Friday, December 27, 2019

သခင်ထွန်းအုပ် (ခ) ဗိုလ်မြင့်ဆွေ ၏
ဇနီး ဒေါ်ကြည်ကြည်ဝင်း၊
ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်းသမီး ဒေါ်စု၊ဗိုလ်က်ျာ(ခ)သခင်လှဖေ သမီးဒေါ်ခင်လက်ျာ၊ဗိုလ်နေဝင်း (ခ) သခင်ရှုမောင်သမီးဒေါ်ခင်စန္ဒာဝင်း၊ဗိုလ်ရန်နိုင် (ခ) ကိုထွန်းရှိန် သမီး၊တို့ 
ထိုင်နေကြပုံ။
Photo credit #
2019 December 26

Thursday, December 26, 2019

မိုက်ကယ်ဂျက်ဆင်ဟာ အသက် ၁၅၀ လောက်ထိ
နေသွားချင်တဲ့သူတစ်ယောက်ပါ ……
ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို
စောင့်ရှောက်ဖို့ မိသားစုဆရာဝန် ၁၂ ယောက်ထိ သူခန့်ထားခဲ့တယ်။
သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ
ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။
သူ့ရဲ့နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း ၁၅ ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။
သူ့ရဲ့အိပ်ရာမှာ အောက်စီဂျင်ပမာဏကိုထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။
ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။
ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက် ၁၅၀ လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။
ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး…
၂၀၀၉ခုနှစ် ၊ ဇွန်လ ၂၅ရက်… သူ့အသက်၅၀အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်၁၂ယောက်အပါအဝင် အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။
၂၅ နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင်မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်၁၅၀ပြည့်အောင်နေချင်ပေမယ့် မနေခဲ့ရပါဘူး။ မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို လူပေါင်း ၂ သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
သူကွယ်လွန်တဲ့ ၂၀၀၉ခုနှစ် ၊ ဇွန်လ ၂၅ရက် ဒေသစံတော်ချိန် ညနေ၃း၁၅မှာ Wikipedia, Twitterနဲ့ AOL's instant messengerတို့ဟာ လုံးဝပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကိုစိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကိုပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။
ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။
ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့် နေ့မအားညမနားလိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။
ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။
ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။
ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့ ၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့လိုပါလိမ့်မယ်။ တကယ်တမ်းသေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။
"ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား"စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။
ချမ်းသာအောင်လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာတစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲချမ်းသာနေပြီး စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။
ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျအသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။
တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှုတွေပဲဖြစ်ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမှဝယ်လို့မရနိုင်တာပါပဲ။
Credit
လူ(၁၀)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့သည့်
ယာဉ်တိုက်မှု
---------------------------------
26.12.2019 နံနက်(၁၀)နာရီခန့်က မော်လမြိုင်-မုဒုံသွား လမ်းမကြီးပေါ် မုဒုံမြို့အဝင် ကွမ်တာကျေးရွာအပိုင်တွင် ဘုရားဖူးယာဉ်  ဟိုက်ဂျက်ကားနဲ့ (၆)ဘီး သဲကားတို့ တိုက်မှုဖြစ်ပွားပြီး ဟိုက်ဂျက်ယာဉ် ပေါ်ပါ (၁၅)ဦးအနက် (၁၀)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါ သည်။

ယာဉ်တိုက်မှုဖြစ်ပုံကတော့ ဟိုက်ဂျက်နဲ့ သဲကားမှာ လားရာတူ
မောင်းလာခြင်းဖြစ်ပြီး ဟိုက်ဂျက်မှ (၆)ဘီးကားကို ကျော်တက်ပြီး ယာဉ်ကြောထဲပြန်ဝင်ချိန် (၆)ဘီးကားရှေ့ထဲ ဝင်သွားခြင်းဖြစ်ပါသည်။

ဟိုက်ဂျက်ကားမှာ ဘားအံ ကော့လှိုက်ကျေးရွာနေ ဦးတင့် ဆိုသူ မောင်းနှင်လာသည့် ကားဖြစ်ပြီး (၆)ဘီးမှာ သံဖြူဇရပ် ကျုံကဒတ် ကျေးရွာနေ တင်အောင်စိုး(၅၃)နှစ် မောင်းနှင်လာသည့် ကားဖြစ်ပါ သည်။

သေဆုံး ဒဏ်ရာရသည့် ဘုရားဖူးကားပေါ်မှလူများမှာ ကြို့ပင်ကောက် ဇီးကုန်း အောင်လံ နှင့် ဘားအံ ကော့လှိုက်ရွာမှလူများဖြစ်ပါသည်။
ဘုရားဖူးအလည် လာကြရင်း ကျိုက်ခမီဘုရားဖူးသွားကြစဉ် ဖြစ်ပွား၍ သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။

ကျား(၆)မ(၄) စုစုပေါင်း(၁၀)ဦးသေဆုံးပြီး
ကျား(၁)မ(၄)ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပါသည်။

ကားခေါင်းခန်းတွင်း ညှပ်နေပြီး အသက်ရှင်နေသည့် ကလေးတစ်ဦး အား ကယ်ဆယ်ရေးအဖွဲ့များမှ ကလေးအား အောက်ဆီဂျင်ပေး အားပေးစကားများပြော၍ ထိန်းထားပေးကာ မော်လမြိုင်ခရိုင်မီးသတ် တပ်ဖွဲ့မှ ကတ်တာများ ကရိန်းကားများ အသုံးပြု ဖြတ်တောက်၍ အသက်ရှင်လျှက်  ကယ်ထုတ်နိုင်ခဲ့ပါသည်။

အခင်းဖြစ်ပွားရာနေရာသို့
မော်လမြိုင်ခရိုင်မီးသတ်တပ်ဖွဲ့၊ မုဒုံမီးသတ်တပ်ဖွဲ့၊
မော်လမြိုင်မြို့ပေါ်ကွန်ယက်မှ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များ
မုဒုံမြို့နယ်ကွန်ယက်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ
ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီပေးနိုင်ခဲ့ကြပါသည်။

အသက်ရှင်ပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသူများမှာ

- ဒေါ်မာမာဦး (49)နှစ် (ဘ)ဦးစိုးတင် အောင်လံမြို့ မကွေးတိုင်း
- ဒေါ်ကြူကြူထွေး (42)နှစ် (ဘ)ဦးသိန်းအောင် ဘားအံ
- မဖြူဖြူသင်း (16)နှစ် (ဘ)ဦးတင်အောင်နွယ် အောင်ပြည်သာရွာ
- မောင်ကောင်းမြတ်သူ (13)နှစ် (ဘ)ဦးကိုကိုထွေး ကြို့ပင်ကောက်
- ဒေါ်မာမာဝင်း (55)နှစ် (ဘ)ဦးတင်မောင် ဇီးကုန်း ပြည်

တို့ဖြစ်ကြောင်းသိရပါသည်။ သက်ဆိုင်သူ မိသားစုများထံ ဆက်သွယ်
အကြောင်းကြားထားပြီး ဖြစ်ပါသည်။

(DB ပုံမြင်ချင်သူ ဆွေမျိုးများအနေဖြင့် မက်ဆင်ဂျာမှာ လာတောင်း နိုင်ပါတယ်။ ကျွန်တော်တို့ တင်ပေးလို့ အဆင်မပြေပါ။ DB ပုံတွေ အရမ်းဆိုးရွားနေလို့ပါ)

