Monday, November 19, 2018


အမေ
လူထု ဒေါ်အမာ ရဲ့ မြန်မာအမျိုးသမီးတွေကို အကြံပေးထားသည့် အကြံပေးစကားလေးလည်း ဖတ်ကြည့်စေချင်ပါတယ်

အမေရေ အမေကို ဒီစာအတွက် ကန်တော့ပါရစေနော်
----------------------------------------------------------------------
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာ တီဗွီကလာတဲ့ အနောက်က
ရုပ်ရှင်ကားတွေကို တစ်ခါတလေ ၀င်ကြည့်မိတယ်၊ ကြည့်တဲ့အခါ အမေက ရုပ်ရှင်မကြည့်တာ
ကြာလှပြီဆိုတော့ သူတိုကားတွေကို မနည်းသည်းခံပြီး ကြည့်ရတယ်၊ ကားတွေကလည်း
အမေတို့ငယ်ငယ်က ကြည့်ရတဲ့ ကားတွေနဲ့လည်းမတူတော့ဘူး ။ Actionလို့ ခေါ်တဲ့ လှုပ်ရှားမှုတွေကသိပ်များတာပါကလား၊ ပစ်ခတ်နေတာတွေကလည်း တကယ့်များမှများ။ ပစ်တာခတ်တာမှာ
သေနတ်တွေက ရိုးရိုးမဟုတ်သေးဘူး၊ ပစ်လိုက်ရင် မီးဟုန်းဟုန်း တောက်တာ တွေလည်းပါရဲ့၊ လူချင်း
တိုက်ကြခိုက်ကြတာတွေကလည်း ကြောက်ခမန်းလိလိ၊ ပြီးတော့ တော်တော်နဲ့ မသေနိုင်ဘူး၊
အဲဒီလို ပစ်တာခတ်တာတွေ မဟုတ်ပြန်တော့လည်း ယောကျာ်းနဲဏ္ဍ မိန်းမ တွေဏ္ဍခန်းတွေ။
အဲဒါတွေကလည်း တော်ရုံမဟုတ်ဘူး၊ ရေချိုးခန်းထဲမှာလည်း ပါရဲ့။ အိပ်ရာပေါ်မှာလည်း ပါရဲ့၊ ပြီးတော့
တွေ့နေလိုက်ကြတာ အမေတို့ အဘွားကြီးတွေအနေနဲ့ ကြည့်ရတာ စိတ်ဆင်းရဲစရာကြီးကိုး၊

လူမျိုးစုံဝင်ကြထွက်ကြတဲ့ စားသောက်ဆိုင်လို နေရာမျိုးတွေ၊ ကပွဲခန်မးတွေပြပြန်တော့လည်း
မိန်းကလေးတွေ ကပြနေကြရတာမှာ ၀တ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆိုရုံ။ ထက်ကလည်း
ရင်သားလေး ၂ ခု ကာရုံ။ အောက်ကလည်း လက်တစ်ဝါးလောက်ကာပြီးတော့ လှုပ်ရှား က ပြရတာ
ကလည်း ပြောဝံ့စရာမရှိဘူး၊ အဲဒီတော့ အမေက “သြော် သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ၀မ်းရေး
အတွက် ရှာဖွေစားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား၊ သနားပါတယ်။
သူတို့ဘ၀”လို့ အောက်မေ့မိတယ်၊
ပြီးတော့ သူတို့ဆီမှာ ယောကျာ်းလေးကလည်း ဆံပင်အရှည်နဲ့ နားကပ်နဲ့။ တစ်ခါတလေ
မိန်း မနဲ့ ယောကျာ်း ခလေးခွဲလို့မရအောင် ၀တ်စားနေကြတာလည်း ရှိရဲ့
ဒါနဲ့ ရန်ကုန်ကလာနေတဲ့ မိတ်ဆွေနဲ့ ခုခေတ် တို့မိန်းကလေးတွေ ၀တ်ကြစားကြတာနဲ့
ပတ်သက်လို့ ပြောမိတော့။ အဲဒီမိတ်ဆွေက (ရန်ကုန်မှာ မိန်းကလေးတချို့ရ့ ခါးပေါ်မှာ ထဘီမရှိတော့ဘဲ။
ဘောင်း ဘီ တို မတို မရှ ည်နဲ့ ဘောင်းဘီအရည်ဝတ်တဲ့လူက ၀တ်တယ်။ စကတ်ဆိုပြီး ၂ကွဲ၊ ၃ကွဲ၊ အတိုကွဲ အရှည်ကွဲတွေကို ၀တ်တဲ့လူက ၀တ်တယ်။ အဲဒါထက် ခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အကျီ င်္တိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေးမမျိုး တစ်ယောက်တလေတောင် ပေါ်နေပြီး။ အဲဒီချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထားသတဲ့ လို့ အင်မတန်ဆင်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်။

သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်၊
အမေတို့ မြန်မာမိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီလေးတော့ လုံလုံခြုံ ခြုံ ရှိစေချင်သေးတယ်လို့
ပြောနေ ရေးနေပေမယ့် မိန်းကလေးတွေ ဒူးပေါ် ပေါင်ပေါ်ဖြစ်အောင် ၀တ်စားနေကြတဲ့ အကွဲတွေ
အခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း ဂျာနယ်တွေက သာမက ရုပ်မြင်သံကြားတွေမှာကလည် ကြည့်လိုက်ရင် လူငယ်တွေ
အတုခိုးမှားစရာတွေကိုသာ အားပေးအားမြှောက်ပြုနေတဲ့ ပြကွက်တွေကို မြင်ရတယ်၊ လူဆိုတာ
မြင်ဖန်များတော့ ငယ်သတဲ့၊ နမ်းဖန်များတော့ ပျယ်သတဲ့

အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်၊ လူဟာ ရှိတာကို ဖော်တာ။
မဖုံးတော့တာက ယဉ်ကျေးတာလား။ ဖုံးတာက ယဉ်ကျေးတာလားလို့၊
အဲဒီတော့ တချို့က အမေရယ် လူဆိုတာ ဒီလိုပါပဲ။ ကောင်းနိုးရာရာကို လုပ်ကြတာပါ၊
လူငယ်တွေရဲ့ အတွေးအခ်ါတွေကို လျစ်လျူရလိုက်ပါတော့လို့၊ ဒါလည်း သူတိုဏ္ဍအနေနဲ့ဆိုရင်
ဟုတ်တာပေါ့လေ၊ သူတို့နဲ့ အမေနဲ့က ခေတ်ချင်းကွာဟာမှုက ရှိနေတာကိုး၊

အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံး လုံလုံခြုံခြုံ၊ ဘောင်ဘီရှည်တွေနဲ့၊ နက္ကတိုင်နဲ့၊ ရှပ်အင်္ကျီလက်ရည်ပေါ်မှာ ကုတ်အင်္ကျီဝတ်လို့၊ မိန်းကလေးတွေကတော့ နည်းပညာမျိုးစုံသုံး၊ လှနိုးရာရာ အဆင်အပြင် အမျိုးမျိုး စိတ်ကူးရသလောက် ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှ ပေါ်အောင် ဖော်လှစ်ပြသနေကြရတယ်။
အဲဒါဟာ ကျားမ တန်းတူရှိသေးရဲ့လား၊ မတွေရဲ့ဘ၀က ကျားတွေကို ဆွဲဆောင်နိုင်မှုအတွက် တစ်သက်လုံး ကြိုးပမ်းအားထုတ် နေရတာလား။
လ့ဘ၀ လူ့တာဝန်တွေကို ထမ်းရွက်ဖို့ မကြိုးစား
ရတော့ဘူးလားလို့ အောက်မေ့မလာရဘူးလားကွယ်၊ မိန်းမဘ၀ရဲ့ အဆုံးစွန်သော အားထုတ်
လုပ်ဆောင်ရချက်က ယောကျာ်းတွေအတွက် ဆိုတာပဲလား၊ တခြားဘာမှ အဖိုးတန်တဲ့အလုပ်
မလုပ်နိုင်တော့ဘူးလား၊

