Friday, November 9, 2018

မလေးရှားနိုင်ငံ ပုဂံမှ မလေးရှားသို့ သာသနာပြန့်ပွားပုံ

မလေးရှားကို ရှေးအခါက မာလာယု (မလ္လာယု)ကျွန်းဟုခေါ်ကြသည်။ မူလက မလေးရှားနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။ ယခုအခါ
လူဦးရေ 31.62 သန်း ရှိသော မလေးရှားနိုင်ငံသည် အစ္စလာမ်ဘာသာ
(61%) ရှိသော်လည်း အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာဖြင့်
ပြဌာန်းထားသောလည်း တိုင်းပြည်ရဲ့ 19.8%ဗုဒ္ဓဘာသာ
ကိုးကွယ်မှုများရှိသေးပါသည်။ ခရစ်ယာန် 9.2% ၊ ဟိန္ဒူ 6.3 % ၊ တရုတ်
folk ကိုးကွယ်မှုက 1.3%၊ တခြား ဘာသာဝင်က 2.1 % ရှိကြပါသည်။
ဗုဒ္ဓသာသနာရောက်ရှိပြန့်ပွားပုံနှင့် ကွယ်ပျောက်ပုံမှာ
အင်ဒိုနီးရှားနိုင်ငံနှင့် လုံးဝမတူချေ။ သာသနစ် 900 မှ 1000
ပြည့်နှစ်အတွင်း ရေးထိုးခဲ့သော ကျောက်စာများတွင် သက္ကတဘာသာဖြင့်
ရေးထိုးထားသည်ကို တွေ့ရသည်။ သာသနာနှစ် ၁၁၀၀ တွင်
မဟာယနဗုဒ္ဓဘာသာ ထွန်းကားသည် မဟာယနအဘိဓမ္မကျမ်းမှ
ဂါထာသုံးခု ရေးထိုးထားသော ရွံ့အုတ်ချပ်တစ်ချပ်ကို
အထောက်အထားအဖြစ် တွေ့ရသည်။ ရွံအုတ်ခွက်တွင်
နတ်ကွန်းအုတ်တိုက်သုံးခုနှင့် စေတီငါးဆူကို
ဘုရင်နှင့်ရဟန်းတော်များကြီးမှူး၍ တည်ထားကြောင်း
ရေးထိုးထားသည်။ မလေးရှားတွင် နခွန်ရှရီတမ္မရတ်အမည်ရှိသော
စေတီကြီးတစ်ဆူရှိသည်ကို တွေ့ရသည်။
ပုဂံပြည်မှ ဆပဒမထေရ်သည် သီဟိုဠ်ကျွန်း၌ ပညာသင်ကြား၍
ရဟန်း ၁၀ ၀ါအရတွင် ပုဂံပြည်သို့ ပြန်လာခဲ့သည်။ သီဟိုဠ်မှ သီဝလိ၊
တမလိန္ဒ၊ရာဟုလာ အစရှိသော မထေရ်များကို ပင်ခဲ့သည်။ တစ်နေသ၌
ပုဂံပြည်ရှင် နရပတိစည်သူမင်းကြီးသည် ထိုမထေရ်ငါးပါးတို့အား
အမှူးထား၍ အလှူကြီးပေးသည်။ အလှူပွဲတွင်
အငြိမ့်ပွဲနှင့်ယိမ်းအကများ ပါဝင်လေရာ ချောမောလှပသော
ကချေသည်မတစ်ယောက်ကို အရှင်ရာဟု လာမြင်လျှင် တက်မက်သော
စိတ်ရှိ၍ ရဟန်းဘောင်၌ မပျော်တော့ဘဲ လူထွက်ရန် ကြိုးစားလေသည်။
အခြားမထေရ်များက ငါတို့အတွက် ရှက်စဖွယ်ဖြစ်၍
တစ်ခြားတိုင်းပြည်သို့ သွားရောက်လူထွက်ရန် နှင်ထုတ်လိုက်ကြသည်။
ရာဟုလာမထေရ်သည် ပုသိမ်မှ သဘောင်္စီး၍
မာလာယုကျွန်း(မလေးရှား)သို့ ကူးလေသည်။
ထိုအချိန် မာလာယုဘုရင်သည် ၀ိနည်းတရားကို
တတ်သိနားလည်ရန် ဆန္ဒထက်သန်နေသောအချိန် ဖြစ်သည်။
ထိုဘုရင်ကို ခုဒ္ဒသိက္ခာ ၀ိနည်းကျမ်းကို ဋီကာ နှင့် တကွ သင်ကြားပေးရာ
ဘုရင်က ပတ္တမြားသပိတ် လှူဒါန်းသည်။ ထို့နောက် ရာဟုလာသည်
မာလာယု၌ လူထွက်လေသည်။ ပုဂံပြည်ရှင် နရပတိစည်သူမင်းကြီး
