Wednesday, February 26, 2014

ထိုင်းနိုင်ငံ နှင့် ဗုဒ္ဓဘာသာ



ထိုင်းနိုင်ငံ နှင့် ဗုဒ္ဓဘာသာ

 

       ထိုင်းနိုင်ငံသည် ဗုဒ္ဓရုပ်ပွားတော်များစွာ စံပယ်ကိန်းဝပ်ရာ နိုင်ငံဖြစ်ပြီး 

မြို့တော်များတွင် သာကမ ကျေးလက်ဒေသတိုင်းတွင် ဗုဒ္ဓဆင်းတုတော်များ 

ကိန်းဝပ်စံပယ်လျက်ရှိသည်။

       ထိုင်းနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိသောကာလမှာ မြတ်စွာဘုရား 

ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၀၀ ကျော်ကာလတွင် 

အသောကမင်းကြီးစေလွှတ်သော ရှင်သောနနှင့် 

ရှင်ဥတ္တရဘုမ္မိဟု ခေါ်တွင်လေသည်။ 

အနော်ရထာမင်းကြီးသည် ထေရ၀ါဒဗုဒ္ဓဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာကို 

ပုဂံသို့ဆောင်ယူပြီးသည်နောက် ဗုဒ္ဓ သာသနာတော်ကို ထိုင်းနိုင်ငံသို့ပါ 

ပျံ့နှံ့ရောက်ရှိလာခဲ့သည်။

       ထိုင်းဘုရင်  မန်ဂရိုင်းသည် အနော်ရထာမင်းကို အားကျပြီး ပုဂံသို့ 

သွားရောက်လေ့လာကာ ဇင်းမယ်နေပြည်တော်သို့ ပြန်လာပြီး မြို့စွန်၌ 

ဘုရားတစ်ဆူ၊ မြို့တွင်း၌ ဘုရားတစ်ဆူ တည်ထားကိုးကွယ်သည်။


 အိန္ဒိယမှ ဗုဒ္ဓဂါယာစေတီမူကြမ်းကို ပုဂံတွင်လေ့လာခဲ့သော မန်ဂရိုင်းသည် 

ဇင်းမယ်မြို့ပြင်၌ မဟာဗောဓိ (ဗုဒ္ဓဂါယာ)စေတီတော်ကို ခမ်းနားစွာ 

တည်ထားကိုးကွယ်ကာ လပြည့်လကွယ်နေ့တိုင်း ဘုရင်ကိုယ်တော်တိုင် 

ဆင်ဖြူတော်စီးလျက် ရုပ်ပွားတော်ကို လာရောက် 

ဦးခိုက်လေ့ရှိသည်။ သောက္ကတဲသည် ဗုဒ္ဓသာသနာ ထွန်းကားရာ 

မြို့တော်ဖြစ်ခဲ့ပြီး သားတော်၊ မြေးတော်များ လက်ထက်တိုင်အောင် 

ထွန်းကားခဲ့သည်။

       သောက္ကတဲမင်းဆက် ပျက်သုဉ်းပြီး အယုဒ္ဓယမြို့တော်ကို 

တည်ထောင်သော မင်းဆက်များ တက်လာသောအခါ 

အင်ဒိုချိုင်းနားကျွန်းဆယ် 

