အတိတ်ကို ပြန်လည်တမ်းတာကာ
တွေးတောပူပင်ကာ မပူဆွေးချင်တော့ပါဖူး
ပစ္စုပ္ပန် ယျထာဘူတ ကျကျမှာနေထိုင်ပြီး
ကိုယ့်တိုင်းကိုယ့်လူမျိုးကိုယ့်ဘာသာ ကိုယ့်သာသနာအတွက်
အလုပ်ကျွေးပြုရင်းနဲ့ ကုန်လွန်ခဲ့ အချိန်စက္ကန့်တွေ
သာသနာကောင်းကျိုးကောင်းတဲ့ကိစ္စလုပ်သည့်ကိစ္စမှာတော့
အကုသိုလ်ကိစ္စမမည်ပါဖူး
မနုဿတ္တဘာဝေါ ဒုလ္လဘော ဟူသည်နှင့်အညီ
လူ့ဘ၀သည် အလွန်ပင် ရခဲ့လှပါသည်။
လူ့ဘ၀ ရခဲ့ပုံကို
အောက်ပါအတိုင်း ဥပမာပြုထားပါသည်။
ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်က အပ်တစ်စင်း၊ အပ်သွားချင်းသာ၊ ထိဖွယ်ရာ၊ ပမာပုံသို့ ခင်း တဲ့
ဆိုလိုရင်းမှာ
ဗြဟ္မာ့ပြည်က ချလိုက်သော အပ်တစ်စင်း နှင့် လူ့ပြည်က ထောင်ထားသော အပ်တို့သည်
အချင်းချင်း
ထိပ်တိုက်ဆုံဖွယ်ရာသာရှိ၏။ လူ့ဘ၀ကို ရဖို့ကား ထိုထက်ပို၍ ခက်ပါသည်။
ထို့ကြောင့် လူတို့သည် ရတောင့်ရခဲရလာသော လူ့ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးကျအောင်
အသုံးချသင့်ပါသည်။
အမှန်အားဖြင့် လူဟူသည်မှာ ပဋိသန္ဓေသဘောအရ ကုသိုလ်၏ အကျိုး
ကုသလ၀ိပါက်ဖြင့်
လူဖြစ်လာရသူချည်း ဖြစ်၏။ သူဌေးလည်းအတူတူ၊ ဆင်းရဲသားလည်း အတူတူ၊ ရှင်ဘုရင်လည်းအတူတူ၊
မင်းခစားလည်း အတူတူ၊ ခြားနားလျှင် ခြားနားလျှင်
ပဋိသန္ဓေစိတ်၌ ပညာပါမှုနှင့် မပါမှု၊ ဒီလောက်သာ
ထူးခြားပါမည်။ အခြားသော ထူးခြားမှု မည်သည့်မရှိပါ။
မြတ်စွာဘုရား လက်ထက်တော်အခါက
ဆတ္တာသည် ဥပါလီသည်ပင် ၀ိနည်းအရာ၌ ဧတဒဂ်ရ
ရဟန္တာကြီးဖြစ်ရသည်မှာ
အရိယာသစ္စာကို သိရှိရေးတွင် ဆင်းရဲချမ်းသာ နှင့်မဆိုင်ဘဲ
ပဋ်သန္ဓေပါရမီနှင့် ဆိုင်ခြင်း၏ အထောက်အထား ဖြစ်လေ၏။ လူသာ ဒြပ်ဖြစ်၍
ဆင်းရဲချမ်းသာတို့ကား ဂုဏ်ဖြစ်ပါသည်။
ဆိုလိုသည်ကား လူသားအချင်းချင်း အတူတူပင်၊ ဒြပ်အချင်းချင်းအတူတူပင်
ဂုဏ်သာကွာပါသည်။
သူဌေးဖြစ်ရခြင်းနှင့်ဆင်းရဲသား ဖြစ်ရခြင်းတို့သည်
လည်းကောင်း၊ ရှင်ဘုရင် ဖြစ်ရခြင်းနှင့်
မင်းခစား ဖြစ်ရခြင်းတို့သည် လည်းကောင်း၊ ကံ
