ခောတ်သည် လူကို သြဇာပေးတတ်သည်။
လူလည်ခောတ်၏ သြဇာကို နာခံ၍ ရေလိုက်ငါးလိုက်နေသည်ရှိသော် လူသမိုင်းသည် ထွန်းပြောင်ခြင်းမရှိပါ။
အသက်ရှင်လျှက် သေဆုံးနေသော
လူကဲ့သို့ ဖြစ်နေလိမ့်မယ်။
ထိုသို့ မဖြစ်စေရန်အတွက်
မိမိသည် သူတစ်ပါး ခေတ်၏ အသုံးချခံ မဖြစ်ရန် အထူးပင်လိုအပ်လှပါသည်။
လူတစ်ယောက်၏ လုပ်ရပ်မှန်မမှန်ကိုလည်း
သမိုင်းကပဲ မီးမောင်းထိုးပြလိမ့်မည်။
ထို့ကြောင့် မိမိ၏ လုပ်ရပ်မှန်မမှန်ကို
အချိန်ကပဲ ဆုံးဖြတ်ပါလိမ့်မည်။
မိမိအနေနဲ့ကတော့ မှန်ကန်သော
လမ်းကိုပဲ လျှောက်ဖို့ပဲလိုပါသည်။
မှန်ကန်သော လမ်းကို လျှောက်နေတဲ့
လူတစ်ယောက်အနေနဲ့ အချိန်တန်ရင် နွားပိန်ကန်သည် စကားအတိုင်း မိမိ ရည်မှန်းထားသော မှန်ကန်သော
ပန်းတိုင်သို့ ရောက်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။
မိမိတို့ အမျိုးသားရေးသမားများအများစုသည်
ရည်ရွယ်ချက်တော့ တူပါသော်လည်း စရိုက်လက္ခဏာများ အမူအကျင့်များမတူနိုင်သောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် အမျိုးသားရေးသမားများသည်
မတူသော စရိုက်လက္ခဏာများအား အချင်းချင်း ပြုပြင်အကြံပေးပြီး မိမိတို့ လိုလားသော ပန်းတိုင်သို့
ချီတက်ရပေမည်။
မိမိတို့လိုလားသောပန်းတိုင်သည်
ရေတိုမဟုတ်ပါ ရည်ရှည်သာဖြစ်ပါသည်။ ဒါကိုတော့ သိသင့်ပါတယ်။
ခေတ်တွေကို ပြန်လှန်
ကြည့်ရရင် မြန်မာတို့သည် သမိုင်းတလျှောက်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံသား အဖြစ်နှင့်သာ
လူဖြစ်ခဲ့ကြရသည်။
ကမ္ဘာ့သမိုင်းကို ခြုံပြီး
ကြည့်တတ်သော မျက်စိဖြင့် ကြည့်လျှင် မြန်မာတို့သည် စည်းလုံးညီညွှတ်မှုသည် မကြာခဏ ပြိုကွဲပျက်စီးခဲ့ရသည်ကို
အခြားအခြားသော ဧကရာဇ် ပဒေသရာဇ် နိုင်ငံများနည်းတူ တွေ့ရလိမ့်မယ်။
ပုဂံပြည်ကြီးကို တရုတ်တို့
ထိပါး နှောင့်ယှက်သဖြင့် မြန်မာတို့သည် ဖရိုဖရဲ ပြိုကွဲပျက်စီးသော ဒဏ်ကို ခံခဲ့ကြရဖူးသည်။
စစ်ကိုင်း၊ ပင်းယ၊ အင်းဝ
၊မြင်စိုင်း ဟူသာ မြန်မာအချင်းချင်း အဏာလုပွဲကြီးများကြောင့် အမျိုးသားရေးစည်းလုံးညီညွှတ်ရေး
ပျက်ပြားသော ဒဏ်ကိုလည်း ခံခဲ့ရသည်။
မြန်မာတို့သည် ဘယ်လိုပဲ
မညီညွှတ်စေကာမူ အချင်းချင်းပြန်လည်ညီညွှတ်မှု ပြန်လည်ရယူနိုင်ပြီး မြန်မာတည်းဟူသော ပညတ်
မပျောက်ရလေအောင် အားထုတ်ခဲ့ကြသည်မှာ သမိုင်း၌ အထင်အရှားတွေ့နိုင်ပါသည်။
မြန်မာတွေ အချင်းချင်းစည်းလုံးညီညွှတ်မှုရှိတဲ့အချိန်တွင်
ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ် အောင်နိုင်ခဲ့သည်သာ