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့
09 784 784 199
09 785 785 199
09 260 144 199
#Zin Moe





နေကြတ်နဲ့ပါတ်သက်ရင် အနိဋ္ဌအဟောပဲ ထွက်တာပါ ။ ဆရာက ဣဋ္ဌဘာဖြစ်လို့ ပြောတာလဲ ဆိုပြီးတော့ နိုင်ငံရေးဗေဒင် ပညာယူထားတဲ့ တပြည့်များက မေးကြပါတယ် ။ ဆရာအတော်များများကလဲ စောင့်ကြည့်နေတာ ကြားသိရပါတယ် ။ သီအိုရီအရ ဆုံးဖြတ်ကြမည့် အဟောတွေအမှန်ပါ ။ ၄၅ ရက်အတွင်း ထူးထင်မှာပါ ။ ဆရာများမြင်ကြတာ အမှန်ပါပဲ ။
ကျနော်လဲ မမှားပါဘူး။

တူရာသီတိတ်စွဲရှိတဲ့ မြန်မာနိုင်ငံတော်ကြီးကို မြင်အောင်ကြည့်လိုက်ကြပါ ။ တိုင်းပြည်ကြီး ဘုန်းကံညံ့ဖျင်းနေတာ ကာလကြာပါပြီ အခက်အခဲတွေ ကုန်ဆုံးချိန်တန်သွားပါပြီ ။ နောက်ဆုံးအခက်အခဲတွေ ရင်ဆိုင်ဖြတ်ကျော်ပြီးရင် ပွင့်လင်းတော့မှာ မြင်မိတဲ့အတွက် ဝမ်းသာအားရ ရေးတင်လိုက်တာပါ။

၄၅ ရက်အတွင်း ဖြစ်ပေါ်လာမည့် သတင်းတို့ကို ကျနော်လဲ စောင့်ကြည့်နေပါတယ် ။ နောက်ဆက်တွဲမှာ မင်္ဂလာရှိစွာ မိတ်ဆွေများ ပါနိုင်ရေးအတွက် အလှူအတန်းပြု မင်္ဂလာယူကြဖို့ တင်ပေးလိုက်တာပါ။ နေကြတ်အကြောင်း ကျနော်မပြောပါဘူး ။ မိတ်ဆွေများ မြန်မာပြည်ကြီးနဲ့ အတူတကွ မင်္ဂလာရှိစွာ ကံပွင့်လာဖို့ပဲ လိုပါတယ် ။

မနက်ဖြန် နံက်မှာ ကျနော်နှင့် သားတပြည့်များ သင်္ကန်းကပ်လှူကြမှာပါ ။ ကျနော်ကကောင်းတယ် ရေးတင်တာကို အခြေခံပြီး ပူးနေတဲ့ဂြိုဟ်များကို အကောင်းရေးပြီး စာစုတင်နေတဲ့ဆရာများ တူရာသီတိတ်စွဲမှ ပြန်စဉ်းစားကြပါ ။ ကျနော်ရေးတာက ကာလအလွန်ကို ဆိုလိုတာ ဖြစ်ပါကြောင်း...

အပြောဥသျှောင်
ဘိုးမင်းအောင်

Wednesday, December 25, 2019

အချုပ်ကျနေတဲ့ အဖေ့ကို ဆွမ်းခံကျွေးနေတဲ့ ကိုရင်လေး
------------------------------------------------------------------

တကယ်ကို ရင့်နစ်စရာကောင်းတဲ့ ဖြစ်ရပ်လေးပါ။ ကိုရင်လေးဟာ
သူဆွမ်းခံလို့ရတဲ့ ခဲဖွယ် ဘောဇဉ် တို့ကို အချုပ်ကြနေသော သူ၏
ဖခင်ကြီးကို နေ့တိုင်းကျွေးနေသောမြင်ကွင်းလေးပါ။ တကယ်ကို
ကြည်ညိုစရာကောင်းပါတယ်။ မိဘက မိဘပါပဲ။ ဘယ်လောက်ပဲ
ဖခင်က မကောင်းခဲ့လို့ အချုပ်ကျနေပါစေ ကိုရင်လေးက
ဖခင်မေတ္တာကို အပြည့်ဝ လိုချင်နေသူပါ။ အဲဒါကြောင့်လဲ
ကိုရင်လေးရဲ့ သနားစရာမြင်ကွင်းလေးကို fb သူငယ်ချင်းများ
တွေ့မြင်ရပါလိမ့်မယ်။ ထိုမြင်ကွင်းလေးကိုကြည့်ပီး ကိုရင်လေးနဲ့
သူ၏ ဖခင် တို့ ပျော်ရွှင်ချမ်းမြေ့သော ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ် ကိုရင်လေးဘုရား။

credit:MyMedia
(2014 ခုနှစ်တွင်းက ထိုင်းနိုင်ငံမှ သတင်းလေးတစ်ပုဒ်ပါ)
==========================

အချုပ်ကျနေတဲ့ အဖေ့ကို ဆွမ်းခံကျွေးနေတဲ့ ကိုရင်လေး
------------------------------------------------------------------

တကယ်ကို ရင့်နစ်စရာကောင်းတဲ့ ဖြစ်ရပ်လေးပါ။ ကိုရင်လေးဟာ
သူဆွမ်းခံလို့ရတဲ့ ခဲဖွယ် ဘောဇဉ် တို့ကို အချုပ်ကြနေသော သူ၏
ဖခင်ကြီးကို နေ့တိုင်းကျွေးနေသောမြင်ကွင်းလေးပါ။ တကယ်ကို
ကြည်ညိုစရာကောင်းပါတယ်။ မိဘက မိဘပါပဲ။ ဘယ်လောက်ပဲ
ဖခင်က မကောင်းခဲ့လို့ အချုပ်ကျနေပါစေ ကိုရင်လေးက
ဖခင်မေတ္တာကို အပြည့်ဝ လိုချင်နေသူပါ။ အဲဒါကြောင့်လဲ
ကိုရင်လေးရဲ့ သနားစရာမြင်ကွင်းလေးကို fb သူငယ်ချင်းများ
တွေ့မြင်ရပါလိမ့်မယ်။ ထိုမြင်ကွင်းလေးကိုကြည့်ပီး ကိုရင်လေးနဲ့
သူ၏ ဖခင် တို့ ပျော်ရွှင်ချမ်းမြေ့သော ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ် ကိုရင်လေးဘုရား။

credit:MyMedia
(2014 ခုနှစ်တွင်းက ထိုင်းနိုင်ငံမှ သတင်းလေးတစ်ပုဒ်ပါ)


လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်၍ တရားစွဲခံရသူ ၃၇ ဦးရှိပြီး ကိုယ်စားလှယ်ကိုယ်တိုင် တရားစွဲမှု ၁၃ မှုရှိကြောင်း အသံအဖွဲ့ထုတ်ပြန်
NEWS

PUBLISHED 25 DECEMBER 2019
လွှတ်တော်သုံးရပ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်ပြောဆိုမှုဖြင့် ပြည်သူ၊ နိုင်ငံရေးပါတီဝင်နှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၃၇ ဦး တရားစွဲဆိုခံခဲ့ရပြီး အမှုအရေအတွက် ၂၂ မှုရှိကာ လွှတ်တော်ကိုယ်စားလှယ်က တိုက်ရိုက်တရားစွဲမှု ၁၃ မှုရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်း၍ တက်ကြွလှုပ်ရှားသည့် အသံ- Athan အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။

၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၉ နိုဝင်ဘာ အထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်သက်တမ်း ၄၅ လအတွင်း တရားစွဲ ဆိုခဲ့သည့် အမှုအရေအတွက်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

ယင်းသို့ တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကိုအသုံးပြု၍ တရားစွဲမှုက ၁၃ မှုဖြင့် အများဆုံးတွေ့ရပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ)ဖြင့် ခြောက်မှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် သုံးမှုဖြစ်ကြောင်း အသံ- Athan အဖွဲ့ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

“လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေက တရားစွဲဆိုတဲ့အခါမှာ အဲဒီသုံးခုနဲ့ပဲ တရားစွဲဆိုတာ တွေ့ရပါတယ်။ အဲဒါက အစိုးရနဲ့ တပ်မတော်တို့ တရားစွဲဆိုတာနဲ့ မတူတဲ့အချက်ပေါ့နော်။ အဓိကက လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်။ သူတို့ကို အသရေဖျက်တယ် ဆိုတဲ့ဟာနဲ့ ဆွဲတာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသရေဖျက်မှုဥပဒေ စုစုပေါင်း ခြောက်ခုရှိတယ်။ အဲဒီခြောက်ခုထဲမှာ ဆက်သွယ်ရေး ဥပဒေရော၊ နိုင်လွတ်လုံဥပဒေရော၊ ပုဒ် ၅၀၀ ရော အကျုံးဝင်နေတယ်”ဟု ၎င်းက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုမှု အများဆုံးဖြစ်သော်လည်း မြေပြင်တွင် ဖြစ်ပွားသည့် ကိစ္စရပ်အချို့နှင့်ပတ်သက်၍ တရားစွဲဆိုခံရသည်ကိုတွေ့ရှိရပြီး မြေယာနစ်နာမှု တိုင်ကြားသည့် ရန်ကုန်တိုင်းရှိ အရပ်သား ၁၇ ဦးကို လွှတ်တော် ကိုယ်စားလှယ်နှင့် ၎င်း၏ မိသားစုဝင်တစ်ဦးက တရားစွဲဆိုမှုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တရားစွဲဆိုမှုကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် တွေ့ရှိရပြီး ရန်ကုန်တိုင်းကအမှု ကိုးမှုဖြင့် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ထိုသို့ တရားစွဲမှုများတွင် လွှတ်တော်ကိုယ်စားလှယ်က တိုက်ရိုက်တရားစွဲမှု ၁၃ မှုတွင် ကိုယ်စားလှယ် ၁၁ ဦးက စွဲဆိုခြင်း ဖြစ်ကြောင်း၊ ကြားလူက တရားစွဲမှု ကိုးမှုရှိကြောင်း၊ အမှုအများစုသည် ဝေဖန်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်နှင့် ရင်းနှီးသူများက ကိုယ်စား တရားစွဲဆိုပေးခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဆက်သွယ်ရေးဥပဒေတွင် ပါရှိသည့် ပုဒ်မ ၆၆ (ဃ) အပါအဝင် ပုဒ်မအချို့၊ နိုင်လွတ်လုံ ဥပဒေပုဒ်မ ၈ (စ)နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ တို့ကို ပြင်ဆင်ရန် လိုအပ်ပြီး ဥပဒေပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်း မရှိပါက မည်သည့်အစိုးရနှင့် မည်သည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ ယခုကဲ့သို့ ပြည်သူကို တရားစွဲဆိုနိုင်သည့် အခွင့်အရေးရရှိ နေဦးမည်ဟု အသံ - Athan အဖွဲ့မှ ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

“ NLD အစိုးရသာ တကယ် ပြည်သူ့အစိုးရမှန်တယ်ဆိုရင် ပြည်သူကို ဒုက္ခဖြစ်စေတဲ့ ဥပဒေတွေကို အမြန်ဖျက်သင့်တယ်။ ဘာလို့ဆိုရင် နောက်ငါးနှစ်က ဘယ်သူလဲဆိုတာ မသိနိုင်ဘူး။ NLD အစိုးရမဟုတ်တဲ့ တခြားအစိုးရ တက်လာရင် သူတို့မှာလည်း ပြည်သူကို ဒုက္ခရောက်စေမယ့် ဒီလိုမျိုးဥပဒေတွေ ကိုင်ပြီးတော့ တရားထပ်စွဲမှုတွေ ဖြစ်နေဦးမှာ ပဲ။ ကျွန်တော်တို့ ဆိုလိုတာက ပြည်သူ့အစိုးရမှန်ရင် ဥပဒေတွေ ပြင်ဆင်ခွင့်ရှိတဲ့ အာဏာ ပါဝါရှိနေတုန်း ဒီဥပဒေတွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်ဖို့ တိုက်တွန်းတာပါ”ဟု ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တရားစွဲဆိုခံရသူ ၃၇ ဦးတွင် ပြည်သူက ၂၅  ဦးဖြင့် အများဆုံးဖြစ်ပြီး နိုင်ငံရေးပါတီဝင် ကိုးဦးနှင့် တက်ကြွလှုပ်ရှားသူ သုံးဦး ဖြစ်သည်။ လတ်တလောတွင် အမှုထက်ဝက်ခန့် ပြီးမြောက်ခဲ့ပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရကြောင်း၊ အချို့မှာ ထောင်ဒဏ်သုံးလ၊ ခြောက်လအသီး သီးကျခံရကာ လွှတ်တော် ကိုယ်စားလှယ်စားလှယ်ကို ပြန်လည်တောင်းပန်မှုကြောင့် ကျေအေးခဲ့သည့် အမှု နှစ်မှုခန့်ပါဝင်ကြောင်း အသံ - Athan အဖွဲ့မှ သိရသည်။

eleven

Tuesday, December 24, 2019

၁၀တန်းတခါကျလိုက်လို့ DSA မမှီတာတောင်
စစ်ထဲဝင်ချင်လွန်းလို့ computer တပ်ကြပ်ကြီး
တက်သွားတာ သင်တန်း ဆင်းထားတာမကြာ
သေးဘူး မိဘတွေကိုလဲ ရသလောက်ပြန်
ထောက်ပံ့နေတဲ့ ညီငယ်လေး~~~~~~~~~

တိုင်းပြည်အတွက်အသက်ပေးလိုက်ရပြန်ပြီ😭
ဒီလိုသတင်းတွေ မတင်ဘူးလို့ ဆုံးဖြတ်ထားတာ
ရင်ထဲမကောင်းလွန်းလို့ တင်ဖြစ်သွားတာပါ။

စစ်ပွဲတွေကို အဆုံးသတ်ပေးပါတော့ဗျာ😭
တနေ့နဲ့တနေ့ သူ့ဘက်ကိုယ့်ဘက် အသက်တွေ
ပေးဆပ်နေရတာ မတန်တော့ဘူး။

မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ လို့ဆု
တောင်းရင်း ညီလေးကောင်းရာသုဂတိလားပါစေ။
😭😭😭😭 သူ့ကာဗာပိုတိုလေးကိုကြည့်ပါအုံးဗျာ!
#crd
#ရဲရင့်ထက်