ကံ၏ အကျိုးဆက်များသာ ဖြစ်ကြပါသည်။
သို့ပေမယ့် လက်တွေ့အားဖြင့်
လူတို့သည် သူမှာလည်း ဒြပ်
ကိုယ့်မှာ ဒြပ်အချင်းအတူတူပင် သေရင်ထားခဲ့ရမည် ဂုဏ်လေးသာတာ
လောက်နဲ့ ဂုဏ်တူ
ဂုဏ်ပြိုင်နေကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရှိရသည်။
`မင်းဘာကောင်လဲ ငါ ဘာကောင်လဲ´
ဟု
ယခုအချိန်တွင် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအဖို့ စည်းရုံမှုရှိရမည်
အချိန်ကာလသို့ ရောက်ရှိလာပါသည်။
ဒီအချိန်မှာ မင်းက အရှေ့က
ဂုဏ်ထူးဂုဏ်ပြိုင်မလုပ်နဲ့ လူလူချင်းချင်း ဒြပ်ဘဲတူတာဘဲလေ
ဘာသာကွာတာထည့်မတွက်နဲ့ ပြောစရာရှိလိမ့်မယ်
မူဆလင်ဘာသာဝင် လူတွေလည်း
ဒြပ်နဲ့ဖွဲ့ထားတာပဲကွာ မင်းကရှေ့တစ်မျိုးနောက်တစ်မျိုး
လို့ ပြောမယ့်လူရှိလိမ့်မယ်။
စာရေးတာဆိုတာ မိမိရေးတဲ့စာကို
ဘယ်လိုဘက်မျိုးက ဝေဖန်မလဲဆိုတာ အမြဲတမ်းစမ်းစစ်နေရတယ်ဗျာ
ကျွန်တော်က ကတညုတမျက်စီ (လောကကို ကျေးဇူးတင်တတ်သော
မျက်စီဖြစ်၏) နှင့်ကြည့်ပြီး ပြောတာဗျာ
ကျွန်တော်အပေါ်
ဘယ်သူ့က ကျေးဇူးရှိလဲ ဆိုတာ ဗုဒ္ဓဘာသာ သာသနာတော်က ကျေးဇူးရှိတယ်ဗျာ
သာသနာတော်
ထဲက ဘုရား၊ တ၇ား၊ သံဃာ၊ဆိုတာ ကျွန်တော်ကျေးဇူးရှင် ကျေးဇူးဆပ်တော့ အားဖြင့်
ဘုရား ၊ တရား၊
သံဃာ ထိန်းသိမ်းခဲ့၊ ပြုစုပျိုးထောင်ခဲ့တဲ့ သာသနာတော် ကို ကျွန်တော်တို့
ဗုဒ္ဓဘာသာဝင်တွေ
ထိန်းသိမ်းရမှာ လေ ဒါမှာ ကျေးဇူးဆပ်ရာရှိမှာပေါ့ဗျာ။
နာမည်ကြီး စာရေးဆရာကပြောဖူးတယ်ဗျာ သူက ဗြဟ္မစိုရ် အမြင်နဲ့
မွတ်ဆလင်လည်းလူပဲတဲ့
ခွဲခြားစရာမလိုဖူး ။ တော်တော်ခက်တယ်ဗျာ စာရေးဆရာဆိုတဲ့ ဘွဲ့ တစ်ခုလောက်ရရင်
သူကိုယ်သူဆရာကြီးစတိုင်နဲ့ သာသနာတော်ကို ဖျက်မယ့်ရန်သူတွေအားပေးအားမြှောက်လုပ်နေတယ်ဗျာ
လူတို့သည်
လောကကိုကြည့်ရာတွင် အမြင့်သုံးမျိုးဖြင့် ကြည့်တတ်ကြ၏။
အမြင်သုံးမျိုးဖြင့်
ကြည့်တတ်ကြခြင်းမှလည်း မျက်စိသုံးမျိုးရှိသောကြောင့်ဖြစ်၏။ မျက်စီသုံးမျိုးဖြင့်
ကြည့်လျှင်
အမြင်သုံးမျိုးဖြင့်ဖြင့် လောကကို မြင်မည်မှာ သေချာ၏။
