပုံစံမပျက်အဆောက်အဉီ ပြုပြင်တည်‌ဆောက်အမိန့် ထက် ပိုမိုကျော်လွန် တည်ဆောက်ခြင်း

စက်တင်ဘာလ ၁၁ ရက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဉပုတ်တောရပ်ကွက်၊ အကွက်(၂၃)၊ ၇၅ လမ်းနှင့် ၉လမ်း A ဒေါင့်ရှိ မိဘစျေးဗလီ မူလပုံစံမပျက်အဆောက်အဉီ ပြုပြင်တည်‌ဆောက်အမိန့် ထက် ပိုမိုကျော်လွန် တည်ဆောက်ခြင်းအား ကြားသိရ၍ ဉီးသုစိတ္ထ (အတွင်းရေးမှူး၊ မျိုးချစ်ရဟန်းတော်သမဂ္ဂ)၊ ကိုမင်းမင်း၊ ကိုဟန်မျိုးမွန်တို့အဖွဲ့မှ မိဘစျေးဗလီမှ တာဝန်ရှိသူများနှင့်  သွားရောက်ဆွေးနွေးရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုမိန့်ထက် ပိုမိုကျော်လွန် တည်ဆောက်ထားကြောင်း တွေ့ရှိရပါသည်၊၊

အဆိုပါ ဗလီသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ (၁၅.၁၂.၂၀၂၅) မတိုင်ခင် ခွင့်ပြုချက်မကျသေးခင် ကတည်းက ပြုပြင်တိုးချဲ့ဆောင်ရွက်လျှက်ရှိသည်ကို မန္တလေးမြို့ အမျိုးသားရေးအင်အားစုများမှ သိရှိနေပြီ ဖြစ်ပါသည်၊၊ တကယ်တမ်းစစ်ဆေးသည့်အခါတွင်လည်း မန္တလေးတိုင်းဒေသကြီး ခရိုင်သာသနာရေးမှူး၏ စာအမှတ်၊ ၁၁၈/ခသန အခြား/၀၇/၂၀၂၅ ရက်စွဲ့၊ ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့  ထောက်ခံချက်ပေးပို့ခြင်းစာအရ လည်း အထင်အရှားရှိပါသည်၊၊ တည်ဆောက်ရန် အဆောက်အဉီ Drawing လည်း သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြထားခြင်းမရှိ ကြောင်း တွေ့ရှိရပါသည်၊၊ ထို့ကဲ့သို့ ဉပဒေမဲ့ ဆောင်ရွက်ချက်များကိုလည်း အထက်အဆင့်ဆင့် သိရှိ နိုင်ရန် မိမိတို့ မန္တ‌လေးမြို့ခံ အမျိုးသားရေးအင်အားစုများမှ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း တင်ပြပါသည်၊၊

ဟန်မွန်

မပြုပြင် မတိုးချဲ့မီ မူလပုံစံ
ခရိုင်သာသနာရေးမှူးထောက်ခံချက်


မူလပုံထက် ပိုမိုတိုးချဲ့ ဆောင်ရွက်ထားရှိပုံ