ထီးနန်းစိုးစံချိန်မှာ သာသနာနှစ် ၁၇၀၀ တွင်ဖြစ်၍ ထိုခေတ်အထိ
မာလာယုတွင် ဗုဒ္ဓဘာသာဝင်ဘုရင်များ အုပ်ချုပ် ခဲ့ပြီး
ဗုဒ္ဓသာသနာစည်ပင်ထွန်းကားခဲ့သည်။ ဤသည်မှာ မလေးရှား-မြန်မာ
သာသနာဆက်နွယ်မှုတစ်ခုပင်ဖြစ်သည်။ အစောပိုင်းကာလ ဘီစီ ၂၅၂
တွင် အသောကမင်းကြီးက သာသနာပြုရန် ရှင်သောနနှင့်
ရှင်ဥတ္တရတို့ကို စေလွှတ်ခဲ့သည်ဟု အဆိုရှိသည်။ သုဝဏ္ဍဘုမိဒေသသို့
အသောကမင်းကြီး စေလွှတ်သည့် သာသနာပြုအဖွဲ့ကောင်းမှုကြောင့်
မလေးရှားသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိခဲ့သည်ဟု ဗုဒ္ဓသမိုင်းအရ
ဆိုနိုင်သည်။
မလေးရှားနိုင်ငံ သို့မဟုတ် သီရိဝိဇယ
မလေးရှားကျွန်းဆွယ်သမိုင်း၏ အခမ်းအနားဆုံး
ဧကရာဇ်နိုင်ငံတော်သည် သီရိဝီဇယပြည်ဖြစ်သည်။
သီရိဝိဇယပြည်သည် ဆုမတြာတောင်ပိုင်း ပယ်လ်လမဘန်ဒေသ၌
အခြေတည်ဖွံ့ဖြိုးစည်ပင်ခဲ့ပြီး ဆွန်ဒါရေလက်ကြားအထိ
စိုးမိုးအုပ်ချုပ်ခဲ့သည်။ သီရိဝိဇယပြည်၏မြို့တော် တည်ရှိရာ
ဘူကစ်ဆီဂန်ဒေသကို အရေးပါးသော ဗုဒ္ဓဘာသာသင်ကြားမှု
ဗဟိုဌာနဖြစ်ပြီး သံဃာတော်တစ်ထောင်ကျော်တို့သည် နေ့စဉ်နှင့်အမျှ
ဆိုသလို ဗုဒ္ဓကျမ်းများကို ဆည်းပူးလေ့လာ တရားအားထုတ်မှုပြုရာ
နေရာအဖြစ် ဗုဒ္ဓဘာသာ ဘုရားဖူးခရီးသည်ကြီး အိချင်းက အေဒီ671
ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သည်။
မလေးကျွန်းဆွယ်ဒေသ၏
ရှေးဟောင်းစာပေအရေးအသားများတွင် သီရိဝိဇယပြည်သည်
ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ကြောင်း ရေးသားဖော်ပြထားမှုများကို
တွေ့နိုင်သည်။ ဘုကဟ်ဆီဂန်တန်ဒေသမှ
ရှေးအကျဆုံးမှတ်တမ်းများတွင် သီရိဝိဇယပြည်သို့
ဧကရဇ်မင်းတစ်ပါးသည် ပင်လယ်ရေကြောင်းခရီးဖြင့် ရောက်ရှိလာပြီး
သီရိဝိဇယပြည်၏ ငြိမ်းချမ်းဝပြောမှု၊ ချမ်းသာကြွယ်ဝမှုနှင့်
ဘုန်းတန်ခိုးသြဇာကြီးမားမှုကို လေ့လာခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါဧကရာဇ်သည် ဘူကစ်ဆီဂန်တန်မှ လေးမိုင်ခန့်အကွာတွင်
အများပြည်သူတို့ နားနေနိုင်ရန် ဥယျာဉ်တစ်ခုကို တည်ဆောက်ခဲ့ပြီး
မော်ကွန်ရေးထိုး မှတ်တမ်းတင်ခဲ့သည်။ အရေးအသားများတွင်
ယင်းသို့သော ကုသိုလ်ဒါနကြောင့် သစ္စာဥာဏ်အလင်းရပါစေကြောင်း
ဆုတောင်းစာများပါဝင်နေသည်ကို တွေ့နိုင်သည်။
လီဂေါဒေသမှ သက္ကတဘာသာဖြင့် ရေးထိုးထားသော မှတ်တမ်းများတွင်
သီရိဝိဇယတိုင်းသည် အေဒီ ၇၇၅ ခုနှစ်တွင် ကီဒါဒေသနှင့်
မလေးရှားကျွန်းဆွယ်အနောက်ဘက်ကမ်းရိုးတန်းဒေသ များကို
သိမ်းပိုက်အောင်မြင်ပြီးနောက် မလေးရှားမြောက်ပိုင်းအထိ
