Sunday, March 16, 2014

ကိုယ့်အမျိုးဘာသာ သာသနာ ဘယ်လိုကာကွယ်ကြမှာလဲ
မိမိတို့အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့
အားလုံးမှာတာဝန်ရှိပါတယ်။ကိုယ့်အမျိုးကိုယ့်ဘာသာကို ကာကွယ်ထိန်း
သိမ်းမှုအားနည်းခြင်းကြောင့်
ကွယ်ပျောက်သွားခဲ့ကြရသောသာဓကများစွာရှိခဲ့ပါတယ်။တချိန်က
ဗုဒ္ဓသာသနာ နေလိုလလိုထွန်း တောက်ခဲ့သော အိန္ဒိယ၊
အာဖကန်နစ္စတန်၊မလေးရှား၊အင်ဒိုနီးရှား၊စင်္ကပူ စသည်နိုင်ငံများသည်
လက်တွေ့သာဓကများဖြစ်ပါ တယ်။မိမိတို့နိုင်ငံသည်လည်း
ထိုကဲ့သို့လစ်လျူရှု့ထားကြမည်ဆိုလျှင် အမျိုးဘာသာ သာသနာ ကွယ်ပျောက် သွား
မှာဖြစ်ပါတယ်။ဒါကိုကောင်းစွာ သင်္ခန်းစာယူ၍ သတိတရားရှိရှိဖြင့်
ဝိုင်းဝန်းကာကွယ်မြင့်တင်ကြဖို့ အားလုံးမှာ တာဝန် ရှိကြပါတယ်။ မိမိတို့အမျိုး
ဘာသာသာသနာကို ကာကွယ်နိုင်ဖို့ တခြားဘာသာတွေက ဘယ်လိုထိုး ဖေါက်
လွှမ်းမိုးဖို့ကြိုး
စားနေကြသလဲဆိုတာကိုလဲ ကောင်းစွာသိရှိကြဖို့လိုပါတယ်။စာရေးသူတို့ သာသနာ့
တက္ကသိုလ်တက်ရောက်ပညာ သင်ကြား စဉ်က တခြားဘာသာခြားတွေရဲ့
ကြိုးစားအားထုတ်ပုံတွေ
သူတို့ရဲ့ထိုးဖေါက်မှုတွေအကြောင်းတွေကို ကောင်းစွာသင်ကြား နာယူခဲ့ရပါတယ်။
သာသနာ့တက္ကသိုလ်ကနေဗုဒ္ဓတက္ကသိုလ်(မန္တလေး) ရောက်တော့လည်း
ဆက်လက်သင်ယူရပါတယ်။ စာရေးသူတို့စတုတ္ထနှစ်ရောက်လို့ ကျောင်းဖွင့်ပွဲ
အခမ်းအနားမှာ တက္ကသိုလ်ကြီးရဲ့ ဂေါပက ဥက္ကဌ ကြီးပြောကြားသွားတဲ့စကားလေးကို
အခုထက်ထိအမြဲကြားယောင်နေမိပါတယ်။ဒကာကြီးပြော သွားတာကတော့ သူ့ဘ၀ရဲ့
ကိုယ်တွေ့အတွေ့ကြံလေးတစ်ခုဖြစ်ပါတယ်။မန္တလေးမြို့ကြီးမှာ
မီးအကြီးအကျယ်လောင်တော့ သူတို့အိမ်မီးထဲပါသွားပါတယ်။ ရှိတာလေးတွေ
ဘာမှမယူလိုက်နိုင်ပါဘူး။နေစရာမရှိတော့လို့ သူ့ရဲ့ဆရာတော်ကျောင်းမှာ
ခိုကပ်ပြီးသွားနေရပါတယ်။ သူယူထားတဲ့ဇနီးက ဘာသာခြားပါ။
သူအဟောအပြောကောင်းလို့ဗုဒ္ဓဘာသာ ထဲကိုတော့ရောက်နေပါပြီ။ဒါပေမဲ့သူတို့
ဘက်က တော့နည်းမျိုးစုံနဲ့
သူတို့ဘာသာထဲပြန်ပါရေးအတွက်အမြဲကြိုးစားနေလျက်ပါပဲ။
မီးလောင်လို့ဒုက္ခရောက်နေတာကိုသိ သွားတဲ့ သူ့ရဲ့ဇနီးဘက်က အဒေါ်တွေက