Myat Thu
ပေါရိသာဒ ဦးလာဘ ..
.
၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့ ၌ နာမည်ကျော်
ဦးလာဘ ဆိုသည်မှာ တကယ် ရှိခဲ့ပါသည် ။
သင်္ကန်း ဝတ်ထား ပေမယ်​့ ဘုန်းကြီး ဟု
ပြောဖို့ ခက်ခဲ ပါသည် ။
သူရဲ့ ကျောင်း၏ တည်နေရာမှာ ယခု
တောင်ဥက္ကလာပ မြို့နယ် ပါရမီ လမ်းမ
ဘေးက ၂၀ိုင်း တို့ ၃၀ိုင်းတို့ ဆိုပြီး အခု
ခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေ
အများကြီး ရှိတဲ့ နေရာ ။
အဲ့ဒီ ကာလတုန်း ကတော့ အခုလို လူနေ
အိမ်ခြေ မရှိသေးဘဲ မြို့ အစွန်အဖျား လို
ဖြစ်နေခဲ့သည် ။
ဘုန်းကြီး ကျောင်းငယ်လေးတွေ ကတော့
ဟိုတစ်ကျောင်း ဒီတစ်ကျောင်း ရှိနေခဲ့
ပါတယ် ။ အဲဒီထဲမှာ ဦးလာဘ ၏
ကျောင်းလဲ တစ်ကျောင်း
အပါအဝင်ပေါ့ ။
ဦးလာဘ ရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမ နဲ့
သားဖြစ်သူ တို့ပါ အတူ နေတယ် လို့
ပြောပါတယ် ။
သားဖြစ်သူက ဦးလာဘ အတွက် ဒိုင်ခံ
လူသတ် ပေးပြီး မိန်းမဖြစ်သူက ဦးလာဘ
အတွက် ပြင်ဆင် ချက်ပြုတ်
ပေးကြပါတယ်။
ဦးလာဘ ရဲ့ လူသားစား ဇာတ်လမ်းကြီး
ပေါ်ပေါက် လာရတာ ကတော့
ဘုန်းကြီးကျောင်း ရဲ့။ဘေးဘက် တနေရာမှာ
မြေကွက်လေး ရှိတယ်။အဲ့နား ဝန်းကျင် က
ဘုန်းကြီး ကျောင်းသားလေးတွေ ညနေဆို
ခြင်းခတ် ကြတယ် ။
တနေ့ ညနေ ခြင်းခတ် နေရင်း ကျောင်းသား
တယောက် ခြင်းခတ် လိုက်တာ ခြင်းလုံး က
ဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲ
ဝင်သွားတယ် ။
သွားကောက်တဲ့ ကျောင်းသားလေး လည်း
အချိန် အတော်ကြာတဲ့ထိ ပြန်ထွက်
မလာတော့ဘူး တဲ့ ။
တနေ့ ထက် တနေ့ အဲဒီ့ ပတ်ဝန်းကျင် မှာ
လူပျောက်မူ့တွေ များလာတယ် ။
စုံစမ်း လိုက်တဲ့ အခါမှာ အများစုက အဲဒီ့
ဘုန်းကြီးကျောင်းတွေနား တဝိုက်မှာ
နောက်ဆုံး မြင်လိုက် ရတာကြီးပဲ
ဖြစ် ဖြစ် နေတယ် ။
သဲလွန်စ လဲ မရ သတင်း အစ အန လည်း
မရ ဖြစ်နေ ပေမယ့် ဒီနားက ဘုန်းကြီးကျောင်း
တွေ နဲ့ ပတ်သတ်မှု တခုခု ရှိမယ် ဆိုပြီး
အဲ့နား တဝိုက် ကို အမြဲတမ်း စောင့်ကြည့်
နေခဲ့ပါတယ်။
ဒီလိုနဲ့ အမှု ပေါ်မယ်​့ နေ့ မှာ လူငယ်
တယောက် ဟာဦးလာဘကြီး ရဲ့ ကျောင်း
ကို ညနေစောင်း လောက် အချိန် မှာ
ရောက်လာ ခဲ့ပါတယ်။
သူ ပြန်မယ့် အချိန် ကျတော့ ဦးလာဘ ရဲ့
ကျောင်းထဲက အထွက် မှာ ဦးလာဘ ရဲ့
သားဖြစ်သူက အနောက် က ဓား နဲ့
ခုတ်ပါတယ် ။
ကံကောင်းစွာ နဲ့ လူငယ် ကို ချက်ကောင်း
မခုတ်မိ တာကြောင့် အဲ့ဒီ လူငယ် သွေးသံ
ရဲရဲ နဲ့ ဘုန်းကြီးကျောင်း ဝန်းထဲက
ပြေးထွက် ခဲ့ပါတယ် ။
အဲဒီ့မှာပဲ အဆင်သင့် စောင့်ကြည့် နေတဲ့
သက်ဆိုင်ရာ တွေရော ပတ်ဝန်းကျင် ကပါ
ရောက်ရှိ လာပြီး အကျိုးအကြောင်း မေးတော့
ဘာ ရန်စ မှ မရှိဘဲ ဦးလာဘ ရဲ့ သားဖြစ်သူ
က ဓား နဲ့ ခုတ်တဲ့ အကြောင်း သိရတာမို့
ဦးလာဘ ရဲ့ ကျောင်း ကို ဝင်ရောက်
စစ်ဆေး ကြပါတယ် ။
ကျောင်းထဲကို ဝင်စစ်ကျတဲ့ အခါမှာ
ရာဝင်အိုးကြီး ထဲမှာ ခုတ်ဖြတ် ဆားစိမ်
( သို့ ) အချဉ်စိမ် ထားတဲ့ လူ့ခန္ဓာ ကိုယ်
အစိတ်အပိုင်းတွေကို တွေ့ရှိကာ ဦးလာဘ
ရဲ့ ကြောက်မတ်ဖွယ် ဇာတ်လမ်း ကို
ဖော်ထုတ်ကာ ဇာတ်သိမ်း လိုက်
နိုင်ပါတယ် ။
ရက်သတ္တပတ် များစွာ စစ်ဆေး ပြီးတဲ့
နောက်မှာ ဦးလာဘကြီး ကို သေဒဏ်
ချမှတ် ခဲ့ပါတယ် ။
စစ်ဆေးတဲ့ အခါမှာ ဦးလာဘကြီး ဟာ
လူသား စားပြီး ကျင့်ကြံ ရတဲ့ ကျင့်စဉ် တခု
ကို ကျင့်နေကြောင်း ၊
ထို ကျင့်စဉ် ကို လူ တချို့ က ပေါရိသာဒ
ကျင့်စဉ် ဟု ခေါ်ကြောင်း ၊
သူက ရှင်အဇ္ဇဂေါဏ တို့လို ဝိဇ္ဇာ တစ်ဦး
ဖြစ်ချင် တာပါ ။
သူဟာ ယတြာ ၊ ဓာတ်ခန်း ၊ ဓာတ်ရိုက်
ဓာတ်ဆင် လည်း နှံ့စပ် တဲ့ ဘုန်းကြီး
တစ်ဦးပါ ။
လူသား စားတဲ့ နေရာ မှာလည်း ပြီးစလွယ်
အလွယ် စားတာ မဟုတ်ပါဘူး ။
ဂါထာ ၊ မန္တန်​ ၊ သူ့ နေနံ နဲ့ သူ စားတာပါ ။
အောင်မြင် သွားရင်တော့ သူ့ အတွက်
အရမ်း ကို အကျိုး များ စေမှာပါ ။တချို့
ကလည်း မြေမနင်း စားတယ် လို့
ဆိုပါတယ် ။
အယောက် တစ်ရာ ပြည့်ရင် မြေလျှိုး မိုးပျံ
နိုင်တယ် လို့ ဆိုပါတယ် ။
နောက်ထပ် လူသား အနည်းငယ် စားပြီး
တဲ့ အခါ မှာ သူရဲ့ ကျင့်စဉ် က ပြီးမြောက်
တော့မှာ ဖြစ်တဲ့ အကြောင်း ၊
လူသား စားတဲ့ အခါ မှာလည်း နေ့သင့်
နံသင့် သားတွေ ကို ရက် အလိုက် စားရတာ
ဖြစ်ကြောင်း၊
အခင်း ဖြစ်တဲ့ ရက် က နေ့သင့် နံသင့်
လူသား စားရန် လက်ကျန် မရှိတော့ တဲ့
အချိန် မှာ ကျောင်း ကို လာနေကြ လူငယ်
ဟာ နေ့သင့် နံသင့် တာမို့ သတ်ရန်
အကြံအစည် မရှိဘဲ သတ်ခိုင်း ခဲ့တာ
ဖြစ်ကြောင်း ဖြောင့်ချက်ပေး




