Tuesday, March 11, 2014


အမျိုးသားရေးစိတ်ဓာတ် နှင့် လွတ်လပ်ေ၇း

မြန်မာပြည်ကို ဗြိတိသျှတို့သိမ်းပိုက်ရာ၌ ၁၈၂၅ ခုနှစ်တွင် ရခိုင် နှင့် တနင်္သာရီကို

ဗြိတိသျှတို့ကျူးကျော်အုပ်ချုပ်စဉ် ကတည်းကစတင်ခဲ့သည်၊

မြန်မာပြည်ကို ဗြိတိသျှတို့အုပ်ချုပ်သည့် ကာလသုံးမျိုးရှိသည်၊

၁၊ ၁၈၂၅ နှင့် ၁၈၇၉ ခုနှစ်တွင် အစိုးရသည် ဥပဒေနှင့် အခွန်အတုပ်စည်းကြပ်ရေးကို

တည်ဆောက်ပေးနိုင်ခဲ့သည်မှလွဲ၍ စီးပွားရေးအဆောက်အအုံကို

ပြောပလောက်အောင် မထူထောင်ခဲ့ပေ၊

၂၊ ၁၈၈၀ မှ ၁၉၂၃ ခုနှစ် အတွင်း၊ ဗြိတိသျှတို့သည် ၄င်းတို့၏ .စွမ်းအားနှင့်

စီးပွားရေးအဆောက်အအုံကို တိုးချဲ့ခဲ့ပြီး

ကျောင်းများ၊ ကျန်းမာရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းတို့ကိုလည်း တိုးတက်စေခဲ့သည်၊

၃၊ ၁၉၂၃ ခုနှစ် နောက်ပိုင့်၌ မြန်မာပြည်သူများသည်

ဒီမိုကရက်တစ်နိုင်ငံရေးအဖွဲ့အစည်းများကို တည်ထောင်ခွင့်

ရခဲ့ကြသည်၊ ဤကလအတောအတွင့်း မြန်မာအမျိုးသားရေးဝါဒနှင့်

နယ်ချဲ့ဆန်ကျင့်ရေးစိတ်ဓါတ်များ ကြီးထွားလာခဲ့သည်၊

မြန်မာတွေလွတ်လပ်ရေးရခဲ့တာဟာလည်း

အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်းခဲ့လို့ပါပဲ

၁၉၁၈ (ပထမကမ္ဘာ့စစ်ပြီးဆုံးချိန်)မှ ၁၉၄၁ (ဒုတိယကမ္ဘာ့စစ်စတင်ချိန်)ထိ

အရှေ့တောင်အရှဒေသအတွင်း၌ အမျိုးသားရေးဝါဒကြီးထွားလာသည်နှင့်အမျှ

နယ်ချဲ့တို့အား ခုခံဆန့်ကျင့်မှုများ အရှိန်အဟုန်မြင့်မားလာခဲ့သည်။

အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေးဝါဒသည် နိုင်ငံသားတို့အား ကိုယ့်ကို ကိုယ်

လွတ်လပ်ရေးလိုအပ်နေသော နိုင်ငံတစ်နိုင်ငံ အဖြစ်သော်လည်းကောင်း၊

မိမိလူမျိုးဘ၀မြှင့်တင်ရန်အတွက် လည်းကောင်း၊ စိတ်ဓာတ်မြှင့်တင်ပေးပါသည်။

မြန်မာနိုင်ငံပင်မဆိုထားနဲ့ အရှေ့တောင်အရှဒေသရှိ အမျိုးသားရေးဝါဒသည်

လူမျိုးရေးစိတ်ဓာတ်အနေနှင့်ရော နိုင်ငံသားစိတ်ဓာတ်အဖြစ်ပါ ပါဝင်ခဲ့လေသည်။

ကိုလိုနီ လက်အောက်ခံနိုင်ငံများအတွင်းရှိ အမျိုးသားရေးဝါဒီများသည်

မိမိတို့အမျိုးသားများအား အနာဂတ်၌ သီးခြားလွတ်လပ်သော တိုင်းပြည်တပြည်ရှိ

လွတ်လပ်သော လူမျိုးတစ်မျိုးအဖြစ် စိတ်တူအိမ်မက်ခဲ့ကြလေသည်။ ထို့ကြောင့်

အမျိုးသားရေး ပြင်းထန်းလာခဲ့သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို

စတင်တောင်းဆိုလာခဲ့ကြသည်။

ဒါကြောင့် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်းလာသည့်နှင့်အမျှ မိမိတို့

အမျိုးမြင့်လေပါပဲလို့ ပြောလို့ရပါတယ်။

အရှေ့တောင်အရှတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်းလာသဖြင့် လက်နက်စွဲကိုင်

ကာ တော်လှန်ရေးစစ်ပွဲများ ဖြစ်ပွားလာပြီး။ 1950 လွန်နှစ်များ ရောက်သောအခါ

အရှေ့တောင်အရှနိုင်ငံအားလုံးနီးပါး လွတ်လပ်ရေးကို ရရှိခဲ့ပါသည်။

ဒုတိယကမ္ဘာ့စစ်ပြီးနောက် ဖိလစ်ပိုင်သည် အမေရိကန်ထံမှ လွတ်လပ်ရေးရ

မြန်မာပြည် 1948 လွတ်လပ်ရေးရ

အင်ဒိုနီးရှား 1949 ဒတ်ခ်ျထံမှ

ပြင်သစ်တို့သည် အင်ဒိုချိုင်းနားမှာ 1954 ခုနှစ်တွင် ထွက်ခွာသွားရပါသည်

No comments:

Post a Comment