Friday, September 27, 2019

မြန်မာ တွေ စည်းလုံးညီညွှတ်သင့်ပါပြီ


ခေတ်တွေကို ပြန်လှန် ကြည့်ရရင် မြန်မာတို့သည် သမိုင်းတလျှောက်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံသား အဖြစ်နှင့်သာ လူဖြစ်ခဲ့ကြရသည်။

ကမ္ဘာ့သမိုင်းကို ခြုံပြီး ကြည့်တတ်သော မျက်စိဖြင့် ကြည့်လျှင် မြန်မာတို့သည် စည်းလုံးညီညွှတ်မှုသည် မကြာခဏ ပြိုကွဲပျက်စီးခဲ့ရသည်ကို အခြားအခြားသော ဧကရာဇ် ပဒေသရာဇ် နိုင်ငံများနည်းတူ တွေ့ရလိမ့်မယ်။

ပုဂံပြည်ကြီးကို တရုတ်တို့ ထိပါး နှောင့်ယှက်သဖြင့် မြန်မာတို့သည် ဖရိုဖရဲ ပြိုကွဲပျက်စီးသော ဒဏ်ကို ခံခဲ့ကြရဖူးသည်။

စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ၊မြင်စိုင်း ဟူသာ မြန်မာအချင်းချင်း အဏာလုပွဲကြီးများကြောင့် အမျိုးသားရေးစည်းလုံးညီညွှတ်ရေး ပျက်ပြားသော ဒဏ်ကိုလည်း ခံခဲ့ရသည်။

မြန်မာတို့သည် ဘယ်လိုပဲ မညီညွှတ်စေကာမူ အချင်းချင်းပြန်လည်ညီညွှတ်မှု ပြန်လည်ရယူနိုင်ပြီး မြန်မာတည်းဟူသော ပညတ် မပျောက်ရလေအောင် အားထုတ်ခဲ့ကြသည်မှာ သမိုင်း၌ အထင်အရှားတွေ့နိုင်ပါသည်။

မြန်မာတွေ အချင်းချင်းစည်းလုံးညီညွှတ်မှုရှိတဲ့အချိန်တွင် ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ် အောင်နိုင်ခဲ့သည်သာ

ထို့ကြောင့် မြန်မာတွေ အချင်းချင်းစည်းလုံးညီညွှတ်မှုရှိနေခြင်းကို အိမ်နီးချင်းနိုင်ငံများအပါအ၀င် ဘယ်နိုင်ငံမှာ မနှစ်မျို့ပါ။

ထို့အချက်ကို မလိုးလား၍ ခောတ်အဆက်ဆက် မြန်မာ့တွေ စည်းလုံးမှုမရှိစေရန် သွေးကွဲစေရန် သွေးထိုးခဲ့သည်ကို သမိုင်းကို လေ့လာသူတိုင်း သိရှိပေလိမ့်မည်။

          မြန်မာနိုင်ငံကို နယ်ချဲ့အလံကို ပထမဆုံး စိုက်ထူသူမှာ ပေါ်တူဂီတို့ပင်ဖြစ်သည်။ ခရစ်နှစ် ၁၅၁၁ မှစ၍ ပေါ်တူဂီတို့သည် မြန်မာမင်းတို့ နဲ့ဆက်ဆံခဲ့ကြသည်။

          ၁၆ ရာစုအလယ်လောက်တွင် ပေါ်တူဂီတို့သည် ယိုးဒယားဘုရင်၊ ပဲခူးဘုရင်၊ တောင်ငူဘုရင်၊ အင်းဝဘုရင်၊ ရခိုင်ဘုရင် စသည့်တို့၏ လက်အောက်တွင် အမှုထမ်းခဲ့ကြသည်။ အချိန်တိုင်းတွင်လည်း အချင်းချင်းမတည့်အောင် သွေးထိုး ဂုံးချောနေသည်ကိုလည်း သမိုင်းမှတ်တမ်းများအရ သိရသည်။

          မြန်မာ့တွေ အချင်းချင်း မတည့်အောင်လုပ်ပြီး မြန်မာနိုင်ငံရဲ့ ရတနာတွေကို ခိုးထုတ်သည် လုယူသည့်မှာလည်း ပေါ်တူဂီတို့ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တပင်ရွှေထီးမင်းကိုလည်း အရက်နဲ့ ဖျက်စီးခဲ့သည်မှာလည်း ပေါ်တူဂီတို့ပင်ဖြစ်သည်။

