Saturday, March 1, 2014


မိလိန္ဒကျမ်း၏ အဓိက ပုဂ္ဂိုလ်များဖြစ်သော မိလိန္ဓမင်းကြီးနှင့် အရှင်နဂသေန တို့

ရှိခဲ့သော သာသနာထွန်းကားခဲ့သော ယောနကတိုင်း

ခုတစ်ဖန် ယောနကတိုင်း (ပါကစ္စတန် ၊ အာဖဂန်နစ္စတန်နှင့်

တာကစ္စတန်နိုင်ငံတို့ပါဝင်သောနယ်မြေ)

သာသနာနှစ် ၅၀၀ (ခရစ်တော်မပေါ်မီ နှစ်၁၀၀)

ယောနကတိုင်းဆိုသည်မှာ တောင်အရှတိုက် အနောက်ဘက်မြောက်ပိုင်းရှိ ရှေးက

ဘက်ထရီးယားဟု ခေါ်တွင်သည့် ပါကစ္စတန် ၊ အာဖဂန်နစ္စတန်နှင့်

တာကစ္စတန်နိုင်ငံတို့ပါဝင်သော နယ်မြေများဖြစ်သည်။

ထိုဒေသရှိ အလသန္ဒဒီပအရပ် ကလသိရွာတွင် မိလိန္ဒသူငယ်ကို မွေးဖွားခဲ့သည်။

ထိုရွာသည် သာဂလ နေပြည်တော် နှင့်ယူဇန ၂၀၀ ဝေးကွာသည်။ ကလသိရွာသည်

ဆီယာလ်ကွတ်မြို့ (သာဂလ နေပြည်တော်)၏ အနောက်မြောက်ဘက် မိုင် ၄၀၀ ကျော်

၅၀၀ ခန့် ကွာဝေးသော ယခု အာဖဂန်နစ္စတန်နိုင်ငံ

ကဘူးလ်မြို့တော် မြောက်ဘက်အနီးရှိ အရပ်ဖြစ်သည်ဟု ရှေးဟောင်းသမိုင်း

ပညာရှင်များကလည်း ခန့်မှန်းကြသည်။

ရှေးသာဂလမြို့တော်

သာဂလမြို့သည် မြစ်၊ ချောင်း၊ တောင်တန်းများဖြင့်

သာယာရှုမောဖွယ်ကောင်းသည့် အေးချမ်းသော အရပ်ဖြစ်သည်။ ဥယျာဉ်၊ တောတန်း၊

တဖက်ဆည်ကန်၊ လေးထောင့်ကန်တို့ရှိသည်။ အကြားအမြင်ဗဟုသုတရှိသူတို့

ဖန်တီးတည်ထောင်ထားသော မြို့ဖြစ်သည်။ ရန်သူများ မ၀င်ရောက်နိုင်အောင်

ရန်သူတို့မဖျက်ဆီးနိုင်အောင် ထူးခြားဆန်းကြယ်ခိုင်ခံသော တံခါး၊ မုခ်ဦး၊ နက်သော

ကျုံးမြောင်း၊ ဖြူဖွေးသော တံတိုင်း၊ ၀န်းရံထားသော နန်းမြို့ရိုး၊ လမ်းကြီးလမ်းငယ်၊

လမ်းလေးခွဆုံတို့ရှိသည်။ ကုန်ပစ္စည်းမျိုးစုံတို့ဖြင့် ပြည့်စုံသော ဈေးတော်ကြီးသာမက

အလှူမင်္ဂလာပွဲခင်းကျင်းပနိုင်သည့် မဏ္ဍပ်တန်ဆောင်းများပါဝင်သည်။ ဆင်၊ မြင်း

ရထား၊ ခြေသည်တော်များ၊ အဆင်းလှသော ယောကျာင်္း၊ မိန်းမတို့ပါဝင်သော လူမျိုးစုံ၊