လောကကိုကြည့်ရာတွင်
၁။
ပပဉ္စမျက်စီ (တဏှာ မျက်စိ၊ မာနမျက်စိ၊ ဒိဌိမျက်စီ)
ဤအမြင်မျိုးဖြင့် လောကကို မကြည်မိအောင် မြတ်စွာဘုရားက
သွင်သင်ဟောတော်မူ၏။
၂။ ဗြဟ္မစိုရ်မျက်စီ (လူများကိုဖြစ်စေ၊ ဘာသာကိုဖြစ်စေ၊သာသနာကိုဖြစ်စေ
ကြည့်မည်ဆိုပါလျှင် အားလုံး
လူသာတည်းဟူသော မူရင်းဇာစ်မြစ်ကို မြင်အောင် ကြည့်ခြင်း)
၃။
ကတညုတမျက်စီ (လောကကို ကျေးဇူးတင်တတ်သော မျက်စီဖြစ်၏)
ကတညုတမျက်စီ
(လောကကို ကျေးဇူးတင်တတ်သော မျက်စီဖြစ်၏)
လူတို့သည်
လောကကိုကြည့်ရာတွင် အမြင့်သုံးမျိုးဖြင့် ကြည့်တတ်ကြ၏။
အမြင်သုံးမျိုးဖြင့်
ကြည့်တတ်ကြခြင်းမှလည်း မျက်စိသုံးမျိုးရှိသောကြောင့်ဖြစ်၏။ မျက်စီသုံးမျိုးဖြင့်
ကြည့်လျှင်
အမြင်သုံးမျိုးဖြင့်ဖြင့် လောကကို မြင်မည်မှာ သေချာ၏။
လောကကိုကြည့်ရာတွင်
၁။
ပပဉ္စမျက်စီ (တဏှာ မျက်စိ၊ မာနမျက်စိ၊ ဒိဌိမျက်စီ)
ဤအမြင်မျိုးဖြင့် လောကကို မကြည်မိအောင် မြတ်စွာဘုရားက
သွင်သင်ဟောတော်မူ၏။
၂။ ဗြဟ္မစိုရ်မျက်စီ (လူများကိုဖြစ်စေ၊ ဘာသာကိုဖြစ်စေ၊သာသနာကိုဖြစ်စေ
ကြည့်မည်ဆိုပါလျှင် အားလုံး
လူသာတည်းဟူသော မူရင်းဇာစ်မြစ်ကို မြင်အောင် ကြည့်ခြင်း)
၃။
ကတညုတမျက်စီ (လောကကို ကျေးဇူးတင်တတ်သော မျက်စီဖြစ်၏)
ကတညုတမျက်စီ
(လောကကို ကျေးဇူးတင်တတ်သော မျက်စီဖြစ်၏)
ဒီအချိန်တွင်မှာ မှ ကျွန်တော်တို့
ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘာသာဝင်များအချင်းချင်း
မစည်းရုံးလျှင် ကျွန်တော်တို့ရဲ့ မျိုးဆက်များအဖို့
လက်ဆင့်ကမ်းစရာ အဖိုးထိုက်တန်သော
သာသနာ ပျောက်ကွယ်ဖို့ရာ အရေးကို မြင်တွေ့နေရပါသည်။
သို့ဖြစ်ပါ၍ ဘာသာဝင်အချင်းချင်း မင်းဘာကောင်လဲ ငါဘာကောင်လဲဟု
သေရင် ထားခဲ့ရမည့်
ဂုဏ်ဖြင့် ဂုဏ်ထူးဂုဏ်ပြိုင် မလုပ်သင့်တော့ပါကြောင်း အနာဂတ် သာသနာတော်
ကို
စိုးရိမ်စိတ်ဖြင့်အသိပေး တိုက်တွန်း ရေးသားလိုက်ပါကြောင်း အတိုးချုပ်
တင်ပြလိုက်ရပါသည်။
ဟန်မျိုးမွန်
No comments:
Post a Comment