                   တောင်ငူဘုရင် နတ်ရှင်နောင်ကိုလည်း ပေါ်တူဂီလူမျိုး ဖစ်လစ်ဒီဗရီတို ဖျက်စီးပြီး မြန်မာ့အရေးကို ၀င်ရောက်နှောင့်ယှက်ခဲ့ကြသည်။

                   သို့ပေမယ့်  ခရစ်နှစ် ၁၆၁၃ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကြီးက ငဇင်ကာကို သန်လျှင် မြို့တွင် ကားစင်တင်ပြီး သတ်ဖြတ်ခဲ့ပြီး နယ်ချဲ့ပယောဂ ရန်ကို ဖယ်ရှားပေးခဲ့ပြန်သည်။

                   ပေါ်တူဂီရန်ကင်းဝေပေးမယ့် အင်္ဂလိပ်၊ ပြင်သစ်တို့ က မြန်မာတွေကို နယ်ချဲ့ဖို့ ကြိုးစားပြန်လေသည်။

                   ခရစ်နှစ် 1824 တွင် အင်္ဂလိပ်တို့ စစ်ပွဲကို ဖန်တီးပြီး မြန်မာနိုင်ငံကို ကျူးကျော်ပြီး မြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ခဲ့ပါသည်။

                   မြန်မာတို့သည် ယခင်က သူတစ်ပါး လွှမ်းမိုးခြင်းခံခဲ့ရသည်ဆိုသည်မှာ  လူမျိုးချင်း သွေးသားတော်စပ်သူတို့၏ လွှမ်းမိုးခြင်းကိုသာခံခဲ့ရဖူးသည်။

ထို့အထက်ပါအချက်များကို ကြည့်၍ အမျိုးသားရေးသမားများအနေနဲ့သတိထားရမည်အချက်မှာ ရန်သူများသည် ကျားငစဉ်းလဲလို့ မိမိတို့၏ စည်းလုံးမှုကို ဖျက်စီးရန် အမြဲတမ်းကြံစည်နေသည့်အချက်ပင်ဖြစ်သည်။

ဟန် မွန်

Tuesday, September 24, 2019

တစ်နိုင်ငံလုံး လိုအပ်ရဟန်းကို လေ့လာခြင်း




          မြန်မာနိုင်ငံမှာ မြို့ပေါင်း ၄၄၂ မြို့၊ ရပ်ကွက်ပေါင်း ၃၁၈၃ ကွက်၊ ကျေးရွာပေါင်း ၆၃၈၆၀ ရှိပါတယ်။ ရပ်ကွက် တစ်ခုကို ဘုန်းကြီးကျောင်း ၅ ကျောင်းခန်းနှင့်တွက်ရင် 15915 ကျောင်း၊ ရွာပေါင်း  63860 အတွက် တစ်ရွာတစ်ကျောင်းနှင့် (63860) ကျောင်း စုစုပေါင်း (79775)ကျောင်း ခန့် လိုအပ်ပါမည်။ ထိုကျောင်းအရေအတွက်အရ ရှိသင့် ရဟန်းအရေအတွက်ကို ခန့်မှန်းတွက်ချက် တင်ပြရလျှု

၁။       ကျောင်းထိုင်                        79975 ပါး

၂။       စာချ                                 10000 ပါး

၃။       တရားပြ                                       5000 ပါး

၎။       စာသင်သားရဟန်း                 40000 ပါး

၅။       ကိုရင်                                5000 ပါး

၆။       တောထွက်                          20000 ပါး

၇။       စုစုပေါင်း                            204975  ပါး အများဆုံး လိုအပ်ပါမည် ။

လက်ရှိမှာ ရဟန်းအင်အား 216887 ပါး ရှိပြီး သာသနာ့ဝန်ထမ်း အရေအတွက် 359768 ပါးရှိတဲ့အတွက် လက်ရှိ သာသနာ့ဝန်ထမ်းအင်အားက တစ်သိန်းကျော်ခန့် ပိုနေတာ တွေ့ရပါမည်။