အပါအ၀င် ကမ္ဘောဒီးယားမှ အန်ကောမြို့တော်အထိ သိမ်းပိုက်ခဲ့သည်။ 

အန်ကောဝပ်ကျောင်းတော်သည် ထိုင်းဘာသာစကားဖြစ်သည်။ 

အယုဒ္ဓယမြို့တော်တွင် ဘုရားပုထိုးများ 

အမြောက်အမြားတည်ထားခဲ့သည်။ အေဒီ ၁၇၆၇ တွင် 

အယုဒ္ဓယမြို့တော်သည် မြန်မာ့ မြန်မာနှင့် စစ်မက်ဖြစ်ပွားခဲ့ရာ 

ပျက်သုန်းခဲ့ရသည်။ အယုဒ္ဓယမင်းဆက် ၃ ဆက် ပျက်သုန်းပြီးနောက် 

မြို့တော်ကိုလည်း ဗန်ကောက်သို့ ပြောင်းရွှေ့ တည်ထောင်ခဲ့သည်။


အေဒီ 1468-1488 တွင် အယုဒ္ဓယဘုရင် ဘိုရိုမာထရိုတြိလောကနာထက 

ပီဆန်လောက်တွင် စူဠာမဏီစေတီတော်ကြီးကို တည်ထားကာ 

ဘုရင်ကိုယ်တိုင်ဘောင်သို့ဝင်၍ ရှစ်လတိုင်တရားအားထုတ်ခဲ့သည်။ အေဒီ 

1610-1628 တွင် စွန်ဒမ်ဘုရင်သည် ဆာရာဘူရီမြို့အနီးတွင် ဗုဒ္ဓခြေတော်ရာ 

တစ်ဆူ တည်ထားခဲ့သည်။ အယုဒ္ဓယပျက်သုန်းပြိးနောက် 

ဗန်ကောက်မြို့တော်သစ် ထူထောင်ကာ ချော်ဖယားချာကရီဘုရင် 

နန်းတက်သည်။ အေဒီ 1910 ပြည့်နှစ်အထိ ချာကရီမင်းဆက်ခြောက်ဆယ် 

အုပ်ချုပ်ခဲ့သည်။



ထိုင်းနိုင်ငံမြို့မှ အနောက်မြောက်ဘက်မိုင် (၆၀) အကွာ နခွန်ပထုပ်မြို့တွင် 

နခေါန်ပထောန် ဟုခေါ်တွင်သည့် စေတီကြီးတစ်ဆူရှိသည်။ 

ထိုစေတီတော်သည် ရွှေတိဂုံစေတီတော်ထက် ဥာဏ်တော် ပေ (၄၀) 

ပိုမြင့်သည်။ ထိုင်းနိုင်ငံ၌ ပထမဦးဆုံးစတည်သော စေတီဖြစ်သည်။ ထိုင်းနိုင်ငံ 

ဗန်ကောက်မြို့တော် နန်းတော်ဟောင်းအနီးတွင် တန်ခိုးကြီး မြဘုရားရှိသည်။ 

ဝပ်ဖရာကို 

ဘုရားကျောင်းတော်ဟုလည်း ခေါ်တွင်သည်။ မြဘုရားသည်  ကျောင်းတော်၏ 

ပလ္လင်အမြင့်ထက်တွင် ကိန်းဝပ်တော်မူလေသည်။ ၀ပ်ဖရာကို 

ဘုရားကျောင်းတော်ကို 1782 ခုနှစ်တွင် ပထမမြောက် ရာမချာကရီဘုရင် 

တည်ထားကိုးကွယ်ခဲ့သည်။ မြသားအစစ်ဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်မှ 