မော်လမြိုင်မြို့မှ ၁၉ရက်ကြာပျောက်ဆုံးနေသော ဆရာဝန်သားအဖ အသုံးပြုခဲ့သောကားကို  မော်လမြိုင်မြို့ အတ္ထရံမြစ်တွင် တွေ့ရှိထား၍ ယခုအခါ




ဆယ်ယူခဲ့ပြီး ကရိန်းကားဖြင့် ဆေးရုံသို့ ယူဆောင်သွားမည်ဖြစ်ကြာင်း သိရသည်။

မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သော ကားအတွင်းတွင် ပျောက်ဆုံးနေသော ဆရာဝန် သားအဖနှစ်ဦး၏ ရုပ်အလောင်းဟု ယူဆရသောရုပ်အလောင်းများကို တွေ့ရှိရပြီး ကားအတွင်းနုံးများပြည့်နေခြင်း၊ အပုတ်နံ့များဆိုးဝါးစွာထွက်ပေါ်နေခြင်း၊ ကားကိုဆယ်ယူရရှိသည့် ဆိပ်ကမ်းနေရာတွင် လာရောက်ကြည့်ရှူ သူများ များပြားနေခြင်းတို့ကြောင့် ဆေးရုံရောက်မှသာ ကားကိုဖွင့်ပြီး ရုပ်အလောင်းများကို စစ်ဆေး စိစစ်သွားမည်ဖြစ်ကြောင်း မော်လမြိုင်ကယ်ဆယ်ရေး အဖွဲ့မှ ကိုဘိုဝင်း ၏ live လွှင့်ချက်အရ သိရသည်။

https://m.facebook.com/story.php?story_fbid=832888987151438&id=100012910328546

Crd - Bo Win

Monday, December 23, 2019

မက္ခရာမင်းသားကြီး၊ ၃၀မင်းသားကြီးအပါအဝင် မင်းညီမင်းသားအပါး(၄၀)ကျော်နဲ့ မင်းဆွေမင်းမျိုးတွေကို စီရင်ဖျောက်ဖျက်ခဲ့သော ကုန်းဘောင်မင်းဆက်ကိုအကျည်းတန်စေခဲ့သည့် ကြေးတိုက်...

ဟိုတစ်ခေါက်တုန်းက ည၁၂နာရီကျော်လောက်ကြီးဝင်ဖူးတယ်...
ဘေးနားမှာ နှစ်ပေါင်း၁၀၀ကျော်လောက်က မင်းသားကြီးတွေရောက်လာသလိုမျိုး
တခုခုကိုခံစားနေရတဲ့ ခံစားချက်မျိုးကြီး...
ရင်ထဲမှာဆို့နင့်နင့်...

မင်းသားကြီးတွေသာ ဒီလိုအစီရင်မခံရရင် မြန်မာ့သမိုင်းလည်း တမျိုးတဖုံပြောင်းလဲနေမှာပဲ... ။
cd





လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု ကျူးလွန်သူတစ်ဦးအား ထောင်ဒဏ် နှစ် (၃၀) အမိန့်ချ

ဒီဇင်ဘာ  ၂၃
နိုင်လင်းဦး

မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု မှ ကျူးလွန်သူတစ်ဦးအား ဒီဇင်ဘာလ ၂၃ ရက်နေ့က ထောင်ဒဏ် နှစ် (၃၀) အားကျခံရန် မန္တလေးခရိုင်တရားရုံး၌ အမိန့်ချခဲ့သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က အသတ်ခံရခြင်းဖြစ်ပြီး ကျူးလွန်သူ (၃) ဦးရှိသည့်အနက် တစ်ဦးဖြစ်သည့် နေထက်ရှိုင်းကို ၂၀၁၉ ခုနှစ် မတ်လထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ။

လုယက်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် နှင့် လူသတ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် (၂၀) တို့ကို သီးခြားကျခံရန်  အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက ပြောသည်။

ကနဦးထွက်ဆိုချက်တွင် ကျူးလွန်သူ (၄) ဦး ဖြစ်သော်လည်း ဖမ်းဆီးရမိသည့်  နေထက်ရှိုင်း အနေဖြင့် ကျူးလွန်သူမှာ (၃) ဦးသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ဖမ်းဆီးရမိခြင်းမရှိသည့် ကျူးလွန်သူ (၂) ဦးအား တရားခံပြေးအဖြစ် ဆက်လက်ဆောင်ရွက်ထားကြောင်းသိရသည် ။

အမိန့်ချသည့်နေ့တွင် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် ကျောင်းသား ကျောင်းသူ အယောက် (၅၀) ကျော် လာရောက်ဝန်းရံခဲ့ကြသည်။

ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါ ဟုပြောဆို၍ ပိုက်ဆံအိပ်လုယူရင်း ၎င်းတို့အထဲမှ အမည်မသိတစ်ဦး က ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့သည်ဟု ကနဦး ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း က ပတ်ဝန်းကျင်အားအော်ဟစ်အကူတောင်းစဉ် ၄င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်ကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်းပြုတ်ကျခဲ့ကြောင်း သိရသည်။

ထို့နောက် အင်းအတွင်း၌ ၄င်းအုပ်စုအတွင်းမှ (၁) ဦးသည် ကိုစိုးမိုးဟိန်း၏ ဝဲဘက်တင်ပါးဆုံအား ဓါးဖြင့်ထပ်မံထိုးစဉ် ပတ်ဝန်းကျင်အားထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အမည်မသိလူလေးဦးရောက်ရှိလာကာ အကူအညီပေးသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည(၁၀)နာရီအချိန်ခန့်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

Unicode

လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု ကျူးလွန်သူတစ်ဦးအား ထောင်ဒဏ် နှစ် (၃၀) အမိန့်ချ

