Thursday, February 27, 2014

ခိုတန် (တာကစ္စတန်)






တတိယ သင်္ဂါနာတင်အပြီး သီရိဓမ္မာသောကမင်းကြီးသည်

ကိုးတိုင်းကိုးဌာနသို့ ထေရ၀ါဒဗုဒ္ဓသာသာနာပြုရဟန်းတော်များ စေလွှတ်ခဲ့ရာတွင် ယေ

နကလောကတိုင်းတွင် ပါဝင်သော ခိုတန်ပြည်သို့ မဟာရက္ခိတထေရ်

သွားရောက်ခဲ့သည်။

သို့သော် အယူကွဲ၊ ၀ါဒကွဲများ အားကောင်းမှုကြောင့် ထေရ၀ါဒသာသနာတော်မှာ

မထွန်ကားပဲ မဟာယာန၀ါဒသည်သာ ယနေ့ထက်တိုင် ထွန်းကားလျက်ရှိပါသည်။

ခိုတန်ပြည် ဗုဒ္ဓသာသာနာတော် သမိုင်းကို တရုတ်နှင့် တိဗက်မှတ်တမ်းများတွင်

အများဆုံးတွေ့ရသည်။ တရုတ်ပြည် ဗုဒ္ဓသာသနာကို တင်ပြရာတွင် ခိုတန်ပြည်သည်

အရေးပါသော အခန်းကဏ္ဍာမှ ပါဝင်ခဲ့သည်။

မဟာရက္ခိတမထေရ် နောက်ပိုင်း ခိုတန်ပြည်ကို မထမဆုံး

သာသနာပြုကြွရောက်သော ရဟန်းတော်မှာ ဝေရောစနရဟန္တာ အရှင်မြတ်ဖြစ်သည်။

ခိုတန်ဘုရင် ၀ိဇယ သမ္ဘ၀သည် ထိုအရှင်မြတ်အား ကြည်ညိုသဖြင့်

သမဏ၀ိဟာရခေါါ် ကျောင်းတိုက်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်

မဟာယနဘုရားကိုးကွယ်မှုမှာ ခိုတန် သာသနာပြု ရဟန္တာဝေရောစန ကိုးကွယ်မှုမှ

စတင်သည်ဟု ယူဆရသည်။ ၄င်းနောက် မင်းဆက်များကလည်း

ဗုဒ္ဓကျောင်းတော်များ ဆောက်လုပ်လှူဒန်းခဲ့ကြသည်။ သာသနာနှစ် ၉၄၈ ခုနှစ်တွင်

တရုတ်ခရီးသည် ဖာစီယန်သည် ခိုတန်ပြည်သို့ ရောက်၍

ဘုရား၊ စေတီ၊ ကျောင်းတိုက်များအကြောင်းကို

မှတ်တမ်းတင်ခဲ့သည်။ ဂေါမတိဝိဟာရ ကျောင်းတိုက် တစ်ခုတည်းမှာပင် ရဟန်း ၃၀၀၀

ရှိသည်ဟု ဆိုသည်။

ဖာစီယန်မတိုင်ခင် တရုတ်ဘုရားဖူးခရီးသည် ရှင်ကျင့်က ခိုတန်ကို

မှတ်တမ်းတင်ခဲ့သေးသည်။ ဘာမီယန်တောင်တန်းကြးသည်

ဂန္ဓရဒေသ၊ ယောနကတိုင်းနှင့် ခိုတန်နိုင်ငံ (ယခုတာကစ္စတန်)တို့အတွင်း

တည်ရှိသည်။ ဟိမ၀န္တာ တောင်တန်းကြီး

အနောက်မြောက်ဘက်ရှိ မြင့်မားသော ရေခဲတောင်ကြီးဖြစ်သည်။

ထိုတောင်တန်းကြီး၏ ဒုတိယအမြင့်ဆုံး မက်စ်အက်တာ တောင်ထိပ်သည် ပေပေါင်း

၂၄၃၈၈ ပေမြင့်မားသည်။

တရုတ်ဘုရားဖူးခရီးသည် ရှင်ကျင့်သည် ကက်ရှ်မီးယားဒေသကို ဖြတ်သန်း၍

ဗာမီယန်တောင်တန်း၏ မက်စ်အက်တာတောင်တန်းမှတစ်ဆင့် ကက်ရှ်ဂါမြို့အရောက်

သာသနာပြုခရီးသွားခဲ့သည်ဟု သူ၏ မှတ်တမ်းတွင် ဆိုထားသည်။

ဗုဒ္ဓဘုရားရှင်လက်ထက်က မက်စ်အက်တာတောင်ထိပ်ပေါ်တွင်

တရားကျင့်ကြံအားထုတ်သော ရဟန်းတစ်ပါးက စေတီတစ်ဆူ

တည်ထားကိုးကွယ်ခဲ့ကြောင်းရှင်ကျင့်က မှတ်တမ်းတင်ထားခဲ့သည်။

ရှင်ကျင့်သည် မက်စ်အက်တာတောင်တန်းဝန်းကျင်မှ ကုန်ပြင်မြင့်များသို့

ဆင်းလာပြီး ဂတ်မြစ်တောင်ကြားတစ်လျှောက်မှ တာရင်းမြစ်ဝှမ်းများဆီသို့

သွားရောက်ခဲ့သည်။ ထိုမှကက်ရှ်ဂါသို့ ခရီးဆက်ခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်ကာလမှာ အေဒီ ၆၄၄ ခုနှစ်ဖြစ်သည်။ သူ၏ သာသနာပြုခရီးတစ်လျှောက်