ထို့ကြောင့် မြန်မာတွေ
အချင်းချင်းစည်းလုံးညီညွှတ်မှုရှိနေခြင်းကို အိမ်နီးချင်းနိုင်ငံများအပါအ၀င် ဘယ်နိုင်ငံမှာ
မနှစ်မျို့ပါ။
ထို့အချက်ကို မလိုးလား၍
ခောတ်အဆက်ဆက် မြန်မာ့တွေ စည်းလုံးမှုမရှိစေရန် သွေးကွဲစေရန် သွေးထိုးခဲ့သည်ကို သမိုင်းကို
လေ့လာသူတိုင်း သိရှိပေလိမ့်မည်။
မြန်မာနိုင်ငံကို နယ်ချဲ့အလံကို ပထမဆုံး
စိုက်ထူသူမှာ ပေါ်တူဂီတို့ပင်ဖြစ်သည်။ ခရစ်နှစ် ၁၅၁၁ မှစ၍ ပေါ်တူဂီတို့သည် မြန်မာမင်းတို့
နဲ့ဆက်ဆံခဲ့ကြသည်။
၁၆ ရာစုအလယ်လောက်တွင် ပေါ်တူဂီတို့သည် ယိုးဒယားဘုရင်၊
ပဲခူးဘုရင်၊ တောင်ငူဘုရင်၊ အင်းဝဘုရင်၊ ရခိုင်ဘုရင် စသည့်တို့၏ လက်အောက်တွင် အမှုထမ်းခဲ့ကြသည်။
အချိန်တိုင်းတွင်လည်း အချင်းချင်းမတည့်အောင် သွေးထိုး ဂုံးချောနေသည်ကိုလည်း သမိုင်းမှတ်တမ်းများအရ
သိရသည်။
မြန်မာ့တွေ အချင်းချင်း မတည့်အောင်လုပ်ပြီး
မြန်မာနိုင်ငံရဲ့ ရတနာတွေကို ခိုးထုတ်သည် လုယူသည့်မှာလည်း ပေါ်တူဂီတို့ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏
တပင်ရွှေထီးမင်းကိုလည်း အရက်နဲ့ ဖျက်စီးခဲ့သည်မှာလည်း ပေါ်တူဂီတို့ပင်ဖြစ်သည်။
တောင်ငူဘုရင် နတ်ရှင်နောင်ကိုလည်း
ပေါ်တူဂီလူမျိုး ဖစ်လစ်ဒီဗရီတို ဖျက်စီးပြီး မြန်မာ့အရေးကို ၀င်ရောက်နှောင့်ယှက်ခဲ့ကြသည်။
သို့ပေမယ့် ခရစ်နှစ် ၁၆၁၃ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကြီးက
ငဇင်ကာကို သန်လျှင် မြို့တွင် ကားစင်တင်ပြီး သတ်ဖြတ်ခဲ့ပြီး နယ်ချဲ့ပယောဂ ရန်ကို ဖယ်ရှားပေးခဲ့ပြန်သည်။
ပေါ်တူဂီရန်ကင်းဝေပေးမယ့် အင်္ဂလိပ်၊
ပြင်သစ်တို့ က မြန်မာတွေကို နယ်ချဲ့ဖို့ ကြိုးစားပြန်လေသည်။
ခရစ်နှစ် 1824 တွင် အင်္ဂလိပ်တို့
စစ်ပွဲကို ဖန်တီးပြီး မြန်မာနိုင်ငံကို ကျူးကျော်ပြီး မြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကို
သိမ်းပိုက်ခဲ့ပါသည်။
မြန်မာတို့သည် ယခင်က သူတစ်ပါး လွှမ်းမိုးခြင်းခံခဲ့ရသည်ဆိုသည်မှာ လူမျိုးချင်း သွေးသားတော်စပ်သူတို့၏ လွှမ်းမိုးခြင်းကိုသာခံခဲ့ရဖူးသည်။
ထို့အထက်ပါအချက်များကို
ကြည့်၍ အမျိုးသားရေးသမားများအနေနဲ့သတိထားရမည်အချက်မှာ ရန်သူများသည် ကျားငစဉ်းလဲလို့
မိမိတို့၏ စည်းလုံးမှုကို ဖျက်စီးရန် အမြဲတမ်းကြံစည်နေသည့်အချက်ပင်ဖြစ်သည်။
အဲဒီအချက်ကို အမျိုးသားရေးသမားများအနေနဲ့
သတိကြီးစွာ ထားရပေမည်ဟု ကျွန်တော်ဟန်မျိုးမွန် အကြံပေးလိုက်ပါတော့သည်။
No comments:
Post a Comment