သမိုင်းဦးခောတ်
လူသမိုင်းတွင် ရှေးအကျဆုံး မျိုးဆက်တစ်ခုဖြစ်သော
``ဂျာဗားလူ´´သည် ဂျာဗားကျွန်း၌ စတင်အခြေစိုက်နေထိုင်သည်။
ခရစ်မပေါ်မီ
3000-200
တရုတ်ပြည်တောင်ပိုင်းမှ မလေးလူမျိုးများ
ဝင်ရောက်လာပြီးနောက် ကျောက်ခောတ်နှင့် သံခောတ် ယဉ်ကျေးမှုကို စတင်သည်။
ခရစ်နှစ်
၁၀၀ (ခန့်)
အင်ဒိုနီးရှားနှင့် အိန္ဒိယတောင်ပိုင်းသို့ ဆက်သွယ်၍ ကုန်စည်ကူးသန်းမှု အခြေပြုသည်။
၁၀၀-၂၀၀
(ခန့်)
အိန္ဒိယမှ ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။
၁၀၀- ၇၀၀
(ခန့်)
အိန္ဒိယ ဟိန္ဒူလူမျိုးများ အဆက်မပြတ်ဝင်ရောက်သည်။
ထို့ကြောင့် အင်ဒိုနီးရှား အထက်တန်းလွှာ၌ ဟိန္ဒူဘာသာ စတင် အခြေစိုက်သည်။
၇၀၀- ၁၃၇၇
ဆုမတ္တရကျွန်းမှ ဘုရင် သီရိဝီဇယ၏ ဗုဒ္ဓဘာသာနိုင်ငံတော်သည်
အင်ဒိုနီးရှားတစ်နိုင်ငံလုံးသို့ ပျံ့နှံသည်။ ရေကြောင်းနှင့် ကုန်သွယ်ရေး အင်အားကောင်းလာသည်။
အနုပညာနှင့် ယဉ်ကျေးမှု ထွန်းကားသည။
၉၈၆-၁၀၀၆
ဂျာဗားကျွန်းမှ ဘုရင် ဓမ္မ၀ံသက ဓမ္မသတ် ဥပဒေကျမ်းများ
ပြုစုပြဌာန်းသည်။ ဟိန္ဒူဘာသာရေး ဂန္ဒ၀င်ကျမ်းဖြစ်သော ``မဟာဘာရတ´´ ကျမ်းကို ဂျာဗားဘာသာစကားဖြင့် ပထမဆုံး ပြန်ဆိုသည်။
၁၃ ရာစု
အိန္ဒိယမှ မူဆလင်ကုန်သည်များရောက်လာ၍ အစ္စလာမ်ဘာသာ
စတင်အခြေတည်သည်။ ဗလီဆရာကြီး ၀ါလီဆွန်ဂိုက အင်ဒိုနီးရှား လူမျိုး အများအပြားကို အစ္စလာမ်ဘာသာသို့
မတရားသော နည်းလမ်းများဖြင့် သွတ်သွင်းသည်။
၁၂၉၂ (ခန့်)
ပထမဆုံး ကမ္ဘာ့လှည့် ဥရောပတိုက်သား ခရီးသည်
မာကိုပိုလို ရောက်ရှိသည်။ တရုတ်ပြည်မှ ကူဗလိုင်ခန် ဧကရာဇ်၏ မွန်ဂိုတပ်များ ၀င်ရောက်
ကျူးကျော်မှုကို ပြန်လည်တိုက်ထုတ်လိုက်သည်။
1377-1478
ဆုမတ္တရမှ သီရိဝီဇယ အင်ပါယာနိုင်ငံတော် ဆုတ်ယုတ်လာသည်။
အရှေ့ဂျာဗားကျွန်းကို အခြေခံ၍ ဂတ်ဂျာမဒါး၏
ခေါင်းဆောင်မှုဖြင့် အင်ဒိုနီးရှား ကျွန်းစုအားလုံးကို စုရုံး၍ မဂျာပဟစ် နိုင်ငံတော်အဖြစ်
တည်ထောင်သည်။
1510 (ခန့်)
မုလုကတ် (ဟင်းမွှေးကျွန်းစု)ကို သိမ်းပိုက်ရန်
ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားသို့ ပေါ်တူဂီနှင့် စပိန်လူမျိုးများ စတင်ရောက်ရှိလာသည်။
1590 (ခန့်)
ဗြိတိသျှ နှင့် ဒတ်ခ်ျလူမျိုးများ ထပ်မံ