ဒီဇင်ဘာ  ၂၃
နိုင်လင်းဦး

မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု မှ ကျူးလွန်သူတစ်ဦးအား ဒီဇင်ဘာလ ၂၃ ရက်နေ့က ထောင်ဒဏ် နှစ် (၃၀) အားကျခံရန် မန္တလေးခရိုင်တရားရုံး၌ အမိန့်ချခဲ့သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က အသတ်ခံရခြင်းဖြစ်ပြီး ကျူးလွန်သူ (၃) ဦးရှိသည့်အနက် တစ်ဦးဖြစ်သည့် နေထက်ရှိုင်းကို ၂၀၁၉ ခုနှစ် မတ်လထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ။

လုယက်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် နှင့် လူသတ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် (၂၀) တို့ကို သီးခြားကျခံရန်  အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက ပြောသည်။

ကနဦးထွက်ဆိုချက်တွင် ကျူးလွန်သူ (၄) ဦး ဖြစ်သော်လည်း ဖမ်းဆီးရမိသည့်  နေထက်ရှိုင်း အနေဖြင့် ကျူးလွန်သူမှာ (၃) ဦးသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ဖမ်းဆီးရမိခြင်းမရှိသည့် ကျူးလွန်သူ (၂) ဦးအား တရားခံပြေးအဖြစ် ဆက်လက်ဆောင်ရွက်ထားကြောင်းသိရသည် ။

အမိန့်ချသည့်နေ့တွင် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် ကျောင်းသား ကျောင်းသူ အယောက် (၅၀) ကျော် လာရောက်ဝန်းရံခဲ့ကြသည်။

ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါ ဟုပြောဆို၍ ပိုက်ဆံအိပ်လုယူရင်း ၎င်းတို့အထဲမှ အမည်မသိတစ်ဦး က ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့သည်ဟု ကနဦး ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း က ပတ်ဝန်းကျင်အားအော်ဟစ်အကူတောင်းစဉ် ၎င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်ကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်းပြုတ်ကျခဲ့ကြောင်း သိရသည်။

ထို့နောက် အင်းအတွင်း၌ ၎င်းအုပ်စုအတွင်းမှ (၁) ဦးသည် ကိုစိုးမိုးဟိန်း၏ ဝဲဘက်တင်ပါးဆုံအား ဓါးဖြင့်ထပ်မံထိုးစဉ် ပတ်ဝန်းကျင်အားထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အမည်မသိလူလေးဦးရောက်ရှိလာကာ အကူအညီပေးသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည(၁၀)နာရီအချိန်ခန့်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

#TheFifthWave

Sunday, December 22, 2019

ချယ်စီတိုနီ
ဆွဲသီး လက်စွပ် နားကပ်
၃မျိုးတစုံပါ
Price -45000  ks

09771861143
from mandalay


ကန်ဒေါ်လာ သန်း ၂၀၀ တန် Global Hawk ဒရုန်း ၁ စီး တောင်ကိုရီး ယားစတင်လက်ခံရရှိ
…………………………………………………………
တောင်ကိုရီးယားနိုင်ငံက အမေရိကန်ကဝယ်ယူထားတဲ့ R-Q4 Global Hawk ၄ စီးမှာ ၁ စီးဟာ တောင်ကိုရီး ယားလေတပ်အခြေစိုက်စခန်းတစ်ခုကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။
ကျန်တဲ့နောက် ၃ စီးဟာ လာမယ့်နှစ်အစောပိုင်းကာလမှာ ရောက်ရှိမယ်လို့ သိရပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိတဲ့ Global Hawk ဒရုန်းဟာ အမေရိကန်ရဲ့စွမ်းဆောင်ရည်မြင့် မဟာဗျူဟာမြောက်ပိုင်ဆိုင် မှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တောင်ကိုရီးယားစောင့်ကြည့်နိုင်စွမ်းကိုလည်း မြှင့် တင်ပေးနိုင်ဖို့ ရှိပါတယ်။
Global Hawk ဒရုန်းတွေဟာ တစ်ကြိမ်ကို နာရီ ၄၀နဲ့ အထက် ပျံသန်းနိုင်ပြီး အမြင့်ပေ ၂၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိပါတယ်။
ရာသီဥတုဒဏ်ခံနိုင်တဲ့ Global Hawk တွေဟာ ရေဒါနည်းပညာကို အသုံးပြုပြီး မြေပြင်ကအရာတွေရဲ့ ရွေ့ လျားမှုသတင်းအချက်အလက်တွေကို စုဆောင်းနိုင်စွမ်းရှိပါတယ်။
Ref; arirang.com
#PeopleMedia
(Unicode)
ကန်ဒေါ်လာ သန်း ၂၀၀ တန် Global Hawk ဒရုန်း ၁ စီး တောင်ကိုရီး ယားစတင်လက်ခံရရှိ
…………………………………………………………
တောင်ကိုရီးယားနိုင်ငံက အမေရိကန်ကဝယ်ယူထားတဲ့ R-Q4 Global Hawk ၄ စီးမှာ ၁ စီးဟာ တောင်ကိုရီး ယားလေတပ်အခြေစိုက်စခန်းတစ်ခုကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။
ကျန်တဲ့နောက် ၃ စီးဟာ လာမယ့်နှစ်အစောပိုင်းကာလမှာ ရောက်ရှိမယ်လို့ သိရပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိတဲ့ Global Hawk ဒရုန်းဟာ အမေရိကန်ရဲ့စွမ်းဆောင်ရည်မြင့် မဟာဗျူဟာမြောက်ပိုင်ဆိုင် မှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တောင်ကိုရီးယားစောင့်ကြည့်နိုင်စွမ်းကိုလည်း မြှင့် တင်ပေးနိုင်ဖို့ ရှိပါတယ်။
Global Hawk ဒရုန်းတွေဟာ တစ်ကြိမ်ကို နာရီ ၄၀နဲ့ အထက် ပျံသန်းနိုင်ပြီး အမြင့်ပေ ၂၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိပါတယ်။
ရာသီဥတုဒဏ်ခံနိုင်တဲ့ Global Hawk တွေဟာ ရေဒါနည်းပညာကို အသုံးပြုပြီး မြေပြင်ကအရာတွေရဲ့ ရွေ့ လျားမှုသတင်းအချက်အလက်တွေကို စုဆောင်းနိုင်စွမ်းရှိပါတယ်။
Ref; arirang.com
#PeopleMedia

