Monday, April 28, 2014

2015 တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရဖို့ သင်တို့တွင် တာဝန်ရှိသည်။






လူလောကတွင် လူတို့သည် ပုဆိုးထမိန်ကျွတ်ခြင်းကို ရှက်ဖွယ်ဟု မှတ်ယူကြပြီး

ငါးပါသီလမမြဲခြင်းကို ရှက်ဖွယ်လို့ မယူဆသရွေ့ လူတို့၏ အမြင်တွင် တစ်ခါတစ်လေ့

တိရိစ္ဆာန်အမြင် ရှိနေတတ်သည်မှာ အံသြစရာမရှိပါ။

လူလောက မငြိမ်းချမ်းခြင်းမှာ 

လူမိုက်များခြင်းကြောင့်သာ

အရေအတွက်အားဖြင့် လူလောကတွင် လူမိုက်များပြီး လူလိမ္မာ နည်းခြင်းကြောင့်
လောကတွင် စီမံခန့်ခွဲမှု အ၇ာအားလုံးတော်တော်များများကို လူမိုက်တွေ အုပ်စီးထားသော ကြောင့်
လောက မငြိမ်းချမ်းခြင်းဖြစ်ပါသည်။
ထို့ကြောင့် လောက သည် ဘယ်တော့မှာ အေးချမ်းမည်မဟုတ်ပါ။
ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ချင်ရင်
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ချင်ရင် တော့ စီမံခန့်ခွဲမှု အရာအားလုံးနေရာတွင် လူလိမ္မာများ အုပ်စီးရန်လိုအပ်ပါသည်။
လူလိမ္မာပညာရှိ (အနည်းဆုံး ငါးပါးသီလလုံခြုံသူ) လက်ထဲတွင် မြန်မာနိုင်ငံ၏ ထိပ်တန်းစီမံခန့်ခွဲမှုအားလုံးရှိမှာ
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပါလိမ့်မယ်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရဖို့အတွက် ၂၀၁၅တွင် ငါးပါးသီလလုံခြုံသူ (လူလိမ္မာပညာရှိ)အား ပြည်သူတို့အနေနဲ့ သမ္မတဖြစ်နိုင်ရန်အတွက် စွမ်းဆောင်ပေးသင့်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ဟန်မျိုးမွန် (ငြိမ်းချမ်းရေးကို လိုလားသူ)

Monday, April 14, 2014

ဗုဒ္ဓတရားတော်များကို ကိုယ်တိုင်လည်း ကျင့်သုံးသလို သူတစ်ပါးနားလည်အောင်လည်း ပြန်လည်ဖြန့်ဝေပေးဖို့ ဗုဒ္ဓဘာသာဝင်တို့အတွက် အချိန်တန်လေပြီ

