Wednesday, November 14, 2018

လုပ်တဲ့လူက တခြား အကျိုးခံစားခွင့် ရှိသူက
 များများပါ။

ဆိုလိုတာကမြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ သာသနာကို

 စတင်မျိုးစေ့ချတဲ့ ပုဂ္ဂိုလ်မြတ်ကတော့

အရှင် အရဟံ မထေရ်မြတ်ကြီးနဲ့

အနော်ရထာမင်းကြီးပါ။

ဒါပေမဲ့ မြန်မာနိုင်ငံက လူတွေ ဗုဒ္ဓဘာသာကို

အကျိုးခံစားနေရတဲ့ လူတွေက မေ့တေတေပေါ့ဗျာ

ဒီလိုပဲ တိုင်းပြည်တည်ထောင်တဲ့နေရာမှာ

အရေးကြီးနေရာမှာ ပါဝင်ခဲ့တယ်။ ကျန်းစစ်သားမင်း၊

အလောင်းစည်သူမင်းကြီး၊

တပင်းရွှေထီးမင်းတရားကြီး၊

ဘုရင်နောင် မင်းတရားကြီး။

အဲဒီလူနည်းစုတွေကို သူတို့ရဲ့ ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေကို မေ့များသွားပြီးလား

တိုင်းပြည်သူကျွန်ဘ၀က လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်အပါအ၀င်

အသက်ပေးခဲ့တဲ့ လူနည်းစုတွေကို သူတို့ရဲ့ ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေကို ခံစားရတဲ့လူများ မေ့သွားပြီးလား။

လူတွေကို လိုက်မေးကြည့်ပါ။ မမေ့ဘူးလို့ပြောဆိုပါလိမ့်မယ်။

ဘယ်မေ့မလဲတဲ့ - --

မေ့တာမမေ့တာ ဒီတိုင်းပြည်ကို အကျိုးကျေးဇူးပြုခဲ့တဲ့ အရှင်အရဟံမှာအစ ရဲဘော်သုံးကျိပ်အဆုံး မြန်မာပြည်ကြီးကို ဖြစ်စေချင်တာ ဘာလဲဆိုတာ မေ့နေကြတယ်ဗျာ

အဲဒါကတော့ ကမ္ဘာ့ဆုံးတိုင်အောင် ဒီမြေ ဒီရေ ဒီတိုင်းပြည် ဒီဘာသာ ကို ကမ္ဘာ့အလယ်မှာ ထွန်းလင်းတောက်ပဖို့ဆိုတာ လက်ရှိ လူများစုတွေက မေ့များမေ့သွားပြီးလား

တကယ်ကိုမေ့လွန်းပါတယ်။

ကျွန်တော်ရေးသားလည်းမေ့သွားပါလိမ့်မယ်။

မေ့ကြပါခင်ဗျာ

ကိုယ့်မျိုးရိုး ဇာတိ ကိုယ့်တောင် မေ့သွားမယ့် လူတွေရေ

ဇာတိကို ချစ်သောစိတ်

ဇာတိကို ချစ်ခြင်းဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို

 ချစ်ခြင်းရဲ့ အစ နိဒါန်းလို့ပြောရပါမယ်။

စင်္ကာပူကို ပဲရောက်ရောက်

 မလေးရှားကိုပဲရောက်ရောက် ဇာတိကိုချစ်သော

 လူဆိုရင်

မြန်မာနိုင်ငံကို သတိရလိမ့်ပါမယ်။

ကျွန်တော်ဆိုရင် ကျွန်တော်ရဲ့ မွေးရပ်မြေ

မွန်ပြည်နယ်ကို အရမ်းသတိရတယ်ခင်ဗျာ

ဝမ်းစာရေးအတွက် မန်းလေးမှာနေထိုင်ပေမယ့်

မွေးရပ်မြေ မွန်ပြည်နယ်ကို သတိရလိမ့်တာ

အမြဲတမ်းသတိရမိပါတယ် မွေးရပ်မြေရေ . . . . .

ကမ္ဘာ့အကြာင်းကို မလေ့လာနဲ့ အုံး

ကိုယ့်မြေကိုယ်ရေအကြောင်းကို လေ့လာတဲ့အခါ

 မဆုံးနိုင်အောင် ဖြစ်လိမ့်ပါမည်။

ကိုယ်မြေကိုယ်ရေကို အထင်မကြီးတဲ့ လူဟာ - - - -

ဒေါင်းယောင်ဆောင်သော

 ကျီးမိုက်သာဖြစ်ပါတော့မည်။

တစ်ခါတစ်လေ့ ကျွန်တော်နှမျော်မိလေသည်။

ဘာကို နှမျော်မိသလဲဆို၇င် ဟိုအရင်တစ်ခါက

 အရှေ့တောင်အရှ တခွင်တိုင်တိုင်အောင်

မြန်မာတို့ ဟာ ပထမ ဆိုတာ တစ်အားလွမ်းတယ်ဗျာ

အရှေ့တောင်အရှ ဘယ်နေရာပဲဖြစ်ဖြစ်

မြန်မာ--- ဟေး-- လို့အော်လိုက်ရင်

ထိုင်းဖြစ် မလေးဖြစ်ဖြစ် လာအိုဖြစ်ဖြစ်

 ကြောက်ဒူးတုန်းကြတယ်လေ

ယနေ့ခောတ် အော်ကြည့်ပါလား သူတို့နိုင်ငံမှာဆိုရင်

 မြန်မာဆိုရင် အထင်သေးကြလွန်းလို့

ကျုပ်တော့ သတိရတာမဆန်းပါဖူးဗျာ

သတိရရင်တော့ လွန်ခဲ့တဲ့

 အမျိုးသားရေးခေါင်းဆောင်ကြီးများရဲ့ ဆန္ဒအတိုင်း

အမျိုးဘာသာ သာသနာ နှင့် မြန်မာနိုင်ငံတော်ကြီးကို

 ကာကွယ်ဖို့ အားလုံးမှာ

တာဝန်ရှိပါတယ်ခင်ဗျာ

No comments:

Post a Comment