ဒါကိုအခွင့်ကောင်းယူပြီး သူ့ဇနီးကိုလာဆွယ်ပါတယ်။ဒို့ဘာသာထဲကိုပြန်ဝင်ရင်
တိုက်တစ်လုံး ကားတစ်စီးနဲ့
အရင်းအနှီးငွေထုတ်ပေးမယ်လို့လာစည်းရုံးပါတယ်။ဒါကိုသူ့ရဲ့ခင်ပွန်း ကိုပြောပြတော့
ဒီဒကာကြီးက တော်တော် သတ္တိကောင်းတယ်
လုံးဝငြင်းပယ်လိုက်ပါတယ်။လုံးဝမယူဘူး
နင်တို့ဘာသာထဲလည်းလုံးဝမ၀င်နိုင်ဘူးပေါ့။သေချာစဉ်းစား
ကြည့်ပါ။သူတို့ဘာသာတွေက အားနည်းချက်ကို
ကြည့်ပြီးထိုးနက်ဖို့ကြိုးစားနေတယ်ဆိုတာအဖြေပေါ်ပါတယ်။ဒီလိုဆင်းရဲဒုက္ခ ကြုံလို့
အနေချောင် အစားချောင်ရင်ပြီးရောဆိုပြီး မိမိဘာသာကိုစွန့်ကာ
ယူသွားကြတဲ့မိရိုးဖလာဗုဒ္ဓဘာသာတွေလည်း မနည်းပါဘူး။လုံးဝအလျော့မ ပေးပဲ
ဒုက္ခရောက်ချင်ရောက်ပါစေ ကိုယ့်အမျိုးဘာသာသာသနာတော့
အပျောက်မခံနိုင်ဘူးဆိုပြီး ကြိုးစားရပ်တည်နေကြတဲ့
တကယ့်ဗုဒ္ဓဘာသာတွေလဲအများကြီးရှိပါတယ်။ဒီအထဲမှာ ကျောင်းဒကာကြီးလည်း
တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဘက်က
အလျော့မပေးပါဘူး။တနည်းနဲ့မရရင် တနည်း ပြောင်းပြီး ကြိုးစားတိုက်ပါတယ်။
ဇနီးရဲ့အဒေါ်ဖြစ်သူက တော်တော်လည်ပါတယ်။ သူ့တူမကို စည်းရုံးပါတယ်။
နင့်ယောက်ျားကိုပြောပါ။ဒို့ဘာသာထဲလည်း ၀င်စရာမလိုဘူး။ဒို့က
နင်နဲ့ဆွေမျိုးတော်နေလို့
မကြည့်ရက်လို့ပါ။ဒို့အရင်းအနှီး ငွေထုတ်ပေးပါ့မယ်။ နေဖို့အိမ် လည်းဒို့ပေးပါ့မယ်။
ဒို့ရဲ့အကူအညီကိုလက်ခံပါလို့ လာစည်းရုံးပြန်တယ်။လုံးဝသူတို့ဘာသာထဲ
မ၀င်နိုင်ဘူး လို့ငြင်းဆိုပြီးသားကို
လုံးဝအလျော့မပေးပါဘူး။အခုနောက်တမျိုးနဲ့လာစည်းရုံးပြန်တယ်။သူ့ဇနီးက
ဒီလိုလာပြောတော့ သူနည်းနည်း စဉ်းစားသွားတယ်။ ဒီမှာကလည်း
ရင်းနှီးစရာငွေကလည်းမရှိ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်
သူတို့ဘာသာထဲဝင်စရာမလို ပြောင်းစရာမလို ဆွေမျိုးသက်သက်မို့ကူညီတာ
လက်ခံပါဆိုတော့ သူနည်းနည်း စဉ်းစားသွားတယ်။
လက်ခံလိုက်ရင် ကောင်းမလားပေါ့။ဒါပေမဲ့ သူသတိရသွားတယ်။ငါတစ်ယောက်တည်း
ဆုံးဖြတ်လို့ တော့မဖြစ်သေးဘူး။ ငါ့ရဲ့ဆရာတော်ကို သွားလျှောက်ပြအုံးမှပဲဆိုပြီး