များပြားသော မင်း၊ ပုဏ္ဍား၊ ဆင်းရဲသားများ၊ ပန်းဈေး၊ နံသာဈေး၊ ရတနာဈေးတို့ဖြင့်

လိုချင်တပ်မက်ဖွယ်မျိုးစုံရောင်းချသည်။ အတတ်ပညာရှိသူများ၊ လိမ္မာကျွမ်းကျင်သော

ကုန်သည်များနှင့် အသပြာ၊ ရွှေငွေစားဖွယ်စုံ ခင်းကျင်းထားသော

ဆိုင်ကနားများ ပြည့်စုံသည့်နတ်တို့မြို့တော်နှင့် တူပေသည်ဟု မိလိန္ဒပညာကျမ်းတွင်

ဖွင့်ဆိုထားသည်။

ကဘူးလ်မြို့နှင့် ပံချသျှိရ်မြစ်တို့ဆုံရာအနီး ချရိကာခေါ်မြို့တစ်ဝိုက်တွင်

အလက်ဇန္တြားဘုရင်၏ မြို့ပျက်များကို တွေ့ရှိသည်ကို ထောက်၍

ဤနေရာတစ်ဝိုက်၌ပင် ယောနက ၀ါယနခေါ် ဂရိတို့၏ အနွယ်ဖြစ်သော

မိလိန္ဒကို မွေးဖွားခဲ့သည်ဟု မှန်းဆထားကြသည်။ ထိုမြစ်နှစ်နှစ်မြစ်ကြားရှိ

ကုန်းမြေကိုပင် ရေပတ်လည် ၀န်ရံလျှက် မရှိသော်လည်း မြစ်နှစ်မြစ်ကြားတွင်

တည်ရှိသောကြောင့် ဒီပ ဟုခေါ်ခဲ့ကြဟန်တူပေသည်။

အဆိုပါ ကသ္ဓီရ၊ ဂန္ဓရ နှင့် ယောနကတိုင်း (ယခုအခေါ် ကက်ရှမီးယား၊ ပါကစ္စတန်နှင့်

အဖဂန်နစ္စတန်နိုင်ငံ)များတွင် ရှေးဂရိအနွယ်ဝင် ဘုရင်များ အုပ်စိုးလေသည်။

ထိုဂရိဘုရင်များသည် တိုင်းသူပြည်သာများ ကိုးကွယ်သော ဗုဒ္ဓဘာသာကိုပင်

လက်ခံယုံကြည် ကိုးကွယ်ကြသည်။ အသောက နိုင်ငံတော်ကြီး

ပြိုကွဲပြီးနောက် ယောနကတိုင်း နှင့် ဂန္ဓာရာတိုင်းကို ဆက်လက် အုပ်ချုပ်ရသော

ဂရိမင်းဆက် ၃၀ခန့်မျှရှိခဲ့သည်။

ထိုဂရိနွယ်ဝင် ဘုရင်များအနက် သာသနာသက္ကရာဇ် ၅၀၀တွင် ပေါ်ထွန်းခဲ့သော

ဘုရင်သည် မိလိန္ဓမင်းကြီးဖြစ်သည်။ သူသည် ပညာရှိဘုရင်တစ်ပါးဖြစ်သည်။

ထိုမင်းသည် မရှင်းလင်းသော အချက်များကို အရှင်နဂသေနအမည်ရသော

ရဟန္တာမထေရ်မြတ်အား မေးမြန်းလျှောက်ထားသည်။ မထေရ်မြတ်သည် မင်းကြီး၏

သံသယများကို အချက်ကျကျ ပယ်ရှင်းလျက် မေးခွန်းတိုင်းကို

တိကျပြတ်သားစွာဖြေဆိုတော်မူခဲ့သည်။ ထိုပညာရှိ မင်းကြီးနှင့် အရှင်နဂသေနတို့၏