ရောက်ရှိလာသည်။
1602
ဒတ်ခ်ျ အရှေ့အိန္ဒိယကုမ္ပဏီကို
စတင်တည်ထောင်သည်။
1641
ဒတ်ခ်ျတို့က
မုလကတ်ကျွန်းစုကို ပေါ်တူဂီလက်မှ သိမ်း၍ ကုန်သွယ်ရေးကို ချုပ်ကိုင်လိုက်သည်။
1650
ဒတ်ခ်ျတို့က
အရှေ့အိန္ဒိယ ကျွန်းစု နယ်ချဲ့လုပ်ငန်းကို စတင်သည်။ ဒတ်ခ်ျ အရှေ့အိန္ဒိယ ကုမ္ပဏီက ဟင်းခတ်အမွှေးအကြိုင်နှင့်
ကော်ဖီထွက်ကုန်များကို လက်ဝါးကြီးအုပ်၍ အင်ဒိုနီးရှားကျွန်းစု ဘုရင်များ၏ သြဇာ အဏာကို
ချိုပ်ကိုင်သည်။ စိုက်ပျိုးခွန်များကိုလည်း ကောက်ခံသည်။
1799
ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီ အရှုံးပေါ်၍ ဒေ၀ါလီခံရပြီးနောက်
၎င်း၏ အင်ဒိုနီးရှားကျွန်းစု အကျိုးအမြတ်များကို ဒတ်ခ်ျဘုရင်သို့ လွှဲအပ်လိုက်ရသည်။
1811-1814
နပိုလီယံစစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသည်
ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ လက်အောက်သို့ ရောက်ရှိသည်။ ဂျာဗားကျွန်း၌ ရုံးစိုက်သော
ဒုတိယ ဘုရင်ခံ ရတ်ဖလီက အချို့နယ်များအား ဒေသန္တရ အုပ်ချုပ်ခွင့်ပေးသည်။
1815
အင်ဒိုနီးရှား ကျွန်းစုကို ပြန်ပေးရန် ဗြိတိသျှထံမှ
ဒတ်ခ်ျတို့က တောင်းဆိုသည်။
1825
ဂျာဗားကျွန်း၌ လယ်ယာမြေ မစိုက်မနေရ စနစ်
အရ သီးနှံထွက်အားလုံး၏ အချို့တစ်ဝက်ကို ဒတ်ခ်ျအစိုးရသို့ ပေးရန် တောင်းဆိုသည်။
1825-1830
မင်းသား ဒီပိုနိုဂိုရိုက နယ်ချဲ့အင်အားစုများကို
တော်လှန်သဖြင့် အမျိုးသား အာဇာနည်အဖြစ် ထင်ရှားလာသည်။
1869
အီဂျစ်ပြည်၌ စူးအက်တူးမြောင်း ဖောက်လုပ်ပြီးစီးသဖြင့်
ကုန်သွယ်ရေးတိုးတက်လာ၍ ဒတ်ခ်ျအမျိုးသား စိုက်ပျိုးသူများ၊ နယ်သစ် ရှာနသူများနှင့် ဆောက်လုပ်ရေးပညာရှင်အများအပြား
အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာသည်။
1870
လယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင်သည်။ ပုဂ္ဂလိက
စီးပွားရေးလုပ်ငန်းများကို ဖွင့်ပေးသည်။
1908
ဘူဒီအုတိုမို ခေါ် တန်းမြင့်ယဉ်ကျေးမှုအဖွဲ့ကို
အင်ဒိုနီးရှားပညာရှင်များက စတင်တည်ထောင်သည်။ ဤအဖွဲ့၏ ကိုလိုနီဖိနှိပ်မှု ဆန့်ကျင့်ရေး၊
အမျိုးသားလွတ်မြောက်ေ်ရး လုပ်ငန်းများကြောင့် အင်ဒိုနီးရှား ၌ အမျိုးသားလှုပ်ရှားမှု