နိုင်ငံက လိုအပ်ပါက ထောက်လှမ်းရေးအဖွဲ့ အမြဲအသင့်ပါ လို့ပြောလာတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်
khinkhintsolider7456mm 6
ဗိုလ်ချုပ်ကြီးခင်ညွန့်အိမ်မှာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေစုစည်းပြီး ခရစ်စမတ် ညစာစားပွဲ လေးကျင်းပခဲ့ကြပါတယ်။ ထောက်လှမ်းရေးတွေ အားလုံးငြိမ်းချမ်းသွားတဲ့ အချိန်ကစပြီး နှစ်စဉ်ဒီဇင်ဘာလတိုင်း ဗိုလ်ချုပ်ကြီး ခြံထဲမှာ လုပ်ခဲ့တာအစဉ်အလာလေးတစ်ခုလိုဖြစ်နေပါပြီ။ နှစ်တိုင်းမှာ အဘ က သူ့တပည့်တွေကို နှုတ်ဆက် စကားပြောရင်း နေထိုင်သင့်တာလေးတွေကို ဆုံးမ ပါတယ်။
khinkhintsolider7456mm 3
khinkhintsolider7456mm 5
khinkhintsolider7456mm 1
နှစ်စဉ်တိုင်းမှာ ပြောခဲ့တာက ငါနိုင်ငံရေးမလုပ်ဘူး မင်းတို့လည်းမလုပ်ကြနဲ့ဆိုတဲ့စကားပါ။ အခုညမှာတော့ အဘစကားက တန်ဖိုးရှိလှပါတယ်။ ဒီညမှာလည်း မိသားစု တွေကိုဆုတောင်းနှုတ်ဆက် စကားပြောပါတယ်။ ငါနိုင်ငံရေးမလုပ်ဘူး တိုင်းပြည်အကျိုးအတွက် လိုအပ်လို့အကြံဉာဏ် တောင်းရင် အကြံဉာဏ် ပေးရမယ်လို့ပြောပါတယ်။ သူ့တာဝန်ရှိစဉ်ကာလ တာဝန်ယူလုပ်ခဲ့တာ သူ့သဘောထက် တာဝန်ပေးမှုအရဆောင်ရွက်ခဲ့တာ ပဲဖြစ်ပါတယ်။
khinkhintsolider7456mm 3
khinkhintsolider7456mm 4
khinkhintsolider7456mm 5
ဗိုလ်ချုပ်ကြီးနေဝင်း ဗိုလ်ချုပ်ကြီးသူရကျော်ထင် ဗိုလ်ချုပ်မှုးကြီး စောမောင် ဗိုလ်ချုပ်သန်းတင်တို့ဟာ ဆရာတွေပါ။ တိုင်းပြည်ကို တကယ်ချစ်သလို တိုင်းပြည်ကောင်းကျိုးကို လိုလားသူတွေပဲဖြစ်ပါတယ်။ သူလုပ်ခဲ့သမျှဟာ ဆရာတွေရဲ့ လိုလားချက် ဆရာတွေရဲ့ တိုင်ပြည်အပေါ်ထားတဲ့ စေတနာ အရ ခိုင်းစေတဲ့ခိုင်းစေချက်အရ လုပ်ခဲ့တာတွေချည်းပဲ။ တပ်မတော်အစိုးရ လက်ထက်မှာလည်း အစိုးရရဲ့မူဝါဒ အရသာ လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။ မလုပ်ချင်တာတွေလည်းရှိသလို ကိုယ်တိုင်ဆန္ဒအရလုပ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။
khinkhintsolider7456mm 3
khinkhintsolider7456mm 2
khinkhintsolider7456mm 1
အခုချိန်မှာတော့ ဘာသာရေးသက်သက်ကိုသာ အဓိကထား လုပ်လျှက်ရှိပါတယ် မဟာမြိုင်တောထဲကို ၁၂ခေါက်ရှိပါပြီ။ ဆရာတော်ရဲ့အဆုံးအမနဲ့ တရားထိုင်ဖြစ်ပါတယ်။ ဆရာ ဟာ ဘယ်နေရာမဆိုတန်ဖိုးရှိပါတယ်။ မင်းတို့တွေလည်း ဆရာရဲ့တန်ဖိုးကို ဘယ်တော့မှ မမေ့ပါနဲ့။ နိုင်ငံရေးလုံးဝမလုပ်ပါဘူး။ နိုင်ငံအတွက်လိုအပ်လို့အကြံဉာဏ်တောင်းပါက အကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ www.everytimestory.com | Every Time Story | E.T.S
ယမန်နေ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီးနောက် ဘင်္ဂါလီများ၏ သတင်းထုတ်ပြန်ချက် (၁၀) ချက်

- ဘင်္ဂါလီ ဟု ခေါ်ဝေါ်သုံးစွဲမှုကို ရပ်တန့်၍ ရိုဟင်ဂျာ ဟု တရားဝင် အသိအမှတ်ပြုခေါ်ဝေါ်ရမည်

-မြန်မာပြည် ပြန်မလာသေးမီ မိမိတို့၏ နိုင်ငံသားအခွင့်အရေးများအားလုံးကို ရရှိအောင် အာမခံ လုပ်ဆောင်ပေးထားရမည်

-ပြန်လာပြီးလျှင်လည်း မိမိတို့၏ အသက်၊အိုးအိမ်၊စည်းစိမ်၊အခွင့်အရေးများ တကယ် ရ၊မရ ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် တခြားနိုင်ငံများ၏ စစ်ဆေးဆောင်ရွက်မှုတွေကို မြန်မာက ခွင့်ပြုပေးရမည်

-ဆုံးရှုံးခဲ့ရသည့် အိုး၊အိမ်၊တိုက်တာ၊ဥယျာဉ်ခြံမြေ၊ဈေးဆိုင်များ၊ပုစွန်ကန်များ၊လှည်း၊နွားများကို မြန်မာက ပြန်လည်ဖြည့်ဆည်းပေးရမည်

-နေရပ်ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ရာတွင်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ အနွယ်ဝင် အားလုံးအပြင် ၊ ဆော်ဒီ ၊ မလေးရှား ၊ ပါကစ္စတန် ၊ထိုင်း၊အိန္ဒိယ၊အင်ဒိုနီးရှား၊သီရိလင်္ကာ၊ယူအေအီး၊ဒူဘိုင်းတို့တွင် ရောက်ရှိနေသည့် အနွယ်ဝင်တွေကိုပါ မြန်မာက ပြန်လည်ခေါ်ဆောင်ပေးရမည်

-ဘင်္ဂလားဒေ့ရှ် ဘက်က လူတွေကို ပြန်မခေါ်ခင် ပြည်တွင်းစစ်ဘေးရှောင်စခန်းက မိမိတို့အနွယ်ဝင်တွေကို အခြေတကျဖြစ်အောင် ဆောင်ရွက်ပေးရမည်

-မြန်မာ့တပ်မတော်နဲ့ ရခိုင်ဗုဒ္ဓဘာသာအစွန်းရောက်တွေ ဖျက်ဆီးပစ်သော မိမိတို့ စည်းစိမ်ပိုင်ဆိုင်မှုများနှင့် မြန်မာအကျဉ်းထောင်တွေအတွင်း ထိန်းသိမ်းထားသော မိမိတို့အနွယ်ဝင်များ၏ စာရင်းကို အတိအကျ ထုတ်ပြန်ပေးရမည်

-မိမိတို့အတွက် တရားမျှတမှုကို အာမခံနိုင်စေရန် ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးအပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုပါ ရခိုင်ပြည်နယ်ကို ဝင်ရောက်အချက်အလက်ရယူနိုင်ရေး မြန်မာက ခွင့်ပြုရမည်

-မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုဓလေ့ထုံးတမ်းများကို လေးစားနားလည်ပြီး ရခိုင်ပြည်နယ်အတွင်း ချိတ်ပိတ်ထားသော ဗလီများအားလုံးကို မြန်မာက ပြန်လည် ဖွင့်လှစ်ပေးရမည်

credit စိုး ဝင်း မောင်


Saturday, December 21, 2019

ငဖဲတွင် ခိုးဝင်ဘင်္ဂါလီ ၂၄ ဦးဖမ်းဆီးရမိ
------ ------ ------ ----- -----

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု၊ ကံရွာကျေးရွအနောက်မြောက်ဘက်တောထဲတွင် ဒီဇင်ဘာ (၂၀)ရက် ည ၉ နာရီအချိန်ခန့်က ခိုးဝင်ဘင်္ဂါလီ( ၂၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲရဲစခန်းမှသိရသည်။