တစ်ချိန်က ဂန္ဓာရတိုင်းခေါ် ယနေ့ ပါကစ္စတန်၊ အာဖဂန်နစ်စတန်၊ တာကစ္စတန်

၊ ယောနကတိုင်းခေါ် တူရကီ နှင့် ဂရိနိုင်ငံများအထိ

ဗုဒ္ဓသာသနာတော်ကြီး၏ ရောင်ဝါသည် ထွန်းလင်းတောက်ပခဲ့သော်လည်း

ယနေ့အချိန်အခါတွင်

အဆိုပါဒေသများ၌ ပျောက်ကွယ်သွားခဲ့လေပြီ။ မြတ်ဗုဒ္ဓသာသနာ၏ ပေါ်ထွန်းရာမြေ

အဖြစ် အသိမှတ်ပြုထားကြသည့် ယနေ့ အိန္ဒိပြည်ကြီး၌ပင်

ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ရာချီ၍ပင်ရှိခဲ့လေပြီ

။ ယင်းကဲ့သို့ ဗုဒ္ဓသာသနာတော်ကြီး ကွယ်ပသွားခဲ့ရခြင်းတွင် အခြားဘာသာဝင်တို့၏

ကြီးစိုးလွမ်းမိုးလာမှုတို့နှင့် ခေတ်အလိုက် အုပ်ချုပ်သူ အစိုးရမင်းတို့၏

သာသနာပြုပုဂ္ဂိုလ်များအပေါ်တွင် ဖိနှိပ်မှုများကြောင့်ဟု ဆိုနိုင်သော်လည်း သာသနာပြု

ရဟန်းသံဃာတော်များ၏ လုပ်ဆောင်ချက် အားနည်းမှုများမှာလည်း

အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို မေ့ထား၍ မရနိုင်ပေ။

သာသနာသက်တမ်း နှစ်ငါးထောင်အနက် ယခုအခါတွင် သက်တမ်း

ထက်ဝက်ကျော်လာခဲ့ပြီဖြစ်သော်လည်း ဗုဒ္ဓဘာသာပေါ်ထွန်းခဲ့ရာ အိန္ဒိယမြေပေါ်တွင်

သာသနာနှစ် ငါးရာကျော်ခန့်မှစ၍ သီလ သမာဓိနှင့် ပြည်စုံကြသည့်

ရဟန်းကောင်းများ ရှားပါးလာပြီး ဒုဿီလ ရဟန်းဆိုးတို့၏ လွှမ်းမိုးမှုများဖြစ်လာခဲ့သည်။

သီလ သမာဓိနှင့် ပြည်စုံတော်မူကြသည့် ရဟန်းကောင်းတို့၏ အရေတွက်မှာ

နည်းပါးသလောက် ၄င်းတို့၏ မိမိတရားကိုသာ မိမိတို့ဘာသာ ကျင့်သုံးနေကြပြီး

ပတ်ဝန်းကျင်ကို လျစ်လျူရှုမှုတို့ကြောင့် သာမန်လူအသိုင်းအ၀ိုင်းကို မစည်းရုံးနိုင်သလို

တရားတော် အစစ်အမှန်များ ထိုသာမန်လူအသိုင်းအ၀ိုင်းအတွင်း

ထိုးဖောက်ဝင်ရောက်အောင် လုပ်ဆောင်နိုင်မှု အင်အားမှာလည်း နည်းပါးလာသည်။

ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုက လူအသိုင်းအ၀ိုင်းအတွင်း ထိုးဖောက်နိုင်အောင်

မစွမ်းဆောင်နိုင်ခဲ့သော်လည်းကောင်း အခြားဘာသာယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို

ခံထားရသော်လည်းကောင်း ဘာသာ လူမျိုးတစ်ခု၏ ရေရှည်ရပ်တည်နိုင်ရေးမှာ

မဖြစ်နိုင်ပေ။ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်ကြီးတွင် ပေါ်ထွန်းခဲ့သည် မှန်သော်လည်း

ဗုဒ္ဓဘာသာ၏ လူမှုဆက်ဆံရေး ယဉ်ကျေးမှုများမှာ ဟိန္ဒူဘာသာ၏လွှမ်းမိုးမှုကို

မကျော်လွှားနိုင်ခဲ့ပေ။ ယင်းကဲ့သို့ ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုများကို

ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုအဖြစ် ရပ်တည်ပြီး မကျင့်သုံး

မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုများသည်

ဟိန္ဒူဘာသာဝင်တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံတို့အကြား၌

လွယ်ကူစွာ ရောနှော ပြောက်ကွယ်သွားခဲ့ရလေသည်။

ထို့ကြောင့် ရဟန်းတော်များအနေဖြင့်လည်း ဗုဒ္ဓတရားတော်များကို ကိုယ်တိုင်လည်း

ကျင့်သုံးသကဲ့သို့ လူတွေ ဒကာ ဒကာမများကိုလည်း သိနားလည်ရန် အထူးပင်

အားစိုက်သင့်လှပေသည်။

လူတွေ ဒကာ ဒကာမများအနေနဲ့လည်း ဗုဒ္ဓတရားတော်များကို ကိုယ်တိုင် ကျင့်သုံးလိုက်နာယုံမျှမက မိမိတို့၏ နောက်မျိုးဆက်များကို ပြန်လည်ဖြန့်ဝေပေးရန် တာဝန်ရှိလှပါသည်။

အဲဒါမှာလည်း ဗုဒ္ဓသာသနာကို သာသနာပြုရာ ရောက်ပေသည်။