Monday, April 28, 2014

2015 တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရဖို့ သင်တို့တွင် တာဝန်ရှိသည်။






လူလောကတွင် လူတို့သည် ပုဆိုးထမိန်ကျွတ်ခြင်းကို ရှက်ဖွယ်ဟု မှတ်ယူကြပြီး

ငါးပါသီလမမြဲခြင်းကို ရှက်ဖွယ်လို့ မယူဆသရွေ့ လူတို့၏ အမြင်တွင် တစ်ခါတစ်လေ့

တိရိစ္ဆာန်အမြင် ရှိနေတတ်သည်မှာ အံသြစရာမရှိပါ။

လူလောက မငြိမ်းချမ်းခြင်းမှာ 

လူမိုက်များခြင်းကြောင့်သာ

အရေအတွက်အားဖြင့် လူလောကတွင် လူမိုက်များပြီး လူလိမ္မာ နည်းခြင်းကြောင့်
လောကတွင် စီမံခန့်ခွဲမှု အ၇ာအားလုံးတော်တော်များများကို လူမိုက်တွေ အုပ်စီးထားသော ကြောင့်
လောက မငြိမ်းချမ်းခြင်းဖြစ်ပါသည်။
ထို့ကြောင့် လောက သည် ဘယ်တော့မှာ အေးချမ်းမည်မဟုတ်ပါ။
ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ချင်ရင်
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ချင်ရင် တော့ စီမံခန့်ခွဲမှု အရာအားလုံးနေရာတွင် လူလိမ္မာများ အုပ်စီးရန်လိုအပ်ပါသည်။
လူလိမ္မာပညာရှိ (အနည်းဆုံး ငါးပါးသီလလုံခြုံသူ) လက်ထဲတွင် မြန်မာနိုင်ငံ၏ ထိပ်တန်းစီမံခန့်ခွဲမှုအားလုံးရှိမှာ
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပါလိမ့်မယ်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရဖို့အတွက် ၂၀၁၅တွင် ငါးပါးသီလလုံခြုံသူ (လူလိမ္မာပညာရှိ)အား ပြည်သူတို့အနေနဲ့ သမ္မတဖြစ်နိုင်ရန်အတွက် စွမ်းဆောင်ပေးသင့်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ဟန်မျိုးမွန် (ငြိမ်းချမ်းရေးကို လိုလားသူ)

No comments:

Post a Comment