ပါရှန်း (အီရန်)
အီရန်ကုန်းမြေ
မြင့်၌ အခြေစိုက်နေထိုင်ကြသည့်
အရိယန်အမျိုးအနွယ်များမှ ဆင်းသက်လာသော လူမျိုးစုကို
ပါရှန်းလူမျိုးစု
ဟုခေါ်သည်။ အိန္ဒိယမှ ဗုဒ္ဓအနွယ်ဝင် ခတ္တိယလူမျိုးများကိုလည်း အရိယန်
မျိုးနွယ်များဟုပင်ခေါ်သည်
ပါရှန်းတို့သည်
ရှေးယခင်က
နတ်ဘုရားအများအပြားကိုးကွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရင်ကို
ဘုရားတဖွယ်
ကိုးကွယ်ခဲ့ကြသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင်တို့၏
အယူဝါဒမှာ လွှမ်းမိုးလာခဲ့သည်။
ယင်းသည် ယခုကိုးကွယ်နေသော
အယူဝါဒမတိုင်မီက အခြေအနေဖြစ်သည်။
ဗုဒ္ဓ၀ါဒနှင့်
ပတ်သက်၍မူ ပါရှန်းသည် မူလကတည်းက
အခြေပြုတည်ရှိခဲ့သည်မဟုတ်။ မြတ်စွာဘုရားရှင်လက်ထက်
သာသနာပြု
ရဟန်းတော်များ စေလွှတ်ခဲံရာ၊ အသောက မင်းကြီးလက်ထက် သာသနာပြု
ရဟန်းများ ရောက်ရှိခဲ့ရာ၊
ဗုဒ္ဓဘာသာ ခရီးသွား ရဟန်းများရောက်ရှိခဲ့ရာ
အီရန်နိုင်ငံ၏ နယ်စပ်ဒေသနေရာတစ်ခုဟာ ဆိုကောင်း
ဆိုနိုင်မည်ဖြစ်သည်။
ပါရှန်းလူမျိုးများနှင့်
ဗုဒ္ဓဘာသာတို့အကြေား
ဆက်နွယ်မှုများနှင့်ပတ်သက်၍မူ
ခိုင်မာသောအထောက်အထားတစ်စုံတစ်ရာမရှိပေ၊
ဘာသာကွဲ၍
မှတ်တမ်းမတင်ခဲ့သည်လည်းရှိမည်။ ဘာသာကွဲနှင့်
ဘာသာရေးခေါင်းဆောင်များ လွှမ်းမိုးသောဒေသဖြစ်၍
ဗုဒ္ဓဘာသာသည်
တစ်စွန်းတစ်စ အစိတ်အပိုင်းတစ်ရပ်မျှသာဖြစ်သည်။ ခိုင်မာသော
အထောက်အထားများကိုမူ
ယနေ့ထက်တိုင်ရှာဖွေနေဆဲဖြစ်သည် ။
မည်သို့ပင်ဆိုစေကာမူ
ယခုတွေ့ရှိသော အထောက်အထားများသည်
ဤမျှ အယူဝါtဒကွဲသော၊ အလွန်ဝေးလံသော နေရာဒေသတို့တွင်
ရှာဖွေတွေ့ရှိခြင်းဖြစ်ရာ ဗုဒ္ဓဘာသာဝင်များအဖို့ ၀မ်းမြောက်ဖွယ်
ဂုဏ်ယူဖွယ်ဖြစ်ပေတော့သည်။ ယင်းသည် မြတ်စွာရားရှင်၏ ဂုဏ်ကျေးဇူး၊
အသောကမင်းကြီး၏
ကျေးဇူးနှင့် ခရီးသွား
တရုတ်ရဟန်းတော်များ၏ ကျေးဇူးတော်များကြောင့်ဟုဆိုလျှင်
မှားမည်မထင်ပေ။
ပါရှန်းနိုင်ငံတော်ကြီး
ပေါ်ပေါက်လာခဲ့သည့် နောက်ပိုင်းကာလများတွင
ဟိန္ဒူကွတ်ရှိတောင်တန်း နှင့် ဘာမီယန်တောင်တန်းကြီးများကို
ကျော်လွန်၍
အာရှတိုက်အတွင်း၊ ဗုဒ္ဓသာသနာပျံ့နှံ့ရာ လမ်းကြောင်း နှစ်ခုရှိခဲ့သည်။
ပထမလမ်းကြောင်းမှာ အိန္ဒိယ မြောက်ပိုင်းမှ သီရိလင်္ကာနှင့်
အင်ဒိုချိုင်းနား
ကျွန်းဆွယ်တစ်လျှောက်ဖြစ်သည်။
