Saturday, March 29, 2014

မြန်မာနိုင်ငံတွင်အုပ်ချုပ်မည့် သမ္မတအနေနဲ့ မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်
ရာဇဓမ္မတရား ဆယ်ပါး ကို လိုက်နာရန်လိုအပ်ပါသည် -

(၁) ရဟန်းသံဃာတော်များ၊ ဆင်းရဲသူများအား အလှူပေးခြင်း (ဒါန)
(၂) ကိုယ်ကျင့်သိက္ခာဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းခြင်း (သီလ)
(၃) အမှုထမ်းတို့အား စားနပ်ရိက္ခာများ လုံလောက်အောင်ပေးခြင်း (ပရိစ္စာဂ)
(၄) ရိုးသားဖြောင့်မတ်ခြင်း (အဇ္ဇ၀)
(၅) သာယာနူးညံ့စွာ ပြောဆိုကျင့်ကြံခြင်း (မဒ္ဒ၀)
(၆) အကျင့်သီလတို့ကို ခြိုးခြံစွာ စောင့်သုံးခြင်း (တပ)
(၇) အမျက်မထွက်ခြင်း (အက္ကေဓန)
(၈) ပြည်သူလူထုကို အခွန်အတုတ်အမျိုးမျိုးတို့ဖြင့် မညှင်းဆဲခြင်း၊ မနှိပ်စက်ခြင်း (အ၀ိဟိံသ)
(၉) သည်းခံရခြင်း (ခန္တီ)
(၁၀) ရဟန်းရှင်လူ ပြည်သူတို့သဘောနှင့်မဆန့်ကျင်ခြင်း (အ၀ိရောဓန) တို့ဖြစ်သည်။
ဥာဏ်လေ သုံးပြီး စဉ်းစားကြပါခင်ဗျာ

အုပ်ချုပ်သူများဟာ ဒီကျင့်ထုံးများကို စွမ်းနိုင်သမျှ လိုက်နာမယ်ဆိုရင် ပြည်သူတွေရဲ့ ဘ၀တွေ လုံခြုံစိတ်ချရခြင်း၊ ဆင်းရဲ့၊ ချမ်းသာ ကွာဟမှု နည်းပါးခြင်း၊

ပြည်သူတို့ရဲ ဆန္ဒကို နားထောင်ပေးခြင်းဖြင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို

တိုင်းပြည်မှ ဖြည့်ဆည်းပေးနိုင်ခြင်း၊ ခေါင်းဆောင်များရဲ့ ရိုးသားဖြောင့်မတ်ခြင်း၊

ကိုယ်ကျင့်သိက္ခာများ ကောင်းမွန်ခြင်းကြောင့် ပြည်သူတို့ရဲ့ လေးစားမှုကို ပိုမိုရနိုင်ခြင်း၊

ပြည်သူများနှင့် စကားပြောဆိုရာ၌ သာယာနူးညံပြီး ကိုယ်အမူအရာ၊ နှုတ်အမူအရာများ

သိမ်မွေ့၍ တိုင်းပြည်ခေါင်းဆောင်များအပေါ် ကြည်ညိုလေးစားစိတ်များ ပို၍

ပို၍ ဖြစ်ပေါ်နိုင်ခြင်း၊ အစိုးရကိုယ်တိုင်က တိုင်းပြည်ဘဏ္ဍာများကို ခြိုးခြံစွာ

ကျင်နေတဲ့အတွက်ကြောင့် ပြည်သူများက လာဘ်ပေး၊ လာဘ်ယူကင်းတဲ့ အစိုးရအပေါ်

ယုံကြည်စိတ်များ များပြားလာနိုင်ခြင်း၊ အခွန်အတုတ်များကို ကောက်ခံရာ၌ မျှတခြင်း၊

အလုပ်လုပ်လျှက် သားသမီးများပြားခြင်းကြောင့် ဆင်းရဲတွင်းနက်နေတဲ့

ဆင်းရဲသားမိသားစုများအား ပညာပေးခြင်း၊

အခွန်အတုတ်များ လျှော့ပေါ့ကောက်ခံခြင်း၊ လိုအပ်လာခဲ့ရင် မိသားစုများရဲ့ ၀င်ငွေကို

ထပ်ဆောင်းပေးခြင်းစတဲ့ ကောင်းကျိုးတရားတွေကို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတရားများ၌

အတိအလင်း ဟောပြထားပါတယ်။

လူတော်တော်များများက ဒီမိုကရေစီ တောင်းဘဲ တောင်းတတ်ကြပါတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်ကြံဖို့ဆိုတာတော့ နားမလည်ကြပါဖူးဗျာ

No comments:

Post a Comment