အမေးအဖြေများကို မှတ်တမ်းတင်ထားသော ကျမ်းကို မိလိန္ဒကျမ်းဟူ၍ မြန်မာ

ဗုဒ္ဓဘာသာ စပေလောကတွင် စာဖတ်သူတို့ အထင်အရှား သိနေကြဆဲဖြစ်သည်။

မိလိန္ဒကျမ်းသည် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်၌

အဌကထာဆရာကြီါ်များ လေးစားခဲ့ရသည် ပါဋ္ဌိတော်စာရင်းဝင် ကျမ်းပင်ဖြစ်သည်။

မိလိန္ဒဟူသောအမည်ကို ဘက်ထရီးယားအနွယ် ဂရိဘုရင်များ၏ အမည်စာရင်း၌

မိနန္ဒာဟူ၍ ဖော်ပြထားသည်။ သို့သော်လည်း မူလမှတ်တမ်းတင်သူသည် အိန

္ဒိယအမည်နှင့် လျော်ညီအောင် မိနန္ဒာဟူသော အမည်ကို မိလိန္ဒဟူ၍ ပြုပြင်ရေးသား

ထားခြင်းဖြစ်သည်။ သာသနာနှစ် ၅၀၀ ခရစ်မပေါ်မီ နှစ်၁၀၀ခန့်အချိန်တက အဆိုပါ ယောနကတိုငး၏ နေပြည်တော်ဖြစ်သော သာဂလ ၊ ယခုပါကစ္စတန် နိုင်ငံ ချေနဗ် မြစ် နှင့် ရာဗိ (ရာဝိ)မြစ်ကြားရှိ ဆီးယာလ်ကွတ်မြို့၌ ပေါ်ထွန်းခဲ့သော ပညာရှိ မင်းတစ်ပါး ဖြစ်သည်။
မိလိန္ဒဘုရင်အကြောင်းကို အနောက်တိုင်း စာပေများတွင်လည်း ရေးသားဖော်ပြထားသည်။ ထိုမင်းမြတ်သည် အိန္ဒိယပြည်ထိတိုင်အာင် ဂရိအင်ပါယာကြီးကို ကျယ်ပြန့်စေခဲ့သော ဘက်ထရီးယားဘုရင်နှစ်ဦးအနက် တစ်ဦးဖြစ်သည်ဟူ၍ လည်းကောင်း၊ အိန္ဒိယပြည်ကို သွားရောက်အုပ်စိုးသော ဘုရင်တစ်ပါးဖြစ်သည်ဟူ၍လည်းကောင်း ဖော်ပြထားသည်။ ထို့အပြင် မိလိန္ဒမင်းကြီးသည် အိန္ဒိယပြည်တွင် နယ်ပယ်များစွာ ချဲ့ထွငိနိုင်၍ အနောက်နိုင်ငံများတွင် အထူးထင်ရှားခဲ့သော အလက်ဇန္ဒြာဘုရင်တည်ထောင်ခဲ့သော ဂရိနိုင်ငံများကို ဆက်လက်အုပ်စိုးသော ဘုရင်တစ်ပါး ဖြစ်သည်ဟု ဖော်ပြကြသည်။ ထို့အပြင် ကသ္ဓိရပြည်နှင့် ပတ်သက်သော မှတ်တမ်းတစ်ခုတွင် ကသ္မီရပြည်ကို လာရောက်အုပ်စိုးခဲ့သော ဂရိလူမျိုးရှစ်ဦးရှိရာတွင် ခုနှစ်ဦးမြောက်ဘုရင်မှာ ဤ မိလိန္ဒမင်းကြီးပင်ြ ဖစ်သည်ဟု အဆိုရှိခဲ့သည်။

ဂရိနွယ်ဝင် မိလိန္ဒဘုရင်၏ ရုပ်ပုံနှင့်အမည်နာမကို ရေးထိုးထားသော ဂန္ဓရခောတ်လက်ရာ ဒင်္ဂါပြား

