Wednesday, March 5, 2014

ဦးကိုကိုကြီး(၈၈) အကြောင်း


ကျွန်တော်သိသော ... လူထဲကလူတစ်ဦး

ဦးကိုကိုကြီးကို ... ၂၀၁၁ လောက်က
ကျွန်တော်သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးမှုကြောင့်

ဆရာစံလမ်းက ... SS စားသောက်ဆိုင်မှာ
သိကျွမ်းခဲ့ရသလို ... နိုင်ငံရေးအကြောင်းတွေလည်း
တော်တော်များများ ... ဆွေးနွေးဖြစ်ခဲ့ကြပါတယ် ... ၊

ဒီ့အပြင် ... သူရဲ့နေရေးထိုင်ရေးကိစ္စတွေပ
အဲဒီသူငယ်ချင်းကတိုင်ပင်လို့ ... သူ့အစ်ကိုနေအိမ်မှာ
သွားရောက် ... လေ့လာပြီး အကြံပေးခဲ့ဖူးပါတယ်

ပြီးခဲ့တဲ့ .. နှစ်လ လောက်ထိကတော့ ...

ဦးကိုကိုကြီးမှာ ... နေစရာအိမ်မရှိလို့ ...
တောင်ဥက္ကလာက .. သူ့အစ်ကိုအိမ်မှာကပ်နေရလို့ ...

ကျွန်တော်မိတ်ဆွေတွေက ... သူ့အတွက်
နေစရာစီစဉ်ပေးဖို့ ... ဝိုင်းဝန်းပြီး တိုင်ပင်နေကြတုန်းပါပဲ ...

အရင်ကလည်း နှစ်သိန်းမျိုး သုံးသိန်းမျိုးကို
ကျွန်တော်အပါအဝင် ... မိတ်ဆွေတွေက
နေစရိတ် စားစရိတ်လေးတွေ ... ထောက်ပံ့ခဲ့ကြပါတယ်

ဆိုရရင် ... ဦးကိုကိုကြီးမှာ
ကိုယ်ပိုင်ဝင်ငွေလောက်လောက်ငင မရှိသေးတာကြောင့်
အိမ်ထောင်တစ်ခုတာဝန်ကို ... ထမ်းဆောင်ဖို့
ဘာမှအဆင်သင့် ... မဖြစ်သေးတဲ့အတွက် ...

ဒီနေ့ဒီအချိန်မှာ .. ဒီပုံစံမျိုးနဲ့
လက်ထပ်နိုင်တယ်ဆိုတာကတော့ ...

တစ်စုံတစ်ဦးရဲ့ ... အဖွဲ့အစည်းတစ်ခုရဲ့
အထောက်အပံ့မပါပဲ ... ဘယ်လိုမှ မဖြစ်နိုင်ပါဘူး

သူ ... ဦးကိုကိုကြီး ဟာ ...
သူတစ်ယောက်ထဲအတွက်တုန်းက ... ဒီလောက်မဟုတ်ပေမယ့်

သူ့ရဲ့ချစ်လှစွာသော ... ဇနီးချောလေးနဲ့ပါတ်သက်လာရင် ..
အဲဒီဇနီးချောလေးရဲ့ ... မိသားစု ဆွေမျိုးတွေနဲ့ ပါတ်သက်လာရင်
အဲဒီဇနီးချောလေးနဲ့ ရလာမယ့် ... သားသမီးတွေနဲ့ ပါတ်သက်လာရင်

လိုလားချက်တစ်ခုကြောင့် ... ပေးလာမယ့်
လာဘ်လာဘ နဲ့ အခွင့်အရေးတွေ ... အာဏာတွေကို ...
ဘယ်လိုများ ... ရှောင်နိုင်တော့မှာလဲ .. လို့ ... ၊

တစ်ကယ်တော့ ... လူဟာလူပါပဲ
ဘယ်သူကတစ်မူးသာပြီး ... အတက်ပေါက်နေကြလို့လဲ ... ၊

ဦးကိုကိုကြီးတစ်ယောက် ... ဘာသာခြား လူမျိုးခြားတွေရဲ့ ...
လွှမ်းမိုးခြယ်လှယ်မှုအောက်ကနေ ... ရုန်းထွက်လွတ်မြောက်နိုင်ပါစေ ဗျာ ... ။

အစဉ်လေးစားလျှက်

No comments:

Post a Comment