Thursday, February 27, 2014

မည်သို့သော်အကြောင်းကြောင့် အမျိုးဘာသာ သာသနာ လုပ်ငန်းများသည် (လူ့အခွင့်အရေး)ထက် ပိုအရေးကြီးသလဲဆိုတာ တတ်နိုင်သလောက် ချဉ်းကပ်တင်ပြခြင်း (ဟန်မျိုးမွန်)


လူတို့သည် လောကကိုကြည့်ရာတွင် အမြင့်သုံးမျိုးဖြင့် ကြည့်တတ်ကြ၏။
အမြင်သုံးမျိုးဖြင့် ကြည့်တတ်ကြခြင်းမှလည်း မျက်စိသုံးမျိုးရှိသောကြောင့်ဖြစ်၏။ 


မျက်စီသုံးမျိုးဖြင့် ကြည့်လျှင် အမြင်သုံးမျိုးဖြင့်ဖြင့် လောကကို မြင်မည်မှာ သေချာ၏။
လောကကိုကြည့်ရာတွင် 


၁။ ပပဉ္စမျက်စီ (တဏှာ မျက်စိ၊ မာနမျက်စိ၊ ဒိဌိမျက်စီ)
ဤအမြင်မျိုးဖြင့် လောကကို မကြည်မိအောင် မြတ်စွာဘုရားက သွင်သင်ဟောတော်မူ၏။
 

၂။ ဗြဟ္မစိုရ်မျက်စီ (လူများကိုဖြစ်စေ၊ ဘာသာကိုဖြစ်စေ၊သာသနာကိုဖြစ်စေ ကြည့်မည်ဆိုပါလျှင် အားလုံး လူသာတည်းဟူသော မူရင်းဇာစ်မြစ်ကို မြင်အောင် ကြည့်ခြင်း)
 

၃။ ကတညုတမျက်စီ (လောကကို ကျေးဇူးတင်တတ်သော မျက်စီဖြစ်၏)
ကတညုတမျက်စီ (လောကကို ကျေးဇူးတင်တတ်သော မျက်စီဖြစ်၏)
အားလုံး ချစ်စရာ၊ ကြင်နာစရာ၊ ၀မ်းသာစရာ၊ ခွင့်လွှတ်စရာများထဲမှ ကျေးဇူးတင်စရာကို မြင်အောင်ကြည်တတ်ဖို့ လိုသေးပါသည်။


 ကျေးဇူးတင်စရာကို `ကတညုတ မျက်စီ´ဖြင့် ကြည်မှ မြင်၏။ လောကအပေါ် ကျေးဇူးတင်တတ်လျှင် ထိုကျေးဇူးကို တစ်နည်းနည်းဖြင့် လောကအား ပြန်ဆပ်မည်။ အခြားတစ်စုံတစ်ရာ မျှော်လင့်ခြင်းသည် ကျေးဇူးဆပ်ခြင်း၏ အနက်ဖြစ်ပါသည်။ လောကတွင် ဤအမြင်မျိုးဖြင့် ဆောင်ရွက်ခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း မြတ်စွာဘုရားက ဟောကြားတော်မူ၏။
ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် အားလျော်စွာ ကျွန်တော်တို့၏ အမျိုးဘာသာ၊ သာသနာအတွက် ကာကွယ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ရာ၌ ဤ ကတညုတ အမြင်မျိုးသာ အားထုတ်အပ်ပါမည်။