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ တူးဖော်ရရှိသော ဒင်္ဂါးတို့တွင် မိနန္ဒာဟူသော အမည်နှင့်ရုပ်ပုံများ ရေးထိုးသွန်းလုပ်ထားသည်ကို ထောက်ရှုခြင်းအားဖြင့် ခိုင်မာသော သက်သေသာဓက အထောက်အထားများ ဖြစ်သည်ဟု ဆိုရပေတော့မည်။ ထိုနေရာများမှာ တူးဖော်တွေ့ရှိရသော ဒင်္ဂါးအမျိုးပေါင်း ၂၂ မျိုးတွင် မိနန္ဒာအမည်နှင့် ရုပ်ပုံပါရှိသော ဒင်္ဂါးအမျိုးပေါင်း ရှစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပေသည်။
အဆိုပါတွေ့ရှိမှုများကို ထောက်ရှုလျှင် မိနန္ဒဘုရင် သာသနာဖြန့်ကျက်စိုးမိုးခဲ့သော နယ်ပယ်များသည် အနောက်သို့လားသော ကဘူးလ်မြစ်၊ အရှေ့သို့လားသော် ကသ္မီရအထိ ဖြစ်၍ နယ်ပယ် အကျယ်အ၀န်းမည်မျှရှိသည်ကို ခန့်မှန်းနိုင်ပေသည်။ ဒင်္ဂါးပေါ်တွင် တွေ့ရှိသော ရုပ်ပုံအား ခန့်မှန်းချက်အရ မိနန္ဒာဘုရင်မှာ ခံညား၍ ပညာရှိလက္ခဏ ပေါ်လွင်ကာ နိုင်ငံနှင့်လူမျိုးကို ချစ်သည့် သူရသတ္တိနှင့်ပြည့်စုံသော ဘုရင်တစ်ပါးဖြစ်ကြောင်းသိသာနိုင်ပေသည်။
ဒင်္ဂါးအချို့တွင် မိနန္ဒာဘုရင်၏ ငယ်ရွယ်နုပျိုစဉ်က ပုံကို တွေ့ရပြီး အချို့ပုံများမှာ အိုးမင်းသောပုံများကို တွေ့ရသဖြင့် ထိုဘုရင်မင်းမြတ်သည် နန်းသက်မည်မျှစိုးစံသွားကြောင်း ခန့်မှန်းနိုင်ပေသည်။
မိနန္ဒာဘုရင်၏ တံဆိပ်ခပ်နှိပ်ထားသော ဒင်္ဂါးများကို ၄င်းနတ်ရွာစံပြီးသည်နောက် နှစ်အတန်ကြာမြင့်အောင်ပင် ကဘူးလ်မြစ်ကမ်း ကမ္ဗောဇတိုင်း၏ မြို့တော်ဖြစ်ခဲ့သော ဂူဂျရတ် (ဂစ္ဆရ)တစ်လျှောက်၌ သုံးစွဲခဲ့သည်ကို ထောက်ရှု၍ မိလိန္ဒဘုရင်ကြီး၏ ဗုဒ္ဓခောတ်ကို သိရှိနိုင်ပေသည်။
တွေ့ရှိသော ဒင်္ဂါးများ၏ တစ်ဖက်မျက်နှာတွင် ဂရိဘာသာဖြင့် စာတန်းထိုးထားပြီး အခြားတစ်ဖက်တွင် ပါဠိဘာသာဖြင့် ရေးထိုးထားသည်ကို တွေ့ရပေသည်။ ဒင်္ဂါးတွင် ဆင်ရုပ် မြင်းရုပ်စသည့် တိရစ္ဆာန်ရုပ်များအပြင် ရထားဘီး ဓမ္မစကြာပုံများပါ တွေ့ရသဖြင့် ဘာသာတရားကို ကြည်ညိုလေးစားအရေးထားသော မင်းတစ်ပါးဖြစ်သည်။ ထိုမင်းနတ်ရွာစံသောအခါ ရုပ်ကလပ်တော်ကို တိုင်းသူပြည်သားများက တိုက်ခိုက်လုယူကြလေသည်။ ထို့နောက်မှ အရိုးပြာကို စေတီတည်ကြကြောင်း သမိုင်းပညာရှင် ပလုတတ်ခ်ျက ရေးသားခဲ့လေသည်။
မိလိန္ဒပညာကျမ်းကို ရှေးဦးစွာ မှတ်တမ်းတင်ခဲ့သော ပုဂ္ဂိုလ်သည် သီဟိုဠ်ကျွန်း ဒေါဏီမြို့၌ သီတင်းသုံးနေထိုင် တော်မူခဲ့သော ဒေါဏိမထေရ်ဖြစ်ကြောင်း သိရှိရသည်။ ထိုခောတ်ကာလက ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မထေရ်များအားလုံး လက်ခံယုံကြည် ခဲ့ကြသော ကျမ်းတစ်ဆူဖြစ်သည်။
အရှင်နာဂသေန၏ မွေးဖွားရာဒေသမှာ ဟိမ၀န္တာတောင်၏ အနီးရှိ ဂဇဂ်လရွာဖြစ်သည်။ ထိုရွာသည် ကသ္မီရတိုင်း (သို့) ဂန္ဓရတိုင်းအတွင်းမှ ရွာတစ်ရွာ ဖြစ်သည်။
ထို့ကြောင့်အဆိုပါ ယောနကတိုင်းတွင် ထိုခောတ် ထိုအခါကာလက ဗုဒ္ဓသာသနာ အရောင်အ၀ါ မည်မျှ ထွန်းလင်းခဲ့ပုံ သာသနာတော်ကို ကြည်ညိုလေးမြတ်သူ ဂရိဘုရင် နှင့် ရဟန္တာပညာရှိတို့ ပေါ်ထွန်းခဲ့ပုံတို့ကို အဆိုပါ သာသနာ့ သမိုင်းအထောက်အထားများကို အထင်အရှား သက်သေပြလျှက်ရှိပေသည်။