အမေရယ် ဒီလိုဆိုရင် တချို့နိုင်ငံတွေက အမျိုးသမီးတွေကို တစ်ကိုယ်လုံး ဘာမှ လူမမြင်ရ
အောင် အ၀တ်ကြီး ခြေဆုံးခေါင်းဖျား ဖုံးနေရတာမျိုးကိုကော အမေဘယ်လိုသဘောရပါသလဲလို့
မေးလာရင် --
အဒဲါဟာ မိန်းမကို အိမ်မွေး တိရိစ္ဆာန် တစ်ကောင်လောက် တန်ဖိုးထားတဲ့သဘော၊ မိန်းမကို လူအခွင့်အရေး တစ်မူးသားမှ မပေးတဲ့ လုပ်ရပ်မို့ အမေက သိပ်ရှုပ်ချတာပေါ့။ လင်ယောကျာင်္းတစ်ယောက် အပိုင်မွေးထားတဲ့ ထမင်းချက်၊ ကလေးထိန်းတဲ့၊ လင်ယောကျာင်္းအလို ဖြည့်ရတဲ့လူဘာသာပဲ ။ အဲဒီထက် မပိုပါဘူး။

အမေတို့က မိန်းမဆိုတာ လူ့ဂုဏ်သိက္ခာ အပြည့်ရှိတဲ့ လူသား၊ လူ့လောကကို ယောက်ျားတွေနဲ့ တန်တူရည်တူ တည်ဆောက်နေရတဲ့ လူသား၊ လူလောက သာယာဝပြောရေးအတွက် အားလုံးနဲ့အတူတူ တာဝန်ရှိတဲ့လူသား ဖြစ်စေချင်တာပါ။ ဘယ်သူက ဘယ်သူထက် မှလည်း မနိမ့်ကျစေချင်ဘူး

တိရိစ္ဆာန်လောကမှာတော့ နိုင်သူက အနိုင်ကျင့်တယ်လေ၊ အားနည်းရင် အရှုံးပေးရတယ်။
အားကြီးရင် အနိုင်ကျင့်တယ်၊ တို့က တိရိစ္ဆာန်ထက် အများကြီး အဆင့်အတန်းမြင့်တာပဲဟာ၊ အဲဒီတော့
တို့အားလုံးအတွက် လူဟာ လူနဲ့ တူအောင်တန်အောင်ပဲ ဖြစ် ကြစေချင်တယ်၊

ကနေ့ အမေတို့နိုင်ငံမှာ လုပ်စရာတွေ အများကြီး ရှိနေပါတယ်၊ ကျန်းမာရေး။ ပညာရေး။
စီးပွားရေး စသဖြင့် လုပ်ရမှာတွေက တောင်လိုပုံပြီး စောင့်နေပါတယ်၊ အဲဒီ အလုပ်တွေကို လှပပေါ်လွင်
ကြွမြောက်နေတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ ကြိုးစားလုံးပမ်းနေရတာနဲ့ အချိန်ကုန် ငွေကုန်ခံနေ ကြရမှာလား။

မိန်းကလေးတွေမှာ ဒိထက်ပိုပြီး တန်ဖိုးရှိတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ဖို့ အသင့်ပြင်
ထားကြရဦးမှာပါ၊ လှအောင်-ပအောင်။ ယောကျာ်းတွေမြင်ရင် ကြိုက်ချင် ချစ်ချင်လာအောင် ရှိသမျှ ဖော်ထုတ်မြှူဆွယ်တယ်ဆိုရတာ အလွန်သေးသိမ်းတဲ့ ယုတ်ညံ့တဲ့ စိတ်ထားပါ။ တို့မိန်းကလေးတွေမှာ အင်မတန်ကြီးလေးတဲ့ တာဝန်တွေ ထမ်းရွက်ဖို့ အများကြီးရှိပါတယ်။ လှလှ-မလှလှ ကျန်းမာဖို့ ၊ စိတ်ကောင်းစေတနာရှိဖို့ ၊ အသိအမြင် မြင့်မားဖို့ ငါ့တို့ ကြိုးစားနေရမှာပါ။

ဒါကြောင့် သမီးတို့ လှချင်တာဟာ ကောင်းရဲ့လား။ ငါ့သမီးတို့စဉ်းစားကြည့်ပါ။
ဟန် မျိုး မွန်

No comments:

Post a Comment