ဒုတိယလမ်းကြောင်းမှာ အိန္ဒိယအနောက်ပိုင်း ဘက်ထရီးယား၊
တိုခါရစ္စတန်၊
ဆော့ဂ်ဒီယာနာာ၊ ဖာဂါနာ နှင့် တာရင်မြစ်ဝှမ်းတစ်လျှောက်မှ
တရုတ်နိုင်ငံထိ ဖြစ်သည်။
အဆိုပါလမ်းကြောင်းအနက်
ဒုတိယလမ်းကြောင်းသည် ရှေးခောတ်
ကမ္ဘာ့စီးပွားရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအနုပညာများကို
ဆက်စပ်ပေါင်းကူးပေးသော ပိုးလမ်းမ
(ခေါ်) ရှေးခေတ် နိုင်ငံတကာလမ်းမကြီးဖြစ်သည်။ ထိုလမ်းမကြီး
အကျိုးကျေးဇူးကြောင့်ပင် ဗုဒ္ဓသာသနာသည် အနောက်သို့တိုင်
ပျံ့နှံ့ထွန်းကားလာခဲ့သည်ဟု
ဆိုရမည်ဖြစ်သည်။
အာဆာစစ် ခေတ်နှင့်
ဆာဆာနီးယန်း ခောတ် အစ္စလာမ်သာသနာ
မတိုင်မီ ရှေးဟောင်း ပါးရှန်း အနုပညာလက်ရာများအရ ပါရှန်းဒေသတွင်
ဗုဒ္ဓဘာသာဝင်များ မရှိကြောင်း
ယူဆနိုင်သော်လည်း ပြည်ပနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်းများ၏
အဆိုတို့ကို
အထောက်အထားတစ်ခုအဖြစ် ရယူနိုင်မည်ဖြစ်သည်။
တရုတ်ခောတ်ပြိုင်မှတ်တမ်းများအရ
တရုတနိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့သော
ဗုဒ္ဓသာသနာပြုအဖွဲ့ဝင် အန်ရှိကျို့သည်
အထောက်အထားတစ်ခု
ဖြစ်လာခဲ့သည်။ အန်ရှီကျို့သည်
ပါသီယန်နိုင်ငံ၏ တော်ဝင်မိသားစုမှဆင်းသက်လာသော
မင်းသားတစ်ပါး
ဖြစ်သည်။
ဘီစီ ၂၄၀
နှင့် အေဒီ ၂၂၄ ခုနှစ် ပါသီယန်နိုင်ငံတော်ကြီးကို
အဆာစစ်မင်းဆက် အုပ်စိုးစဉ်ကာလ (အသောကမင်းကြီး၏
မတိုင်မီ) က
ပါရှန်းဒေသည် ဗုဒ္ဓ၀ါဒနှင့် တစ်နည်းတစ်ဖုံပတ်သက်မှုရှိကြောင်းကို
အန်ရှီကျို့၏
တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဒေသ၌ ဖြစ်ထွန်းမှုကို ရှေးဟောင်း သုတေသီတို့က
အေဒီ ၄ရာစုတွင်
စတင်ခဲ့ကြောင်း ယူဆကြသည်။ အင်န်ဆင်ဝီလျံ၏ အဆိုအရ
ဗုဒ္ဓသာသနာဆိုင်ရာ ဝေါဟာရများကို
ု၃ ရာစုမတိုင်မီကပင် ပါသီယန်တို့၏
ဘာသာစကားအတွင်း မွေးစားအသုံးပြုလာခဲသည်ဟု ဆိုသည်။
အီရန်ဒေသ
မာ့ဗ်မြို့တော် တည်ရှိရာဝန်ကျင်ဒေသသည်
အန်ရှိကျို့၏ မွေးရပ်မြေဖြစ်ကြောင်း၊ မာဂျီယာနာဒေသတွင်
တူးဖော်တွေ့ရှိခဲသော ရှေးဟောင်း သုတေသန အထောက်အထားများက
တိတိကျကျ ပြသလျက်ရှိသည်။ အေဒီ
၆၀ ခုနှစ်ဝန်းကျင်ကာလ
ကက်ရှ်နာလူမျိုးများနှင့် ပါသီယန်ဘုရင် နိုင်ငံတော်သည် အန်ရှိကျို့
သာသနာပြုအဖွဲ့ ခရီးစတင်ရာ ဖြစ်ပေကြောင်း ဆိုရမည်ဖြစ်သည်။
No comments:
Post a Comment