ဘင်္ဂါလီလူမျိုးများရောက်ရှိနေကြောင်း သတင်းအရ ငဖဲ မြို့မစခန်းမှူး(ငဖဲ) ဒုရဲမှူး ခွန်ဗီဇင်းရှိုစိန်ပါဝင်သော ရဲတပ်ဖွဲ့ဝင်များ၊ စရဖအဖွဲ့၊ ဒုလဝကမှူးနှင့်အဖွဲ့၊ ကံရွာကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည့် အဆိုပါနေရာသို့တောနင်းရှာဖွေရာ ကံရွာ၏ အနောက်မြောဘက် (၂)ခန့်အကွာ တောအုပ်ထဲတွင်  ဘင်္ဂါလီလူမျိုး ကျား(၁၆)ဦး၊ မ(၅)ဦး၊ ကလေး (မ) (၁)ဦး စုစုပေါင်း  (၂၂)ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

နောက်ထပ်ကျန်ရှိနေကြာင်းသတင်းအရ အဆိုပါပူးပေါင်းအဖွဲ့သည် တောနင်းရှာဖွေခဲ့ရာ၊ ကံရွာကျေးရွာအနောက်ဘက် (၂)မိုင်(၁)ဖာလုံခန့် အကွာတွင် ယနေ့ ဒီဇင်ဘာ(၂၁)ရက် နံနက်(၆)နာရီ(၃၀)အချိန့်ခန့်တွင် ကျား(၂)ဦးအားထပ်မံ ဖမ်းဆီးခဲ့သည်။

“မနေ့က တနေ့ကုန် တောနင်းရှာတယ်မတွေ့ဘူး။ သတင်းထပ်ရလို့ ညကကင်းပုန်းဝတ်ပြီး စောင့်ဖမ်းတော့မှမိတယ်။ အားလုံး (၂၄)ဦး ဖမ်းမိထားပါတယ်”ဟု ဒုရဲမှူး ခွန်ဗီဇင်းရှိုစိန်က ပြောသည်။

ဖမ်းဆီးရမိခဲ့သူများအား  ၁၉၄၉ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ  ၆(၃)ဖြင့် တရားစွဲတင်နိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မျိုးလှိုင်ဝင်း
News Watch

Friday, December 20, 2019

မြန်မာ့ ရေပိုင်နက် ပင်လယ်ပြင်အတွင်းက မြန်မာ့တို့ရဲ့ ဝေလငါးကြီးပေါ့။
ဝေလငါးတကောင်က ဘေးကအပြိုင်ကူးနေတာ တွေ့ရတယ်။
နောက်ထပ် ဝေလငါးတွေ ရောက်လာမယ့် နိမိတ်ကောင်းတခုဘဲလေ။
Congratulations Myanmar Navy.

Ye Moee Hein.
Video credit.

Thursday, December 19, 2019

အ​ရေးကြီးသတင်းပါ
---------------------

ဂျီဟက်​စစ်​ပွဲဖန်​တီးဖို့ မြန်​မာပြည်​ကစမယ်​လို့ ​ပြော​နေတဲ့
ရုပ်​သံ video ဖိုင်​ပါ

ကဲ...
မြန်​မာပြည်​ သားတို့ရေ
အ​ရေးကြီးရင်​ ​သွေးနီးဖို့လိုပြီ​နော်​ ***

Kg

Wednesday, December 18, 2019

မန်းမဘသ ဆိုင်းဘုတ်ဖြုတ်ချခံရ လူမှုကွန်ရက်တွင်ပါ သတင်းထိန်ချန်ခံရ


Unicode
ယမန်နေ့ ၁၈-၁၂-၂၀၁၉ ရက်နေ့က မန်းမဘသ ဆိုင်းဘုတ်နှင့် အတုမရှိဂျာနယ်ဆိုင်းဘုတ်များအား သံဃာတော်အချို့နှင့် လူတချို့က လာရောက်ဖြိုချ ဖျက်ဆီးနေခြင်းကြောင့် သွားရောက်မေးမြန်းရာ တိုင်းသံဃနာယကအဖွဲ့၏ အမိန့်ဖြင့် ဖြုတ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မန်းမဘသအနေဖြင့် မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် သာသနာရေးမှ အကြိမ်ကြိမ် ဖိအားပေးခဲ့ခြင်းအပေါ် မဘသအဖြစ်သာ ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၍ ဆက်လက်ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ကင်းဝန်မင်းကြီးကျောင်းတိုက်အတွင်းရှိ အကျော်ကျောင်းတွင် စိုက်ထူးထားသော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆိုင်းဘုတ်ကို တိုင်းသံဃမဟာနာယကအမိန့်အရဆိုပြီး ကင်းဝန်မင်းကြီးကျောင်းတိုက် တိုက်အုပ်ဆရာတော်နဲ့ အဖွဲ့က လာရောက်ဖြုတ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်းမဘသဆိုင်းဘုတ်ဖြုတ်ချခံရသည့် သတင်းအား Facebook လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေခဲ့သည့် အကောင့်များနှင့် Page များလည်း ဖျက်ချခံခဲ့ရသည်။
နေထွန်း
Photo crd

a
Zawgyi
မန်းမဘသ ဆိုင်းဘုတ်ဖြုတ်ချခံရ လူမှုကွန်ရက်တွင်ပါ သတင်းထိန်ချန်ခံရ
ယမန်နေ့ ၁၈-၁၂-၂၀၁၉ ရက်နေ့က မန်းမဘသ ဆိုင်းဘုတ်နှင့် အတုမရှိဂျာနယ်ဆိုင်းဘုတ်များအား သံဃာတော်အချို့နှင့် လူတချို့က လာရောက်ဖြိုချ ဖျက်ဆီးနေခြင်းကြောင့် သွားရောက်မေးမြန်းရာ တိုင်းသံဃနာယကအဖွဲ့၏ အမိန့်ဖြင့် ဖြုတ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မန်းမဘသအနေဖြင့် မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် သာသနာရေးမှ အကြိမ်ကြိမ် ဖိအားပေးခဲ့ခြင်းအပေါ် မဘသအဖြစ်သာ ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၍ ဆက်လက်ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ကင်းဝန်မင်းကြီးကျောင်းတိုက်အတွင်းရှိ အကျော်ကျောင်းတွင် စိုက်ထူးထားသော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆိုင်းဘုတ်ကို တိုင်းသံဃမဟာနာယကအမိန့်အရဆိုပြီး ကင်းဝန်မင်းကြီးကျောင်းတိုက် တိုက်အုပ်ဆရာတော်နဲ့ အဖွဲ့က လာရောက်ဖြုတ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်းမဘသဆိုင်းဘုတ်ဖြုတ်ချခံရသည့် သတင်းအား Facebook လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေခဲ့သည့် အကောင့်များနှင့် Page များလည်း ဖျက်ချခံခဲ့ရသည်။
နေထွန်း

video ဖိုင်
Photo crd