ရန်ကုန်မြို့ကို ဂျပန်သိမ်းပိုက်ပြီးနောက်
၁၉၄၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဂျပန်စစ်ဗိုလ်ကြီး ဗိုလ်မိုးကြိုး၏ လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာချက်အဆိုအရ
မြန်မာကိုယ်စားလှယ်များနှင့် ဂျပန်အုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားလှယ်များသည် ဆွေးနွေးတိုင်ပင်ပြီးနောက်
အောက်ပါအချက်များကို သဘောတူညီခဲ့ကြပါသည်။
၁။ မြန်မာနိုင်ငံမှ ရေနံ၊ သစ်တော၊ သတ္တုအစရှိသော သဘာဝပစ္စည်းများနှင့်
စပ်လျဉ်း၍ ရရှိသည့် အခွန်တော်ဟူသမျှကို (၁၀)နှစ်ကာလအတွင်း
ဂျပန်က ကောက်ယူရေး။
၂။ ဂျပန်ကုန်ပစ္စည်းများနှင့် ယိုးဒယားကုန်ပစ္စည်းများသည် ၁၅ နှစ်အတွင်း
မြန်မာနိုင်ငံအတွင်းသို့ အခွန်အကောက်မရှိဘဲ တင်သွင်းနိုင်စေရမည်။ ထိုကာလအတွင်း အကောက်တော်ဌာနကို
ဂျပန်က အုပ်ချုပ်မည်။
၃။ မြန်မာနိုင်ငံအတွင်း၌ ကျဆုံးသွားသော ဂျပန်တစ်ဦးအတွက် မြန်မာက လျော်ကြေး
၃၀၀၀ ကျပ် ပေးလျော်ရမည်။
၎။ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသော နိုင်ငံခြားသားပိုင်ပစ္စည်းများကို
သိမ်းယူမည်။
၅။ မည်သည့်နိုင်ငံခြားသမျှ မြန်မာနိုင်ငံအတွင်းသို့ ကုန်လမ်းဖြစ်စေ၊
ရေလမ်းဖြစ်စေ မ၀င်ရောက်စေရ။
၆။ တစ်နှစ်လျှင် မြန်မာလူမျိုးပညာတော်သင် ၁၀၀၀ စီ ဂျပန်နိုင်ငံသို့ စေလွှတ်၍
ပညာသင်ကြား စေရမည်။
၇။ မြန်မာနိုင်ငံသည် မည်သည့်နိုင်ငံနှင့်အမျှ ကူးသန်းရောင်းဝယ်ရေးစာချုပ်
မချုပ်ဆိုရ။
၈။ အာရှစစ်ပွဲကြီးမပြီးသေးသမျှ ကာလပတ်လုံး စစ်ဆင်မှုအတွက် လိုအပ်သော လက်နက်ခဲယမ်းမီး
ကျောက်များကို ဂျပန်က ထောက်ပံ့ပေးရမည်။
၉။ အာရှစစ်ပွဲကြီးမပြီးသေးသမျှ ကာလပတ်လုံး ဂျပန်လက်နက်ကိုင်တပ်သားများကို
မြန်မာများက ကျွေးမွေးထားရမည်။
No comments:
Post a Comment