ဆရာတော်ကို အကျိုးအကြောင်းပြောပြပါတယ်။ ဆရာတော် တပည့်တော်တို့ကို
တိုက်တစ်လုံး ကားတစ်စီး အရင်းအနှီးငွေထုတ်ပေးမယ် ဒါပေမဲ့ သူတို့ဘာသာထဲကို
ဝင်ရမယ်ဆိုတုန်းက
တပည့်တော်လုံးဝလက်မခံပါ။အပြီးအပြတ်ငြင်းပယ်လိုက်ပါတယ်။အခုသူတို့ဘက်က
ထပ်ပြီးလာ ပြောတာက သူ့ရဲ့သူမဖြစ်နေလို့ လာကူညီတာပါ။သူတို့ဘာသာထဲကို
ဝင်စရာမလိုပါဘူး။ နေစရာတိုက်နဲ့ အရင်းအနှီး ငွေလိုသလောက်ထုတ်ပေးပါမယ်လို့
လာပြောပါတယ်ဘုရား။တပည်တော် လက်ခံရင်ကောင်းမကောင်းဆိုတာကို
ဆရာတော်ကို လာရောက်တိုင်ပင်တာပါဘုရားလို့ လျှောက်လိုက်တော့
ဆရာတော်ကြီးက အင်မတန်ဥာဏ်အမြော်အမြင်ကြီးမား
တဲ့ဆရာ တော်ကြီးဖြစ်ပါတယ်။ ဒီလိုဆရာတော်ကြီးတွေသာသနာမှာ
အများကြီးလိုပါတယ်။ဆရာတော်ကြီးက မင်းသေသေချာချာ စဉ်းစားပါတဲ့။
မင်းကသူတို့ရဲ့ အကူအညီ အထောက်ပံ့ကိုယူလိုက်ပါပြီတဲ့။မင်းကတော့
စိတ်ဓါတ်ခိုင်မာ ပြတ်သားတဲ့သူဆိုတော့ ဘယ်လိုနည်းနဲ့မှသူတို့ဘာသာထဲကို
မပြောင်းနိုင်တာငါသိပါတယ်တဲ့။ဒါပေမဲ့ စိတ်ဓါတ်နုနယ်သေးတဲ့ မင်းရဲ့ဇနီးနဲ့
သားသမီး တွေကတော့ ကျိန်းသေတယ်။ဒါသူတို့ဘာသာက
အရင်းအနှီးအထောက်အပံ့ပေးလိုက်လို့ သူတို့အခုလိုပြန်ဖြစ်လာတာ သူတို့
ဘာသာရဲ့ ကျေားဇူးကြောင့်လို့မြင်ပြီး ကျိန်းသေ
သူတို့ဘာသာဝင်လေးတွေဖြစ်သွားမှာတဲ့။မင်းယောက်ျားမဟုတ်ဘူးလားတဲ့။
မင်းတို့အိမ်မီးလောင်သွားတဲ့ အထဲမှာ မင်းရဲ့ အရည်အချင်းတွေ
သတ္တိတွေပါမသွားပါဘူးတဲ့။မင်းမှာရှိနေတဲ့ အရည်အချင်းတွေ နဲ့ ပြန်ပြီးကြိုးစားရင်
ဘာလို့မဖြစ်ရမှာလဲ၊ သူတို့ မင်းကိုပေးမယ်ဆိုတာလဲ မင်းရဲ့ အရည်အချင်း
လုပ်ရည်ကိုင်ရည်ကိုသိလို့ ပေးမယ်လို့ ပြောခြင်းသာဖြစ်တယ်။ကိုယ့်အရည်အချင်းနဲ့
ကိုယ်ပြန်ကြိုးစားတည်ဆောက်ပါလို့ ဆရာတော်ကြီးက
ဆုံးမသြ၀ါဒ ပေးလိုက်ပါတယ်။အဲဒီတော့မှ သူသေချာသဘောပေါက်သွားပြီး
သူ့ရဲ့ဇနီးဘာသာခြားတွေကို အပြတ်ပြော လိုက်ပါ တယ်။ဒီနေ့က
စပြီးလုံးဝလာရောက်မစည်းရုံးပါနဲ့၊ လုံးဝမယူပါဘူး။
ကိုယ့်အရည်အချင်းနဲ့ကိုယ်ပြန်ကြိုးစား ပါမယ်လို့ပြော လွှတ်လိုက်ပါတယ်။
အဲဒီနေ့ကစပြီးသူပြန်လည်ကြိုးစားလိုက်တာ
သူပြန်လည်ချမ်းသာလာပါတယ်။အထက်မြန်မာပြည်ရဲ့ ရွှေလုပ်ငန်း