(၂)ပေခန့်မြင့်ပြီး ဘုရားပလ္လင်မှာ (၁၁)ပေမြင့်၍ အဖိုးထိုက်သောသ 

စိန်၊ ရွှေ၊ ကျောက်၊ သံ၊ ပတ္တမြားများ ကပ်လှူထားသည်။ ၀ပ်ဖရာကို 

ဘုရားကျောင်းတော်အတွင်း၌ စေတီပုထိုးများကို 

သပ္ပာယ်စွာဖူးတွေ့ရသည်။ မြဘုရားကို လာအိုနိုင်ငံက 

ပိုင်ဆိုင်ပါသည်ဟု တောင်းဆိုဖူးသည်။ ထိုင်းနိုင်ငံကလည်း မိမိတို့သာ 

ပိုင်ဆိုင်ကြောင်း သမိုင်းအထောက်အထားများဖြင့် ပြဆိုသည်။

       ဗန်ကောက်မြို့တော် ဘုရင့်နန်းတော်တောင်ဘက်တွင် ရှေးအကျဆုံးနျင့် 

အကြီးအကျယ်ဆုံး ၀ပ်ပိုခေါ်ဝပ်ဖရာဇေတု 

ဘုရားတည်ထားသည်။ လျောင်းတော်မု ရုပ်ပွားတော်ကြီးးဖြစ်ပြီး အလျား 

၁၃၈ ကျော် ၊ အမြင့် ၄၅ ပေကျော်ရှိသည်။ ထိုင်းနိုင်ငံ၌ 

အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကြီးဖြစ်သည်။ ဘန်ကောက်မြို့လယ်၌ 

ဝပ်မဟာသက်ဓာတ်တော်တိုက် ကျောင်းတော်လည်း ရှိသည်။

       ဘန်ကောက်မြို့တွင် အခြားထင်ရှားသောဘုရားများမှာ ၀ပ်ဆူသတ်၊ 

ဝပ်ဆာခက်၊ ၀ပ်ရာစနာဒ၊ ၀ပ်ဘင်ခမ္မာ ဘောဝိ၊ ၀ပ်ယန်နာဝ၊ ၀ပ်ပါသွမ်ဝမ်၊ 

ဝပ်အရုဏ်ဘုရား ပုထိုးစသော ထင်ရှားသော ဘုရားများလည်း တည်ရှိသည်။ 

ဘန်ကောက်မြို့သည် 

ပင်လယ်တိမ်မြေဖြစ်၍ တောင်မရှိသောကြောင့် ရှေးဘုရင်များက 

မြို့လယ်တွင် ကျောက်အင်္ဂတေဖြင့် ပြုလုပ်ထားသော 

ဖိုးခေါင်ဟုခေါ်သော တောင်ကြီးတစ်လုံး ဖန်တီးထားသည်။ ထိုတောင်ပေါ်တွင် 

ဗုဒ္ဓဆံတော်ကို ဌာပနာ၍ စေတီတစ်ဆူ တည်ထားကိုးကွယ်ထားသည်။

ဘုရားကြီး (Big Buddha)

ဝပ်တြိပိတရ်ကျောင်းတော်တွင် မြဘုရားကဲ့သို့ 

ထင်ရှားသော ရွှေသားဆင်းတုဘုရားတစ်ဆူရှိသည်။ ယခင်က အင်္ဂတေဖြင့် 

တည်ထားသော ဘုရားအဖြစ် သိရှိထားပြီး မိုးသည်းထန်စွာ 

ရွာသွန်းသောအချိန် 

တန်ဆောင်းတော်ပြင်ဆင်နေခိုက် ၀န်ချီစက်ဖြင့် 

မရွှေ့စဉ် မြေပြင်ပေါ်သို့ချော်ကျကာ အင်္ဂတေများအရည်ပျော် 

ကျသွားပြီး ရွှေသားအစစ်ပေါ်ထွက်လာခဲ့သည်။ အမြင့် ၁၀ ပေခန့်ရှိပြီး 

အလေးချိန် ငါးတန်ခွဲလေးကာ အယုဒ္ဓယ ခောတ်လက်ရာဖြစ်သည်။ 

ဗန်ကောက်မြို့မှ ထိုင်းနိုင်ငငံအရှေ့ပိုင်းသို့ အဝေးပြေးလမ်းမကြီးမှ 

ခရီးသွားလျှင် စိမ်းလန်းစိုပြေသော တောင်ကုန်း မြေမြင့်တစ်ခု၏ 

မျက်နှာချင်းဆိုင်အရပ်၌ ကြီးမား၍ ကြည်ညိုဖွယ်ရှိသော ၀ပ်သီပသက် 

ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူကိုလည်း ဖူးတွေ့ရမည်ဖြစ်သည်။ 



No comments:

Post a Comment