Wednesday, March 5, 2014

မျိုးစောင့်ဥပဒေနဲ့ပတ်သက်လို့



Honey James
မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးအတော်သဘောထား ကွဲလွဲကြတယ်.. ကျွန်မကတော့လက်ခံပါတယ်.. ဒါဟာကောင်းတဲ့ဥပဒေတခုပါဘဲ..

တကယ်ဆို ဘာသာတိုင်းမှာအမျိုးစောင့်ခြင်းရှိပါတယ်..
 

ဘာသာတိုင်းမှာမျိုးစောင့်ဥပဒေလို့မဟုတ်ပေမယ့်ဘာသာခြားနဲ့လက်မထပ်ရဘူးဆိုတာရှိပါတယ်..အစ္စလမ်မှာလည်းဘာသာခြားနဲ့လက်မထပ်ခိုင်းဘူး..လက်ထပ်ချင်ရင်ဘာသာတူအောင်ညှိယူရတယ်..ဘာသာမတူတဲ့အတွက်အိမ်ထောင်ရေးမှာရှေ့သွားနောက်လိုက်မညီနိုင်ဘူး..ခရစ်ယာန်မှာလည်းမညီသောထမ်းပိုးကိုမထမ်းရလို့ခရစ်တော်ပညတ်တော်မူတယ်..မညီတဲ့အိမ်ထောင်ရေးဟာဘ၀တလျှောက်အဆင်ပြေဖို့ခက်ခဲလို့ဘဲ..မြန်မာတွေအမျိုးစောင့်ဥပဒေထုတ်တာအတော်နောက်ကျနေပြီ..ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘာသာခြားမယူဖို့မကန့်သတ်ခဲ့ဘူး..အကြောင်းရင်းကဘုရားရှင်ဟာသာကီဝင်မျိုးနွယ်ဖြစ်လို့ဘဲ..သာကီဝင်များဟာ နောက်ဆုံးပေးစားစရာမရှိရင်တခြားမျိုးနွယ်မတူသူနဲ့လက်မထပ်ဘဲမောင်နှမချင်းပြန်ပေးစားပစ်တဲ့မျိုးနွယ်ပါ..သူတို့မျိုးနွယ်ထဲကိုဘယ်သွေးမှအရောမခံပါဘူး..ဒါကြောင့်ဘုရားရှင်ကဒီကိစ္စအတွက်အထူးတလည်မပြောခဲ့ခြင်းဖြစ်ပါတယ်..ဟိန္ဒူမှာလည်းမိမိလူမျိုးခြင်းသာယူဖို့သွန်သင်ပါတယ်..ဘုန်းကြီးတွေကအရင်ကဒီအကြောင်းမဟောခဲ့တာ 

ကိုယ့်ဘာသာကလွဲပြီးသူတပါးဘာသာကိုသေချာလေ့လာ စိတ်ဝင်စားမှုမရှိခဲ့လို့ပါ. .ဗုဒ္ဓဘာသာ 

ဟာသံသရာလွတ်ကြောင်းကိုဘဲဦးစားပေးဘာသာဖြစ်နေလို့ပါ.. တကယ်တော့ပုထုဇဉ်တွေက 

နိဗ္ဗာန်ရောက်ကြောင်းသာဆုတောင်းတာ.. 

အခုချက်ချင်းနိဗ္ဗာန်ရောက်မယ်ဆိုတကယ် ရောက်ချင်သူမရှိသေးပါဘူး.. ခဏနေပါဦး.. လူချမ်းသာ 

နတ်ချမ်းသာလေးများ ခံစားပါရစေဦးလို့ ဆိုကြမှာပါ.. 

ကိလေသာကိုလိုချင်တုန်းပါ..ဒီတော့အမျိုးစောင့်ဥပဒေလိုလာတာပေါ့..ဒီဥပဒေဆိုတာကလည်းမြန်မာအမျိုးသမီးများကိုကာကွယ်ပေးတာပါ..မလိုက်နာချင်သူကကိုယ်လိုချင်သူယူလည်းရပါတယ်..ကိုယ့်လယ်နဲ့ကိုယ်လုပ်စားတာ 

ဘယ်သူထွန်ထွန် ကျေနပ်တယ်ဆိုပြီးတာဘဲလေ.. 

လိုအပ်လာရင်တော့အကာအကွယ်ရတာပေါ့..ဒီလိုဥပဒေရှိတော့.. မြန်မာပြည်ဖွား ဘာသာခြား 

တိုင်းရင်းသားတွေကို အားနာစရာမလိုပါဘူး.. 

မယုံရင်တိုင်းရင်းသားဘာသာခြားကိုလက်ထပ်မယ်ပြောကြည့်ပါလား..သူတို့ဘာသာထဲကိုအရင်ဝင်ပါပြောတာဘဲ..ဒီတော့သူတို့ကမျိုးစောင့်ဥပဒေကိုအရင်ကျင့်သုံးတာမို့ 

အားနာစရာမရှိပါဘူး.. သူတို့ကိုယ်တိုင်လည်း သူတို့ကိုးကွယ်ရာ 

ဘာသာကို စောင့်ရှောက်သူတွေပါ.. ဖြစ်နိုင်ရင် လူမျိုးမတူရင် မပေးစားချင်ဘူးတောင် ဆိုသူတွေပါ.. 

ဒီဥပဒေက သူတို့မပေးစားချင်တာရှိရင် သူတို့အတွက်တောင် ပြန်ထောက်ပြစရာ ရနေပါသေးတယ်.. 

ကျွန်မရဲ့ အယူအဆ သက်သက်သာ ဖြစ်ပါတယ်..

No comments:

Post a Comment