ယောနကတိုင်း၌ မိလိန္ဒမင်းကြီးနောက် နှစ်ပေါင်း ၁၀၀ ကျော်ကြာသောအခါ

ဗုဒ္ဓ၀ါဒမှာပြောင်းလဲသွားခဲပါသည်။ မိလိန္ဒခောတ်တွင်သာ ထေရ၀ါဒ ပင်မဗုဒ္ဓဘာသာ

အမှန်စစ်စစ် ထွန်းကားခဲ့သည်။ မိလိန္ဒပညာကျမ်းသည်

အရှင်မဟာ မောဂ္ဂလိပုတ္ထတိဿထေရ်နှင့် အသောက မင်းကြီးတို့၏ ကိုးတိုင်းကိုးဌာန

သာသနာပြုလုပ်ငန်းမှ ပေါ်ထွက်လာသောအသီးအပွင့် တစ်ခုဖြစ်ပေသည်။ သာသနှစ်

၆၀၀ ပြည့်နှစ်ခန့်သို့ ရောက်သောအခါ

အိန္ဒိယပြည်မြောက်ပိုင်းနှင့်အနောက်မြောက်ပိုင်းဒေသတို့တွင် ထေရ၀ါဒ

ပင်မဗုဒ္ဓသာသနာတော်မရှိတော့ချေ။

သာသနာနှစ် ၆၀၀ ပြည့်နှစ်ခန့်တွင် ရုရှားအနွယ်ဝင် ဘုရင်များကို

`သက´ဟုခေါ်ကြသည်။ ကုရှန်မင်းဆက်ဟုလည်း ခေါ်ကြသည်။ ထိုမင်းဆက်များသည်

အာဖဂန် နစ္စတန်၊ ဘလူချီတန်၊ ဂန္ဓရ၊ စသော အိန္ဒယအလယ်ပိုင်းအတုရာတိုင်အောင်

ဝင်ရောက်လွှမ်းမိုးခဲ့သည်။ သာသနာနှစ် ၆၅၀ ခန့်တွင် ကုရှန်မင်းဆက် ကနိရှက

မင်းလက်ထက်တွင် သဗ္ဗတ္ထိ ၀ါဒဂိုဏ်း၏ ပိဋကတ်တော်ကို သင်္ဂါယနာ တင်ခဲ့သည်။

(ထိုသင်္ဂါယနာသည် ထေရ၀ါဒဗုဒ္ဓသာသနာ နှင့် မသက်ဆိုင်ချေ)


No comments:

Post a Comment