ရှမ်းပြည်နယ် ဘာသာရေး သုံးသပ်ချက်



ယနေ့ ရှမ်းပြည်နယ်တွင် လူဦးရေ ၅၈၂၄၄၃၂ (ငါးသန်းရှစ်သိန်းနှစ်သောင်းလေးထောင်လေးရာသုံးဆယ့်နှစ်ယောက်) ယောက်ရှိပါသည်။ ခရစ်ယာန်ဘာသာ ၀င် ၅၇၀၀၀၀ (ငါးသိန်း ခုနှစ်သောင်းကျော်) အစ္စလာမ်ဘာသာဝင် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိပါသည်။
ခရစ်ယာန် ချာခ်ျကျောင်း ၄၈၅ ကျောင်း တရားဟော ဆရာ ၉၀၀ ကျော်
အစ္စလာမ် ဗလီ ၈၅ လုံး ဘာသာရေးဆရာ ၁၀၀ ကျော်                         
မြို့နယ်အလိုက် ဘာသာရေး
          နံပါတ်၁ (မိုင်းဖြတ်မြို့နယ် လူဦးရေ ၃၀၅၅၆ သာရှိပါသည်။ ဘုန်းကြီးကျောင်း ၄၉ ကျောင်းရှိပြီး ခရစ်ယာန် ချာခ်ျကျောင်းက ၈၀ ကျောင်းရှိပါသည်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာ ကျဆုံးနေပါပြီ ဖြစ်သည်။)
          နံပါတ် ၂ ( ကျိုင်းတုံမြို့နယ် တွင် လူဦးရေ ၁၇၁၂၆၀ ဦးရှိပါသည်။ ဘုန်းကြီးကျောင်း ၃၁၅ ကျောင်း၊ သီလရှင်ကျောင်း၊ ဗလီ ၂ လုံး ၊ ခရစ်ယာန်ချာခ်ျကျောင်း ၁၅၂ ကျောင်း ရှိတာ တွေ့ရပါသည်။ ရှမ်းပြည်နယ်တွင် ခရစ်ယာန် ချာခ်ျကျောင်း အများဆုံးဖြစ်ပါသည်။ )
          နံပါတ် ၃ ( တာချီလိတ်မြို့မှာ လူဦးရေ ၁၄၈၀၂၁ ယောက်ရှိပါသည်။ ဘုန်းကြီးကျောင်း ၁၁ ကျောင်းသာရှိပြီ ခရစ်ယာန် ချာခ်ျကျောင်း ၁၀၉ ကျောင်း၊ ဗလီ (၁)လုံး ရှိပါသည်။ )
          နံပါတ် ၄ ( မိုင်းပျဉ်မြို့မှာ လူဦးရေ ၅၄၁၄၉ ယောက်ရှိပါသည်။ ဘုန်းကြီးကျောင်း ၁၁၅ ကျောင်း၊ ချာခ်ျကျောင်း ၃၈ ကျောင်း နှင့် ဗလီ ၂ လုံးရှိပါသည်။ )
          နံပါတ် ၅ (မိုင်းခတ်မှာ လူဦးရေ ၄၄၅၂၈ ရှိသည်။ ဘုန်းကြီးကျောင်း ချာခ်ျကျောင်း ၂၀ ကျောင်းရှိပါသည်။ )
          နံပါတ် ၆ (မိုင်းတုံမြို့နယ်ကလည်း လူဦးရေ ၂၁၉၉၄ ရှိပါသည် ဘုန်းကြီးကျောင်း ၃၈ ကျောင်း ချာခ်ျကျောင်း ၂၇ ကျောင်း၊ )
          နံပါတ်၇ (လွိုင်လင်မြို့တွင် လူဦးရေ ၅၀၀၀၀ ကျောင်ရှိပါသည်။ ဘုန်းကြီးကျောင်း ၄၂ ကျောင်း သီလရှင်ကျောင်း ၂ ကျောင်း၊ ဗ လီ (၉)လုံး၊ ဘာသာရေးကျောင်း၊ ၁ ကျောင်း၊ချာခ်ျကျောင်း ၇ ကျောင်း၊ ဟိန္ဒူဘုရားကျောင်း ၃၅ ကျောင်း၊ ရှိပါသည်။ ရှမ်းမြောက်မှာတော့ ဘာသာခြားလွှမ်းမိုးမှု အများဆုံးဒေသဖြစ်လို့ အခြားဒေသထက် ပိုမို အားထုတ်ရပေမည်။)
          နံပါတ် ၈ ( နောင်ချိုမြို့တွင် လူဦးရေ ၁၄၉၀၀၀ ကျော်ရှိပါသည်။ ဘုန်းကြီးကျောင်း ၁၂၇ ကျောင်း၊ သီလရှင်ကျောင်း ၂၆  ကျောင်း၊ ဗလီ ၃ လုံး၊ ဘာသာရေးကျောင်း ၂ ကျောင်း၊ ချာခ်ျကျောင်း ၁၀ ကျောင်း၊ ဟိန္ဒူကျောင်း ၃၅ ကျောင်း အသီးသီးရှိပါသည်။ ရှမ်းမြောက်မှာတော့ ဘာသာခြားလွှမ်းမိုးမှု အများဆုံးဒေသဖြစ်လို့ တခြားဒေသတွေထက် ပိုအလုပ်လုပ်ရမှာပါ)
          နံပါတ် ၉(တန့်ယန်းမြို့မှာ လူဦးရေ ၃၂၃၀၀ ကျော်ရှိပါသည်။ ဘုန်းကြီးကျောင်း ၁၉၅ ကျောင်း၊ သီလရှင်ကျောင်း ၆ ကျောင်း၊ ဗလီ (၃)လုံး၊ ဘာသာရေးကျောင်း ၅ ကျောင်း၊ ချာခ်ျကျောင်း ၃၂ ကျောင်း၊ ဟိန္ဒူ ကျောင်း ၇ ကျောင်း ရှိပါသည် ။ )
          နံပါတ် ၁၀ ( လာရှိုးမြို့မှာ လူဦးရေ ၃၂၃၀၀၀ ကျော်ရှိပါသည်။ ဘုန်းကြီးကျောင်း ၁၉၅ ကျောင်း၊ သီလရှင်ကျောင်း ၆ ကျောင်း၊ ဗလီ ၃ လုံး၊ ဘာသာရေးကျောင်း ၅ ကျောင်း၊ ချာခ်ျကျောင်း ၃၂ ကျောင်း၊ ဟိန္ဒူကျောင်း ၇ ကျောင်း ရှိပါသည်။)
          နံပါတ် ၁၁ (တောင်ကြီးမြို့မှာ လူဦးရေ ၃၈၀၀၀၀ ကျော်ရှိပါသည်။ ဘုန်းကြီးကျောင်း ၂၉၅ ကျောင်း၊ သီလရှင်ကျောင်း ၂၂ ကျောင်း၊ ဗလီ ၆ လုံး၊  ဘာသာရေးကျောင်း (၃)ကျောင်း၊ ချာခ်ျကျောင်း ၁၃ ကျောင်း၊   ဟိန္ဒူကျောင်း ၉ ကျောင်း ရှိပါသည်။ )
          အထက်ပါ ၁၁ မြို့ မှာ ရှမ်းပြည်နယ်တွင် ဘာသာခြားအများဆုံးဒေသဖြစ်သည့်အလျောက် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ပေါင်းစည်းပြီး သာသနာပြုရမည်ဖြစ်သည်။
         
