Thursday, February 27, 2014


ကျွန်တော်သိသော ဇာတိမာန်စိတ်ဓာတ်နှင့် ဇာတိမာန်စိတ်ဓာတ် ဖြစ်ပေါ်လာရခြင်းအကြောင်း

ဇာတိမာန်ဆိုတာ ပါဠိ နှင့် ပါဠိဝေါဟာရကို ပေါင်းစပ်ထားတဲ့ စကားပါ။
`ဇာတိ´ မှာ ပါဠိစကားဖြစ်ပြီး `မာန်´ကတော့ ပါဠိသက်စကား `မာန´ မှ လာပါတယ်။
ဇတိမာန်ထဲက `ဇာတိ´ကို အရကောက်လိုက်တဲ့အခါ
ပဋိသန္ဓေ၊ အမျိုးအနွယ်၊ မွေးဖွားရာ အရပ်၊ ပကတိဆိုပြိး လေးမျိုး ပေါ်လာပါတယ်။

ဒီနေရာလေးမှာ အမျိုးအနွယ်နဲ့ ပတ်သက်ပြီး ဇာတိမာန်ဖြစ်လာပုံလေးကိုပဲ ပြောပြပါ့မယ်။
ဒီဇာတိကိုပဲ ဇာတ်ဆိုပြီး ဘာသာရေးစာပေတွေမှာ ခေါ်ဝေါ်သုံးစွဲခဲံပါတယ်။ ဒီအသုံးအနှုန်းအရ
(၁) မင်းမျိုး
(၂) ဗြဟ္မဏာမျိုး
(၃) သူဌေးမျိုး
(၄) ကုန်သွယ်လယ်ယာမျိုးဆိုပြီး အမျိုး(၄)ပါးခွဲခြားထားပါတယ်။

ဒီလေးမျိုးဟာ တစ်ချိန်တုန်း အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှုရှိခဲ့တဲ့ သင်္ကေတတွေပါပဲ။

မြန်မာတွေမှာတော့ ဒီလိုဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားဆက်ဆံမှုမျိုးမရှိခဲ့ပါဘူး။
ဒါပေမဲ့ အမျိုးအနွယ်ရဲ့ ဂုဏ်သိက္ခာကို မညိုးနွမ်းစေရန် ထိန်းသိမ်းစောင့်ရှောက်မှုမျိုးကိုတော့
လုံလစိုက်ပြီး ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီလိုထိန်းသိမ်းစောင့်ရှောက်မှုမျိုးဟာ သာမန်လက်လုပ်လက်စားမှ စပြီး သူဌေးသူကြွယ်မျိုးတိုင်း ရှိခဲ့ကြပါတယ်။ နောက်ပြီး

`ငါ့တို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုး´ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုမှု ရှိခဲ့တာမျိုးဟာလည်း ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ဖြစ်ခဲ့ရပါတယ်။

ဒါဟာ ကြွားဝါခြင်းမဟုတ်ပါဘူး။ အမျိုးအနွယ် စစ်မှန်ကြောင်း ကို ထုတ်ဖော်ခြင်းသာ ဖြစ်ပါတယ်။

ကောင်းစွာသန့်စင်ပြီးတဲ့ရွှေဟာ မူလရွှေဖြစ်တဲ့အတွက် ရွှေအစစ်လည်းဖြစ်ပါတယ်။ အဲဒီရွှေထဲကို ကြေးဖြစ်စေ၊ ဒါမှမဟုတ် အခြားဝတ္ထုဖြစ်တဲ့ သတ္တုတစ်မျိုးဖြစ်စေ ရောစပ်လိုက်ပါက မူလရွှေအစစ်မဟုတ်တော့ပါဘူး။ ပကတိရွှေလည်း ပျက်စီးသွားပါတယ်။

ပကတိ ရွှေပျက်စီးသွားပြီဆိုရင် ရွှေအစစ်မဟုတ်တော့တဲ့အတွက် တန်ဖိုးလည်း ကျဆင်းသွားပါတယ်

အို--- တိုင်းရင်းသားညီအစ်ကို မောင်နှမ ၁၃၅ သော တိုင်းရင်းသားများခင်ဗျာ

မိမိတို့ဟာ ရွှေမြန်မာပါခင်ဗျာ တခြားသတ္တုတွေနဲ့ မရောနှောစေချင်ပါဘူးဗျာ

အကြောင်းအကျိုးမသင့်လို့ ရောနှောသွားရင်တော့ မိမိတို့ မျိုးနွယ်ကို

အတတ်နိုင်ဆုံးထိန်းသိမ်းသင့်ပါကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ

ဟန်မျိုးမွန် (ဗုဒ္ဓဘာသာအတွက် ရှင်သန်မည်)

No comments:

Post a Comment