သြဇာလွှမ်းမိုးခဲ့ကြောင်း၊ ဧကရာဇ်မင်းမြတ်သည်လည်း
သီရိမဟာရာဇာဟူ၍ ဘွဲ့ခံအုပ်ချုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
သီရိဝီဇယတိုင်း ဧကရာဇ်များသည် ဆိုင်လန်ဒရာ မင်းရိုးမင်းဆက်များ
ဖြစ်ကြသည်။ ဆိုင်လန်ဒရာခေါ် ပဗ္ဗတရာဇာများသည် မူလက
ကမ္ဘောဒီးယား ဖူနန်အင်ပါယာကြီးကို အုပ်ချုပ်ခဲ့သူများဖြစ်ပြီး
နောက်ပိုင်းတွင် ဂျာဗားကျွန်းအလယ်ပိုင်းကို စိုးမိုးအုပ်ချုပ်ခဲ့ကြသည်။
ဆိုလန်ဒရာမင်းဆက်များသည် ဗောရောဗုဒုပုထိုးတော်ကြီးကို
တည်ဆောက်ခဲ့သူများအဖြစ် ထင်ရှားသည်။
အေဒီ 1006 ခုနှစ် သီရိဝီဇယတိုင်းသည် ဂျာဗားကျွန်းအထိ
သြဇာအာဏာတိုးချဲ့နိုင်ခဲ့သည်။ ရှေးဟောင်းမှတ်တမ်းများတွင် ပါရှိသော
ဖော်ပြချက်များအရ သီရိဝီဇယဧကရာဇ် နီဂါပါဟမ်ဒေသ၌ ဗုဒ္ဓဘာသာဝင်
ကျောင်းတော်ကြီးတစ်ခုကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တစ်ချိန်သောကာလက မလေးရှားနိုင်ငံတွင်
ဗုဒ္ဓသာသနာလွှမ်းမိုးထွန်းကားထားကြောင်း သုတေသနပြုချက်များအရ
ပိုမိုခိုင်လုံသော အထောက်အထားများ ရလာခဲ့သည်။
တူးဖော်တွေ့ရှိသော ဗုဒ္ဓကြေးရုပ်ပွားတော်ငယ်သည် ဒေဒီ ၅ ရာစု ၆
ရာစုခန့်ကာလမှ ရှေးအကျဆုံး လက်ရာဖြစ်သည်။ ၁၉၃၁ ခုနှစ်က
အီပို့အနီး သတ္တုတွင်း တူးဖော် စဉ် တွေ့ရှိခဲ့သော
ကြေးဆင်းတုတော်ကြီးတစ်ဆူကို ကွာလမ်လာပူပြတိုက်သို့
ပေးပို့ခဲ့သည်။ ထိုဆင်းတုတော်ကြီးသည်လည်း ၅ ရာစု ၆ ရာစု
လက်ရာပင်ဖြစ်သည်။ မလေးရှားတွင် ဗုဒ္ဓ၀ါဒ မှေးမှိန်ပြီး
အစ္စလာမ်အယူဝါဒ ထွန်းကားခဲ့သော်လည်း အေဒီ ၁၄ ရာစုမှစ၍
မလေးကျွန်းဆွယ်သို့ တရုတ်လူမျိုး အမြောက်အမြားအခြေစိုက်
နေထိုင်လာကြရာမှ ဗုဒ္ဓဘာသာ ၁၀သန်းခွဲကျော်ရှိပြီး
ဗုဒ္ဓအမွေအနှစ်များလည်း ကျန်ရှိသေးရာ ၀မ်းမြောက် ၀မ်းသာ သာဓု
ခေါ်ဆိုရမည်ဖြစ်သည်။
တစ်ချိန်သောအခါက ဗုဒ္ဓသာသနာတော်သည်
အာရှတိုက်တစ်ခုလုံးကို သင်္ကန်းရောင်ဖြင့် ဖုံးလွှမ်းခဲ့သည်။ ယခုအခါ
သာသနာ တည်ရာဒေသများ ကျဉ်းမြောင်းလာခဲ့သည်။
အရေအတွက်အားဖြင့် ရှေးခေတ်က ကမ္ဘာ့လူဦးရေး၏ ငါးပုံလေးပုံ
ကိုးကြယ္ခံရေသာဘ၀မွ ယခုအခါကမၻာ့လူဦးေးရ၏ ၁၀ပုံ ၁
ပုံကိုးကွယ်ခံရသော ဘ၀သို့ ရောက်ရှိခဲ့သည်။
ကျွန်တော် ဟန်မျိုးမွန် ဗုဒ္ဓသမိုင်း FB သို့ တင်ခြင်းသည် တစ်ချိန်တစ်ခါ
ဗုဒ္ဓဘာသာ ပြန်နှံ့သည့် သမိုင်း သိရှိ နိုင်ရန် ဖြစ်ကြောင်း
တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ဟန်မျိုးမွန်

No comments:

Post a Comment