ကျယ်ပြန့်လာသည်။
1911
စရိကတ် ဒါဂန်အစ္စလာမ် ခေါ် အစ္စလာမ်ကုန်သည်များအသင်းကို
အမျိုးသားကုန်သွယ်မှု တိုးတက်ရေးအတွက် တည်ထောင်သည် ။ ၁၉၁၂ ခုနှစ် တွင် နိုင်ငံရေးပါတီအသွင်သို့
ပြောင်းခဲ့သည်။
1916
အစ္စလာမ်ကုန်သည်အသင်း၏ ပထမဆုံး ညီလာခံကို
ဘန်ဒေါငး မြို့၌ ကျင်းပသည်။ ဒတ်ခ်ျနှင့် ပူးတွဲ၍ အင်ဒိုနီးရှားကိုယ်ပိုင်အုပ်ချုပ်ေ၇း
ကို တောင်းဆိုသည်။
1918
လူမှုရေးတရားဥပဒေကို လျော့ပေါ့ရန် အစ္စလာမ်ကုန်သည်အသင်းက
တောင်းဆိုရာ၊ ဒတ်ခ်ျအစိုးရက အင်ဒိုနီးရှားအမျိုးသားဦးရေ ကန့်သတ်ချက်ဖြင့် ပါဝင်သော
ပြည်သူ့အကြံပေး ကောင်စီ ကို တည်ထောင်လိုက်သည်။
1921
အစ္စလာမ်ကုန်သည်အသင်းနှစ်ခြမ်းခွဲပြီးနောက်
လက်ဝဲအုပ်စုက အင်ဒိုနီးရှားကျွန်းစု၌ ကွန်မြူနစ်ပါတီကို တည်ထောင်လိုက်သည်။
1923
နိုင်ငံတစ်ဝှမ်း၌ စီးပွားရေး ကျဆင်း၍ သပိတ်မှောက်မှုများဆက်တိုက်
ပေါ်ပေါက်နေခြင်းတို့ကြောင့် အင်ဒိုနီးရှား ပြည်သူတို့၏ လွတ်လပ်ခွင့်များကို ဒတ်ခ်ျအစိုးရက
ဖိနှိပ်ပိတ်ပင်လေသည်။
စရိကတ် ဒါဂန်အစ္စလာမ် ခေါ် အစ္စလာမ်ကုန်သည်များအသင်းကို
အမျိုးသားကုန်သွယ်မှု တိုးတက်ရေးအတွက် တည်ထောင်သည်။ 1912 ခုနှစ်တွင် နိုင်ငံရေးပါတီ
အသွင်သို့ ကျယ်ပြန့်လာသည်။
1927
ဂျာဗား နှင့် ဆုမတ္တရတို့၌ မျိုးချစ်အင်အားစုများနှင့်
ကိုလိုနီအင်အားစုတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်သည်။ အင်ဒိုနီးရှား အမျိုးသားပါတီ
(ပီအင်အိုင်) ကို ဆူကာနို ခေါင်းဆောင်သော မျိုးချစ်များက တည်ထောင်လိုက်ကြသည်။ မလေးဘာသာစကားကို
အခြေခံသော ဘဟာစာ အင်ဒိုနီးရှား ဘာသာစကားကိုလည်း
ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းလိုက်သည်။ ထိုပြင် ကိုလိုနီအဏာပိုင်များနှင့် မပူပေါင်းရေး
ဝါဒကိုလည်း ချမှတ်လိုက်သည်။
1928
နိုင်ငံရေး
လုပ်ရပ်ကြောင့် ပထမဆုံးအကြိမ် ဆူကာနို ထောင်ချခံရသည်။ နောက်နှစ်နှစ်အကြာတါင် ပြန်လွတ်ပြိးနောက်
၁၉၃၃ ခုနှစ်တွင် တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့နောက် ဒတ်ခ်ျအစိုးရက
ထပ်မံထောင်ချပြန်ရာ ဂျပန်ဝင်လာသောအခါ ပြန်လွတ်သည်။
1934-1942
မျိုးချစ်ခေါင်းဆောင်များဖြစ်သော စူလတန်