ဥက္ကဌထိဖြစ်လာပါတယ်။ယနေ့ဆိုရင် သာသနာတော်ကြီးအတွက်
များစွာထောက်ပံ့လှူဒါန်း အကျိုးဆောင် ရွက်ပေးနေနိုင်ပါတယ်။ ဒကာကြီးက
သူ့ကိုယ်တွေ့လေးကို ပြောပြရင်း သံဃာတောများကို လျှောက်ကြားထားပါတယ်။
သံဃာတော်အရှင်မြတ်များဘုရား...တခြားဘာသာခြားများသည်
အရင်းအနှီးများထုတ်ပေးကာ
နည်းမျိုးစုံဖြင့်ကြိုးစားထိုးဖေါက် နေကြပါသည်ဘုရား။ဒါကို တပည့်တော်တို့
သံဃာတော်များက လစ်လျူရှုကာ နေကြမည်ဆိုလျှင် နောင်တစ်ချိန်မှာ အမိမြန်မာ
နိုင်ငံတော်ဝယ် ဗုဒ္ဓသာသနာကွယ်ပျောက်သွားနိင်တာမို့ အရှင်ဘုရားများ
သတိတရားရှိရှိဖြင့်ကိုယ့်ဘာသာ သာသနာကို ၀ိုင်းဝန်းကာကွယ်မြင့်တင်ကြဖို့
ဆိုပြီးလျှောက်ကြားသွားပါတယ်။ဒါကိုယနေ့ထိပြန်လည်ကြားယောင်နေမိပါတယ်။
အခုခောတ်မှာ ဟိုအရင်ကလို
တစ်လမ်းတည်းသွားစနစ်ဖြင့်သင်ယူယုံနဲ့မလုံလောက်တော့ပါ။ရဟန်းသံဃာတော်များ
ဘက်ကများစွာဗဟုသုတရှိဖို့ လေ့လာသင်ယူဖို့လိုပါတယ်။ကိုယ့်လူမျိုး ကိုယ့်ဘာသာ
သာသနာတော်အတွက် တကယ်လိုအပ်နေတဲ့
ပညာရေး၊စီးပွါးရေး၊ကျန်းမာရေး၊လူမှုရေး
၊နိုင်ငံရေး၊အမျိုးသားရေးတွေမှာ ရှေ့တန်းကနေမားမားမက်
မက်ရပ်တည်ကာ ဆောင်ရွက် ပေးကြဖို့လိုပါတယ်။ဒီလိုမှမဟုတ်လျှင်မိမိတို့သည်
ဘာမသိညာမသိဖြင့်နိ ဂုဏ်းချုပ်ကာ အမျိုးဘာသာ သာသနာ
ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ မိမိတို့ အမျိုးဘာသာ သာသနာ
မကွယ်ပျောက်ရေးနှင့်ပြန်လည်တိုးတက်ထွန်းကားရေးအတွက် ဆရာတော်
သံဃာ တော်ညီတော်နောင်တော်များအချင်းချင်း သွေးစည်းညီညွတ်ကာ
ညီအစ်ကိုရင်းစိတ်ဓါတ်ဖြင့် အချင်းချင်းလက်တွဲတိုင်ပင်ကြိုးစား
တည်ဆောက်ကြပါစို့ဟုတိုက်တွန်းနိုးဆော်လျှောက်ကြားလိုက်တယ်သံဃာတော်အရှင်
သူမြတ်များဘုရား။ အမျိုးဘာသာ သာသနာတော်အတွက် ကိုယ်ကျိုးစွန့်လွှတ်
အနစ်နာခံ၍ကြိုးစားဆောင်ရွက်နိုင်ကြသော သာသနာ့ဝန်ထမ်း
သာသနာ့အာဇာနည်များ
များစွာပေါ်ထွန်းနိုင်ကြပါစေဟုဆန္ဒပြုလျှောက်ကြားရင်း....................
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

No comments:

Post a Comment