          (ရှမ်းပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် လျော့ပါးလာခြင်းအကြောင်းအရင်း)
          ရှမ်းပြည်နယ်သည် အချိန်ကြာမြင့်စွာ စစ်ဘေးဒဏ်ခံနေရပြီး ယနေ့အထိ စစ်ဘေးသင့်ဒေသ ဖြစ်နေပါသည်။ စစ်ဘေးကြောင့် စစ်ဘေးဒုက္ခသည်များစွာရှိနေပါသည်။ ကျွန်တော်တို့တွေ စစ်ဘေးဒဏ် တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေကို လျစ်လျူထားကြာတော့ ဘာသာခြားတွေက စိတ်ကြိုက်ချယ်လှယ် သာသနာပြုနေပါသည်။ အထူးသဖြင့် လီဆူး စစ်ဘေးရှောင်များကို ဘာသာခြားတွေက အရှိန်အဟုန်မြင့် သာသနာပြုနေတာ တွေ့ရပါသည်။
          2017 ခုနှစ် မတ်လမှာ ခရစ်ယာန်လူမှုစောင့်ရှောက်ရေးအဖွဲ့က မန်တုံဒေသ ပလောင်ကလေး ၄၉ ယောက်ကို မိဘများထံက တောင်းယူလာပြီး ကျောင်းထားပေးရန်၊ ကျွေးမွေးစောင့်ရှောင်ရန် ခေါ်ယူသွားခဲ့သည်။ ဒီလိုခေါ်ယူသွားခြင်းမှာ ဒေသမှာ စစ်ပွဲများဖြစ်ပြီး မူးယစ်ဆေးပေါများလို့ ဒေသခံများ စီးပွားရေး၊ လူမှုရေး အဆင်မပြေဖြစ်မှုကြောင့် မိမိတို့သားသမီးများကို ဗုဒ္ဓဘာသာဝင်များက စောင့်ရှောက်ပေးမှု မရှိလို့ ဘာသာခြားတွေက ခေါ်ယူသွားခြင်း ဖြစ်ပါသည်။ မန်တုံဒေသခံတွေက ပြောနေတာက စစ်ဖြစ်လို့ ကျွန်တော်တို့တွေ ဘာသာပြောင်းနေရပြီလို့ ဆိုကြပါသည်။

