Saturday, March 15, 2014

လောကကို ဆန်သူများ နှင့် လောကကိုစုန်သူများ


လောကကို ဆန်သူများ နှင့် လောကကိုစုန်သူများ

ကျွန်တော်တို့ အမျိုးသားရေးသမားများသည် လောကကို

စုန်သူများမဟုတ်ပါ လောကကို ဆန်သူများပင်ဖြစ်တော့သည်။

အမျိုးသားရေးသမားများသည် လောကကိုဆန်သူများလို ကျွန်တော်က

သတ်မှတ်ထားပါသည်။ ထို့ကြောင့် အမျိုးသားရေးသမားများအနေဖြင့် မြန်မာနိုင်ငံရှိ

မိမိတို့ တိုင်းရင်းသား 135 မျိုးများအပေါ် ကျူးလွန်သည့် မတရားမှုများ နှင့်

အနိုင်ကျင့်မှု စော်ကားမှုများကို ဆန့်ကျင့်ကြမည်ကို ကျွန်တော်ယုံကြည်မိပါသည်။

ယုံကြည်မိသည့်အတိုင်းလည်း အမျိုးသားရေး သမားများ

စွမ်းဆောင်ကြိုးပမ်းနေသည်ကို လည်း တွေ့ရှိရ၍ ကျွန်တော် ဒီစာဖြင့်

အမျိုးသားရေးသမားများကို ရေးသားဂုဏ်ပြုလိုက်ပါသည်။

ကျွန်တော်ကို မိဘဆရာ သမာများ၊ မိမိထက် ကြီးရင့်သူများ၊ သူငယ်ချင်းများ

ဆုံးမမှုများကို လည်း ကျွန်တော်နဲ့စစ်မှန်သောအမျိုးသားရေးသမားများက

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ ဒါပေမဲ့ ထို ဆုံးမမှုများသည် တရားသဖြင့်

အကျိုးသင့်အကြောင်းသင့်ဆုံးမမှုများသာ ဖြစ်သင့်ပါသည်။

ကျွန်တော် နှင့် စစ်မှန်သော အမျိုးသားရေးသမားများသည်

နိုင်ငံရေးသမားအယောင်ဆောင်များ အသုံးချခံရ၍ ဘုရားတည်ရာတွင်

အသုံးပြုသောငြမ်းဖြစ်မည်ဟု စိုးရိမ်ရပါသည်။

စိုးရိမ်သည့်အတိုင်း ဖြစ်လာသည်ကိုလည်း လက်ရှိတွေ့နေရပါသည်။

အမှန်စစ်မျိုးသားရေးလုပ်ငန်းစဉ်သည် ရေတိုစီမံကိန်းမျိုးမဟုတ်ပါ၊

ရေရှည်စီမံကိန်းသာဖြစ်သည်။

ကမ္ဘာ့ပေါ်တွင် မြန်မာ လူမျိုးများရှိနေသမျှ ကာလပတ်လုံး

လုပ်ဆောင်ရမည့်စီမံကိန်းသာဖြစ်ပါသည်။

အမျိုးဘာသာ သာသနာဆောင်ရွက်ရာတွင် ခေါင်းအေးအေးထား၍

ဆောင်ရွက်ရမည်သာဖြစ်သည်။ တစ်ခါတစ်လေ့ ကျွန်တော်ကိုယ်တိုင်လည်း

အစွန်းရောက်တတ်ပါသည်။

မြန်မာနိုင်ငံ အခြေအနေကလည်း လူနပ်ချမ်းသာ ဆိုသည့်အတိုင်း နပ်တဲ့ လူ ၊

လည်တဲ့လူ၊ ချမ်းသာတဲ့ အခြေအနေမျိုးပါ။

မြန်မာနိုင်ငံတွင် လူနပ်များ များစွာရှိသည့်ကိုလည်း တွေ့ရပါမည်။

ဘယ်အရာမဆို အပေါ်ယံမကြည့်ဘဲ တစ်ဆုံး ကြည့်ရင်တွေ့နိုင်မှာပါ။

အမျိုးသားေ၇း၊နိုင်ငံရေး လုပ်ဆောင်ရာတွင် အမှန်အကန်ဆုံး နည်းလမ်းကတော့

(၁) မိမိတို့ မိသားစုအကျိုး စီးပွားကို ဆောင်ရွက်ရမည်။

(၂) အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်ရမည်။

လောကကိုစုန်သူများ

အထက်ပါအချက်တွေကို မလုပ်ပဲနဲ့ ကမ္ဘာ့ အကျိုးစီးပွား နှင့် လူသားအခွင့်အရေးကို

လုပ်ဆောင်သည့် လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံတွင်ရှိနေသည်မှာ မြန်မာနိုင်ငံအတွက်

ရင်မောဖွယ်ရာပင်ဖြစ်ပေသည်။

ထိုလူမျိုးများကိုလည်း မြန်မာနိုင်ငံက နှင်ထုတ်သင့်ပါသည်။

ဘာလိုလဲဆိုတော့ မြန်မာနိုင်ငံနှင့် မြန်မာ့လူမျိုး အတွက် အလုပ်မလုပ်ပဲနဲ့ တခြားလူမျိုး၊

ကမ္ဘာ့လူမျိုးများအတွက် လူ့အခွင့်အရေးကြွေးကျော်နေသည်

လူများကို မြန်မာနိုင်ငံက နှင်ထုတ်ကြပါစို့။

အဲဒီလူမျိုးများသည် လောကကိုစုန်သူများ လို့  ကျွန်တော် သတ်မှတ်လိုက်ပါသည်

No comments:

Post a Comment