မိုဟာမက်ဟတ္တား နှင့် ဆူတန်ဇဟားတို့ တိုင်ပြည်မှ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဤကာလအတွင်း
ဒတ်ခ်ျအစိုးရအား မျိုးချစ်ဆန့်ကျင့်ရေး လှုပ်ရှားမှုများ မပြတ်ဖြစ်သွားသည်။
1942-1945
အင်ဒိုနီးရှားကျွန်းစုများကို ဂျပန်က သိမ်းပိုက်သည်။
အင်ဒိုနီးရှား လွတ်လပ်ရေးအတွက် ဆူကာနို နှင့် ဟတ္တားတို့က ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်သည်။
1945
ဂျပန်စစ်ရှုံး၍ မျိုးချစ်များက အင်ဒိုနီးရှား
လွတ်လပ်ရေးကို ကြေညာသည် (သြဂုတ်လ ၁၇ ရက်) အမျိုးသားကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပေဒမူကြမ်းကို
အတည်ပြုသည်။ ဆူကာနိုအား သမ္မတ၊ ဟတတားအား ဒုတိယသမ္မတ၊ ဇဟားအား ၀န်ကြီးချုပ်အဖြစ် တင်မြှောက်သည်။
(ထိုအချိန်တွင် အင်ဒိုနီးရှား မျိုးချစ်တပ်မတော်
နှင့် ဗြိတိသျှစစ်ကူပါသော ဒတ်ခ်ျတပ်များ အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်သည်။)
1947
ကုလသမဂ္ဂ၏ ကြားဝင်ဖျန်ဖြေမှုဖြင့် လင်းဂတ်ဂျတီ
သဘောတူညီအချက်အရ ဂျာဗား၊ ဆုမတ္တရ နှင့် မဒူးရာကျွန်းစုများ ပါဝင်သော အင်ဒိုနီးရှား သမ္မတနိုင်ငံကို
ထူထောင်ခွင့်ရသည်။ ဒတ်ခ်ျအစိုးရနျင့် ပူးပေါင်းဆောင်ရါက်၍ အင်ဒိုနီးရှား ပြည်ထောင်စုနိုင်ငံ
ထူထောင်ခွင့်ကို လည်းရသည်။ သို့၇ာတါင် မျိုးချစ်တိုင်းရင်းသားများအား ဒတ်ခ်ျပုလိပ်များ၏
ဖမ်းဆီးမှုများကြောင့် နှစ်ဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်သည်။
1948
ဒတ်ခ်ျပုလိပ်တို့၏ ဒုတိယအကြိမ် အကြမ်းဖက်မှုကြောင့်
ဒတ်ခ်ျ အစိုးရ နှင့် အင်ဒိုနီးရှားပြည်သူတို့ တိုက်ပွဲများ ဖြစ်ပွားသည်။
1949
ဟိတ်မြို့၌ ဆွေးနွေးပွဲ ကျင်းပပြိးနောက်
အင်ဒိုနီးရှား ပြည်ထောင်စုအား လုံးဝ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် နယ်သလန်
(ဒတ်ခ်ျ)အစိုးရက အပြီးအပိုင် လက်လွှတ်လိုက်သည်။
1950
ပထမဆုံးအကြိမ် လွှတ်တော်ညီလာခံကို ဂျာကာတာမြို့၌
ကျင်းပ သည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံကို တည်ထောင်သည် ဆူကာနိုအား သမ္မတ၊ ဟတ္တာအား ၀န်ကြီးချုပ်အဖြစ်
တင်မြှောက်သည်။
1952
မသင်မနေရ ပညာရေးစနစ်ကို စတင်ကျင့်သုံးသည်။
1953