ဘုန်းတော်ကြီးကျောင်းများစွာ တွေ့ခဲ့ရသည်။ အများစုမှာ မဟာယန

ဘုန်းတော်ကြီးများ ဖြစ်သည်။ ရှင်ကျင့်သည် မူစတာအက်တ်ာမှ ကက်ရှ်ဂါ-ခိုတန်သို့

ကုလားအုတ်စီး၍ နှစ်ပတ်အကြာ သွားရောက်ခဲ့သည်။

ခိုတန်နိုင်ငံသားများသည် ယဉ်ကျေးသိမ်မွေ့ပြီး ဂီတအနုပညာကို မြတ်နိုးသည်။

ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို လေးနက်စွာ လိုက်နာကျင့်သုံးကြသည့် မဟာယန

ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ သံဃာတော် ၅၀၀၀ခန့်မျှရှိ၍ ဘုန်းတော်ကြီးကျောင်း

ရာနှင့်ချီ၍ ရှိသည်။ သာသနာပြုဘုန်းတော်ကြီး

ရှင်ကျင့် ဖြတ်သန်းခဲ့သော ခောတ်ကာလက ခိုတန်နိုင်ငံ၏

မြို့တော်မှာ ယော့တန်အရပ်၌ တည်ရှိခဲ့သည်။

မြို့တော်နှင့် ဆယ်လီခန့် (တစ်လီသည် တစ်မိုင်၏

သုံးပုံတစ်ပုံ)ဝေးသောနေရာတွင် ဗီရိုချန အထိမ်းအမှတ်ကျောင်းတော်ရှိသည်ဟု

ရှင်ကျင့်က ဆိုသည်။ ယနေ့ကာလတွင် မြို့တော်ဟောင်းနေရာ၌

စိုက်ခင်းများသာ တွေ့ရပြီး၊ အကြွင်းအကျန်အပျက်အစီးများ မတွေ့ရချေ။ ယနေ့

ခိုတန်မြို့တော်၏ တောင်ဘက် ၂၅ ကီလိုမီတာ အကွာတွင် မီလိကာဝတ်ဟု

လူသိများသော ဗုဒ္ဓကျောင်းတစ်ကျောင်း၏ အကြွင်းအကျန်များကို တွေ့ရသည်။

ရှင်ကျင့် တွေ့ရှိခဲ့သော ကျောင်းတော်များမှာ အဆိုပါ

မိလိကာဝတ်ကျောင်းတော်သာ ဖြစ်ဟန်ရှိသည်။ ကျောင်းတော်ကြီးသည် အေဒီ

၉၈၀-၁၀၀၀ ခန့်က တာကစ်ခ်ျသောင်းကျန်းသူများ၏

ကျူးကျော်ဝင်ရောက်ဖျက်စီးခံခဲ့ရဖွယ် ရှိသည်။

သာသနာနှစ် ၁၅၀၀ ကျော်တွင် တူရကီ လူမျိုး ယူဆစ်ကဒရ်ခန် ဦးဆောင်သော

မူဆလင်စစ်တပ်က ခိုတန်ပြည်ကို သိမ်းပိုက်ရာ သာသနာကွယ်ပ၍ ခိုတန်ပြည်ဟူသော

အမည်ကွယ်ပျောက်ကာ တာကစ္စတန်ဟူသော ပြည်သစ်ဖြစ်ပေါ်လာသည်။ ယခင်က

ဆီုဗီယက်ပြည်ထောင်စုအတွင်းက ပြည်နယ်တစ်ခုဖြစ်ပြိး

ယခုအခါခွဲထွက်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ယခုတာကစ္စတန်ပြည် သဲကန္တရများ၏

အလယ်တွင် ဘုရားစေတီအပျက်များ၊ ကျောင်းတိုက်အပျက်များနှင့်

ရုပ်ပွားတော်အကျိုးအပျက်များမှာ အတိတ်က ခိုတန်ပြည်၏ ဗုဒ္ဓသာသနာတော်

ထွန်းကားခဲ့ပုံကို ၀မ်းနည်းကြေကွဲဖွယ် ယခုကဲ့သို့ တွေ့မြင်ရသည်။

No comments:

Post a Comment