ကျွန်တော်တို့သည် မိမိတို့၏ အမျိုးကို ချစ်ကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ ချစ်သည်ပင်ဖြစ်ပါ၏။ သို့ရာတွင် ကတညုတ မျက်စီဖြင့်ကြည့်သောအခါ ပဌာန်း ပါဠိတော် ဥပနိဿယပစ္စည်းအရ ကျွန်တော်တို့အပေါ်၌ ကျွန်တော်တို့လူမျိုးက ပို၍ ကျေးဇူးကြီး၏။ ထို့ကြောင့် အခြားလူမျိုးအပေါ်ထက် ကျွန်တော်တို့ လူမျိုးများအပေါ် ကျွန်တောတို့က ပို၍ ကျေးဇူးကြီး၏။ ထို့ကြောင့် အခြားလူမျိုးများအခွင့်အရေး(Human Right)ထက် ကျွန်တော်တို့လူမျိုးများ အခွင့်အရေး (National Right)ကို ပို၍ ဂရုစိုက်ပြီး လုပ်ရပါမည်။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများကလည်း `နရယည´ ဟူ၍ ဆို၏။ နရယည ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ လူမျိုးများဟူ၍ ဖြစ်၏။
ဆိုလိုသည်ကား ကျွန်တော်တို့သည် မွေးဖွား ကြီးပြင်သည့် ပညာသင်ကြားသည့် ၀မ်းစာရှာစားရသည့် အချိန်အခါတိုင်း မိမိတို့လူမျိုးများနှင့်ပတ်သက်ပြီး ပြုလုပ်ရသည်။
ထို့ကြောင့် ကျေးဇူးအရင်ဆပ်သင့်တာက မိမိတို့လူမျိုးများသာဖြစ်သည်။
ထိုနည်းတူ ကျွန်တော်တို့သည် မိမိတို့၏ ဘာသာကို မြတ်နိုးကြ၏။ ကမ္ဘာ့ပေါ်ရှိ အခြားလူမျိုးတို့၏ ဘာသာများကိုလည်း ဗြဟ္မစိုရ်မျက်စီဖြင့် ကြည့်၍ မြတ်နိုးထိုက်ပါသည်။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်ပါက ကျွန်တော်တို့၏ ဘာသာက အခြားလူမျိုးများ၏ ဘာသာထက် ကျွန်တော်တို့အပေါ် ပို၍ ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့သည် အခြားလူမျိုးများ၏ ဘာသာများအပေါ်ထက် ကျွန်တော်တို့၏ ဘာသာအပေါ်ပို၍ ကျေးဇူးဆပ်ရ၏။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏ ကျမ်းများက `ဗြဟ္မယည´ ဟူ၍ ဆို၏။ ဗြဟ္မယည ဟူသည်မှာ ကြီးမြတ်သောပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ စာပေများဟူ၍ ဖြစ်၏။ 


အလားတူပင် ကျွန်တော်တို့သည် ဗြဟ္မစိုရ်မျက်စီဖြင့် ကြည့်၍ အခြားလူမျိုးများ၏ ဘာသာ၊ သာသနာကို လေးစားသည်ပင်ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စီဖြင့် ကြည့်သောအခါ ကျွန်တော်တို့၏ သာသနာက ကျွန်တော်တို့အပေါ်ပို၍ ကျေးဇူးများ၏ ။ ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ သာသနာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက `ဒေ၀ယည´ဟူ၍ ဆို၏။ ဒေ၀ယည၏ အနက်မှာ ကြီးမြတ်သော ပူဇော်ခြင်း ပူဇော်အပ်သော ဘုရားဟူ၍ ဖြစ်၏။
သို့ရာတွင် ကျွန်တော်တို့၏ ဘုရားကား အခြားသူများ၏ ဘုရားနှင့်မတူ။ ထို့ကြောင့် ကျွန်တော်တို့၏ သာသနာသည်လည်း အခြားသူများ၏ သာသနာနှင့်မတူချေ။ ဤသည်မှာ ကတညုတမျက်စိဖြင့် လောကကို ကြည့်သောအခါ မြင်ရသော အမြင်များဖြစ်၏။ ဤအမြင်မျိုးဖြင့်သာ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို ကာကွယ်သည့်ထက် ပို၍ ကာကွယ်ခြင်း၊ တိုးတက်သည်ထက် တိုးတက်အောင်၊ သန့်ရှင်းသည့်ထက် သန့်ရှင်းအောင် ၊ ပြန့်ပွားသည်ထက် ပြန့်ပွားအောင် အားထုတ်အပ်ပါ၏။

ကမ္ဘာ့ပေါ်ရှိ လူဦးရေး သန်း ၇၀၀၀ ကျော်ခန့်ရှိပါသည်။
အဲဒီထဲမှာ ဘာသာတွေကို ကိုးကွယ်တဲ့ လူတွေအရေအတွက်က အောက်ပါအတိုင်း တွေ့ရှိရပါသည်။

