Thursday, February 27, 2014

ဘူတန်


ဘူတန်

       မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် မဇ္ဈိမဒေသ၏ 

သာသနာဖြန့်ကြက်ရာဒေသနှင့်အလှမ်းမကွာသော နေရာဒေသများတွင် 

ဘူတန်နိုင်ငံလည်း အပါအ၀င်ဖြစ်သည်။ အသောကမင်းကြီးလက်ထက် 

သာသနာပြုရဟန်းတောများ စေလွှတ်ခဲ့ရာ ဒေသတစ်ခုလည်းဖြစ်ခဲ့ပါသည်။ 

ဘူတန်နိုင်ငံသို့ ဗုဒ္ဓအမွေအနှစ်များ စတင်ရောက်ရှိခဲ့ရာ ကာလမှာ 

အသောကမင်းမှ စတင်ခဲ့သည်ဟု ဆိုသော်လည်း ဘူတန်နိုင်ငံ 

ဗုဒ္ဓဘာသာ အေဒီ ၇ ရာစုမှ စတင်ခဲ့သညဟု ဆိုပါသည်။

       ဘူတန်နိုင်ငံတွင် တိဗက်တန်ဘုရင် ဆောင်ဆန်ဂမ်ပိုက 

ပါရိုတောင်တန်းဒေသရှိ ကြိချူအရပ်၌ ဗုဒ္ဓဘုရားကျောင်းများ 

စတင်တည်ဆောက်ခဲ့သည် အေဒီ ၇ ရာစုကဟုဆိုလိုပါသည်။ 

ယခုပါကစ္စတန်နိုင်ငံ အနောက်မြောက်ဒေသတွင်ရှိသည့် 

ဆွတ်တောင်ကြားဒေသတွင် လှည့်လည်သွားလာခဲ့သော သူတော်စင် 

ပတ်ဒမာဆမ်ဘာဘသည် အေဒီ ၈ ရာစုတွင် ဘူတန်နိုင်ငံကို မဟာယာန 

ဗုဒ္ဓဘာသာ အယူဝါဒသင်ကြားခြင်းကို ယူဆောင်လာခဲ့သူ ဂရုရင်ပိုချီအဖြစ် 

ထင်ရှားကျော်ကြားလာခဲ့သည်။ ဗုဒ္ဓဟောကြားတော်မူသော မဂ္ဂင်း(၈)ပါးကို 

ရင်ပိုချီက သရုပ်သကန် မှန်ကန်စွာ တင်ပြဟောကြားနိုင်ခဲ့သည်။ ထို့နောက် 

ဗုဒ္ဓအယူဝါဒသည် ဘူတန်နိုင်ငံတွင် ဆက်လက်ထွန်းကား ပြန်ပွားခဲ့သည်။ 

ဘူတန်နိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု အနုပညာ 

ရှင်သန်ထွန်းကားခဲ့သော်လည်း ငလျင်ဒဏ်များနှင့် မီးဘေးသင့်ခြင်းများကြောင့် 

ဗုဒ္ဓဘာသာဆိုင်ရာ ဘူတန်လက်ရေးမှတ်တမ်းနှင့် သမိုင်းဝင်မှတ်တမ်းများ 

ဆုံးရှုံးခဲ့ရသည်မှာ ၀မ်းနည်းကြေကွဲဖွယ်ပင်ဖြစ်သည်။

       သာသနာနှစ် ၂၂၁၄ ခန့်တွင် တိဗက်လူမျိုးများသည် 

ဘူတန်ပြည်ကို အောင်နိုင်သဖြင့် တိဗက်လားမား ဗုဒ္ဓဘာသာ 

သာသနာထွန်းကားလာခဲ့သည်။ ဘူတန်ပြည်၌ တိုင်းပြည်အုပ်ချုပ်သူကို 

ဓမ္မရာဇာ၊ ဟုခေါ်၍ သာသနာပိုင်ကို ဒေ၀ရာဇဟုခေါ်သည်။

တက်ခ်ဆန်းဘုန်တော်ကြီးကျောင်း


(ဤဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသည် ဘူတန်နိုင်ငံ အနောက်ပိုင်း 

တာရိုတောင်ကြား၌ တည်ရှိသည်။ မီတာ 

၉၀၀ မြင့်မားသော တောင်ကြောပေါ်တွင် တည်ရှိသည်။ အေဒီ ၇ ရာစု 

ဘူတန်နိုင်ငံတွင် ဗုဒ္ဓဘာသာကို မျိုးစေ့ချခဲ့သော ဂရုရင်ပိုချီသည် 

ယင်ဘုန်းတော်ကြီးကျောင်းရှိ လှိုဏ်ဂူတစ်ခုထဲတွင် 

တရားအားထုတ်ခဲ့သည်ဟုဆို၏)

No comments:

Post a Comment