ရန်ကုန်ကို သိမ်းပြီးနောက်ပိုင်း မြန်မာ-ဂျပန် စာချုပ်


ရန်ကုန်မြို့ကို ဂျပန်သိမ်းပိုက်ပြီးနောက် ၁၉၄၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဂျပန်စစ်ဗိုလ်ကြီး ဗိုလ်မိုးကြိုး၏ လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာချက်အဆိုအရ မြန်မာကိုယ်စားလှယ်များနှင့် ဂျပန်အုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားလှယ်များသည် ဆွေးနွေးတိုင်ပင်ပြီးနောက် အောက်ပါအချက်များကို သဘောတူညီခဲ့ကြပါသည်။
၁။       မြန်မာနိုင်ငံမှ ရေနံ၊ သစ်တော၊ သတ္တုအစရှိသော သဘာဝပစ္စည်းများနှင့် စပ်လျဉ်း၍ ရရှိသည့်   အခွန်တော်ဟူသမျှကို (၁၀)နှစ်ကာလအတွင်း ဂျပန်က ကောက်ယူရေး။
၂။       ဂျပန်ကုန်ပစ္စည်းများနှင့် ယိုးဒယားကုန်ပစ္စည်းများသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ အခွန်အကောက်မရှိဘဲ တင်သွင်းနိုင်စေရမည်။ ထိုကာလအတွင်း အကောက်တော်ဌာနကို ဂျပန်က အုပ်ချုပ်မည်။
၃။       မြန်မာနိုင်ငံအတွင်း၌ ကျဆုံးသွားသော ဂျပန်တစ်ဦးအတွက် မြန်မာက လျော်ကြေး ၃၀၀၀ ကျပ် ပေးလျော်ရမည်။
၎။       မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသော နိုင်ငံခြားသားပိုင်ပစ္စည်းများကို သိမ်းယူမည်။
၅။       မည်သည့်နိုင်ငံခြားသမျှ မြန်မာနိုင်ငံအတွင်းသို့ ကုန်လမ်းဖြစ်စေ၊ ရေလမ်းဖြစ်စေ မ၀င်ရောက်စေရ။
၆။       တစ်နှစ်လျှင် မြန်မာလူမျိုးပညာတော်သင် ၁၀၀၀ စီ ဂျပန်နိုင်ငံသို့ စေလွှတ်၍ ပညာသင်ကြား စေရမည်။
၇။       မြန်မာနိုင်ငံသည် မည်သည့်နိုင်ငံနှင့်အမျှ ကူးသန်းရောင်းဝယ်ရေးစာချုပ် မချုပ်ဆိုရ။
၈။       အာရှစစ်ပွဲကြီးမပြီးသေးသမျှ ကာလပတ်လုံး စစ်ဆင်မှုအတွက် လိုအပ်သော လက်နက်ခဲယမ်းမီး ကျောက်များကို ဂျပန်က ထောက်ပံ့ပေးရမည်။
၉။       အာရှစစ်ပွဲကြီးမပြီးသေးသမျှ ကာလပတ်လုံး ဂျပန်လက်နက်ကိုင်တပ်သားများကို မြန်မာများက ကျွေးမွေးထားရမည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်တို့ တိုင်းရင်းသားအပေါ် လွတ်လပ်ရေး မရခင် သဘောထားမှတ်ချက်


မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်တို့ကတော့ တောင်တန်းဒေသတွေကို မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေးရစေလိုတဲ့ ဆန္ဒရှိကြပါသည်။ 1946 ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ ရွှေတိဂုံစေတီ အလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလအဖွဲ့ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှာ ဒီဒုတ်ဦးဘချို တင်သွင်းတဲ့ ``တိုင်းရင်းသား လူနည်းစုအရေး´´ အဆိုမှာ -
          ``လွတ်လပ်တဲ့ ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်းသားလူနည်းစု၊ လူများစု၊ အားလုံးသဘောတူတဲ့နည်းနှင့် လွတ်လပ်စွာ တည်ထောင်ရန် ကျွန်တော်တို့က သဘောတူကြောင်း ကတိပေးပါတယ်´´ ဆိုပြီး တိုင်းရင်းသား လူနည်းစုတွေနှင့်အတူ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ထောင်ဖွဲ့စည်းလိုတာ အတိအလင်းဖော်ပြထားပါသည်။
          ဗိုလ်ချုပ်အောင်ဆန်းကလည်း လန်ဒန်ဆွေးနွေးပွဲမှာ  တောင်တန်းဒေသတွေကို မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေးပေးရန် ဘုရင်ခံရဲ့ အမှုဆောင်(၀န်ကြီး)အဖွဲ့မှာ တောင်တန်းဒေသက ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပေးဖို့ အရေးဆိုထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရေးဆိုမှုကြောင့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုတဲ့အခါမှာ ဗြိတိသျှအစိုးရနှင့် မြန်မာကိုယ်စားလှယ်တွေဟာ နယ်ခြားဒေသတွေနှင့်ဝန်ကြီးတွေ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို အဲဒီဒေသတွေမှာ နေထိုင်သူတွေရဲ့ လွတ်လပ်တဲ့ သဘောတူညီချက်နဲ့ ဆောလျင်စွာ ပေါင်းစည်းရေးကို လိုလားတယ်ဆိုတဲ့အချက် ပါဝင်ခဲ့ပါသည်။
          အောင်ဆန်း-အက်တလီစာချုပ်အရ ၀န်ကြီးအဖွဲ့ အုပ်ချုပ်တဲ့ မြန်မာပြည်မနှင့် နယ်ခြားဒေသကို ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး အဲဒီဒေသတွေမှာ နေထိုင်တဲ့သူတွေက မိမိတို့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ရေးအတွက် အထူးညီလာခံကျင်းပရန်နှင့် မြန်မာပြည်နှင့် နယ်ချဲ့ဒေသပေါင်းစည်းနိုင်ဖို့ အကောင်းဆုံးသော နည်းစနစ်ရှာဖွေနိုင်ဖို့ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စတွေကို ဗြိတိသျှအစိုးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို သဘောတူညီမှု ရခဲ့ပါတယ်လို့ ဆိုပါတယ်။
          1947 ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်တွေဟာ ပင်လုံညီလာခံသို့ တက်ရောက်ပြီး မြန်မာပြည်မနှင့်ပေါင်းစည်းရေးနှင့် ပတ်သက်ပြိး တောင်တန်းဒေသတွေရဲ့ ဆန္ဒသဘောထားကို ရယူခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျင်းပတဲ့ ညီလာခံမှာ ရှမ်း၊ ကချင် နှင့် ချင်းတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပူးပေါင်းပါဝင်ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါသည်။ ဒါပေမဲ့ ရှမ်းနှင့်ကချင်တို့က ပြည်နယ်အလိုရှိတာ အတိအလင်း တောင်းဆိုခဲ့ကြပါသည်။ ချင်းတိုင်းရင်းသားတို့က အထူးခရိုင် ဒါမှမဟုတ် အထူးတိုင်းအဖြစ် သတ်မှတ်ပေးဖို့ တင်ပြကြပါတယ်လို့ ဆိုပါသည်။
          အဲဒီလိုနဲ့ ပင်လုံညီလာခံကျင်းပပြီးတဲ့နောက်ပိုင်းမှာ ရီး(စ်)ဗီလျံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ တောင်တန်းစုံစမ်းရေးအဖွဲ့ဟာ သူတို့ရဲ့ သဘောထားကို စုံစမ်းလေ့လာခဲ့ပါသည်။ အဲဒီနောက် တောင်တန်းဒေသ စုံးစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ၁၉၄၇ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ကြပါသည်။ အဲဒီလို အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် တည်ထောင်ရန်၊ ရှမ်းပြည်နှင့်ကချင်တောင်တန်းတွေဟာ ဒါဟာ ပြည်ထေင်စုအတွင်း ပြည်နယ်တွေအဖြစ် ပါဝင်ရန်၊ ကရင်နီနယ်တွေဟာည်း ပြည်နယ်တစ်နယ်အဖြစ်ပါဝင်လိုက ပါဝင်ရန်၊ ချင်းတောင်တန်းနှင့် ပြင်ဦးလွင် ခရိုင်တိုလည်း မြန်မာပြည်မနှင့်ပူးပေါင်းလိုက ပူးပေါင်းရန် အကြံပြုဖြစ်ပါသည်။
ဟန် မွန်