ခရစ်ယာန်ဘာသာဝင်က သန်း (၂၀၀၀)ကျော် အတိအကျကတော့ 2133033227 ဖြစ်ပါတယ်ဗျာ
ဒုတိယ အစၥလာမ္ဘာသာပါ ။ သန်း (1600)ကျော် ဒုတိယ လိုက်နေပါတယ်ဗျာ
အတိအကျကတော့ 1663486553 ပါ။


တတိယကတော့ ဘုရားမဲ့ဝါဒပါ။ သူက သန်း (1119)သန်းကျော်နဲ့ တတိယလိုက်ပါတယ်။ အတိအကျကတော့ 1119628472 ပါ။


စတုတ္ထကတော့ ဟိန္ဒူဘာသာပါ။ သူကတော့ သန်း(902)ကျော်ပါ။ အတိအကျကတော့ 902803201 ပါ။
ငါးခုမြောက်ကတော့ ရိုးရာကိုးကွယ်မှု (နတ်)ပါ။ သန်း 792 သန်းကျော်။ အတိအကျကတော့ 792924414 ပါ။


ခြောက်ခုမြောက်ကတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာပါခင်ဗျာ သန်း 457890216 ပါ သန်း(457)သန်းကျော်ပါ။


ဒီထဲမှာ ထေရ၀ါဒကိုးကွယ်မှုက 124 သန်းဘဲရှိတယ်ဗျာ။ ကျန်တကာ မဟာယနလေ။
ဒါပေမဲ့ 1951 တွက်ချက်မှုအရ ဗုဒ္ဓဘာသာ ကမ္ဘာ့ပေါ်မှာ ကိုးကွယ်မှုအများဆုံးဘာသာပါ သန်း(၅၂၀)နဲ့ပေါ့ဗျာ။


ဒီလိုဖော်ပြခြင်းသည် သိရုံသာ ဖော်ပြခြင်းဖြစ်ပါသည်။ သူတို့ဘာသာသည် ကျွန်တော်တို့ဘာသာထက် အရေအတွက်ပိုများလို အားကျစရာမလိုပါ။ 


အမှန်အားဖြင့် အရေအတွက်ထက် အရည်အချင်းသည်ပိုအရေးပါသည်။ လောကသည် အရေအတွက်ရှိသည်လူဦးရေသည် အရည်အချင်းရှိသူထက် သာလွန်များပြားလျှက်ရှိသည်။


အရေအတွက်သည် အားသစ်ကို မဖြစ်ပေါ်စေနိုင်ဘဲ အရည်အချင်းသည်သာ အားသစ်ကို ဖြစ်ပေါ်စေနိုင်၏။ ဒဿနကျမ်းများ၌ အရေအတွက်အရ ဖွဲ့စည်းခြင်းကို `သံယောဟသမ္ဗန္ဓ´ ဟူ၍ ခေါ်ပြီး အရည်အချင်းအရ ဖွဲ့စည်းခြင်းကို `သမ၀ါယသမ္ဗန္ဓ´ဟူ၍ ခေါ်၏။ အမှန်အားဖြင့် အရည်အချင်းအရ ဖွဲ့စည်းနိုင်ပါမှလည်း ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာသည် တကယ်တမ်းတိုးတက်နိုင်မည်ဖြစ်၏။


ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တကယ်တမ်းကာကွယ်တိုးတက်စေလိုပါလျှင် လောကကို ကတညုတမျက်စိဖြင့် ကြည့်ပြီး အရေအတွက်အရ ဖွဲ့စည်းမှု သံယောဂသမ္ဗနည်းထက် အရည်အချင်းအရ ဖွဲ့စည်းမှု သမ၀ါယမ သမ္ဗနည်းဖြင့် လုပ်သင့်ပါ၏။ ဤနည်းမှာ ဗုဒ္ဓအလိုကျနည်းလည်း ဖြစ်ပါ၏။


ထို့အထက်ပါအတိုင်း ကျွန်တော်၏ ရှင်းလင်းတင်ပြသည့်အတိုင်း အမျိုးဘာသာ သာသနာ လုပ်ငန်းများအား ကတညုတ မျက်စိဖြင့် ကြည့်၍ ဆောင်ရွက်ကြိုးပမ်းသင့်ကြောင့် တင်ပြလိုက်ပါသည်။


ဟန်မျိုးမွန်

No comments:

Post a Comment