အလီစပ်စရောမစ် ဂျိုဂျိုအား ၀န်ကြီးချုပ်အဖြစ် တင်မြှောက်သည်။
1954
ကိုလံဘိုအင်အားစု
ဝင်နိုင်ငံများဖြစ်သော မြန်မာ၊ သီဟိုဋ္ဌ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် ပါကစ္စတန် နိုင်ငံများ၏
ပထမဆုံးအကြိမ် ညီလာခံ ကို ကျင်းပသည်။ အနောက်အီရီယံကျွန်းကို ဒတ်ခ်ျအစိုးရထံ ပြန်ရရေးအတွက်
ညှိနှိုင်းဆောင်ရွက်ရေးအတွက် အနောက်အီရီယံ ဗျူရို
ကို တည်ထောင်သည်။
1955
အရှ-အဖရိက ဘက်မလိုက်နိုင်ငံ ၂၉ နိုင်ငံ၏
ညီလာခံကို ဘန်ဒေါင်းမြို့၌ ကျင်းပသည်။
ပထမဆုံးအကြိမ် ပြည်သူ့ဆန္ဒရွေးကောက်ပွဲကျင်းပသည်။
1956
ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်သော လွှတ်တော်ညီလာခံကို
ပထမဆုံးအကြိမ် ကျင်းပသည်။
1962
အနောက်နယူးဂီနီကျွန်းကို ပိုင်ဆိုင်ရေးကိစ္စနှင့်
ပတ်သက်၍ အင်ဒိုနီးရှားနှင့် ဒတ်ခ်ျ (နယ်သာလန်) နိုင်ငံတို့ တိုက်ပွားဖြစ်ပွားသည်။ ကုလသမဂ္ဂနှင့်အမေရိကန်တို့၏
ကြားဝင်ဖျန်မြေမှုဖြင့် နှစ်နိုင်ငံ သဘောတူညီမှုရရှိသည်။ (1963 ခုနှစ် မေလ ၇ ရက်တွင်
အဆိုပါ ဒေသကို ကုလသမဂ္ဂမှ တစ်ဆင့် အင်ဒိုနီးရှားသို့ လွှဲအပ်သည်။)
1963
မလေးရှားပြည်ထောင်စု ဖွဲ့စည်းရေးကိစ္စနှင့်ပတ်သက်` မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အချင်းဖြစ်ပွားသည်။
မလေးရှားက သံအဆက်အသွယ်ဖြတ်သည်။
1965
ကွန်မြူနစ်ပါတီနှင့် တပ်မတော်အရာရှိအချို့၏
အဏာသိမ်းပွဲပေါ်ပေါက်သည်။
1966
ဗိုလ်ချုပ်ကြီးဆူဟာတိုက သမ္မတဆူကာနိုထံမှ နိုင်ငံအဏာကို လွှဲပြောင်းရယူသည်။ ဗိုလ်ချုပ်ကြီး
ဆဟာတိုအား ယာယီသမ္မတအဖြစ် ခန့်အပ်သည်။
1967
သမ္မတဆူကာနိုအား ရာထူးမှ လုံးဝရပ်စဲ၍ ဗိုလ်ချုပ်ကြီး
ဆူဟာတို သမ္မတဖြစ်လာသည် (ဦးသန်းရွှေနဲ့တူသော လူပါ)
1970
သမ္မတဟောင်း ဆူကာနို ကွယ်လွန်သည်။
ကျမ်းကိုးစာရင်း
1.
Perspective
of Indonesia An “ Atlantic Monthly “
Supply ment
2.
Asia
–Handbook (Ed. Guy Wint)
3.
The
Columbia Viking Ency; Vol I , II)
4.
South
East – Asia in Turmoil (Brian Crozier)
5.
The
Republic of Indonesia (Dorothy Wood man)
6.
Time
Magazines
7.
News
Week Magazines
No comments:
Post a Comment