Tuesday, December 24, 2019

Myat Thu
ပေါရိသာဒ ဦးလာဘ ..
.
၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့ ၌ နာမည်ကျော်
ဦးလာဘ ဆိုသည်မှာ တကယ် ရှိခဲ့ပါသည် ။
သင်္ကန်း ဝတ်ထား ပေမယ်​့ ဘုန်းကြီး ဟု
ပြောဖို့ ခက်ခဲ ပါသည် ။
သူရဲ့ ကျောင်း၏ တည်နေရာမှာ ယခု
တောင်ဥက္ကလာပ မြို့နယ် ပါရမီ လမ်းမ
ဘေးက ၂၀ိုင်း တို့ ၃၀ိုင်းတို့ ဆိုပြီး အခု
ခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေ
အများကြီး ရှိတဲ့ နေရာ ။
အဲ့ဒီ ကာလတုန်း ကတော့ အခုလို လူနေ
အိမ်ခြေ မရှိသေးဘဲ မြို့ အစွန်အဖျား လို
ဖြစ်နေခဲ့သည် ။
ဘုန်းကြီး ကျောင်းငယ်လေးတွေ ကတော့
ဟိုတစ်ကျောင်း ဒီတစ်ကျောင်း ရှိနေခဲ့
ပါတယ် ။ အဲဒီထဲမှာ ဦးလာဘ ၏
ကျောင်းလဲ တစ်ကျောင်း
အပါအဝင်ပေါ့ ။
ဦးလာဘ ရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမ နဲ့
သားဖြစ်သူ တို့ပါ အတူ နေတယ် လို့
ပြောပါတယ် ။
သားဖြစ်သူက ဦးလာဘ အတွက် ဒိုင်ခံ
လူသတ် ပေးပြီး မိန်းမဖြစ်သူက ဦးလာဘ
အတွက် ပြင်ဆင် ချက်ပြုတ်
ပေးကြပါတယ်။
ဦးလာဘ ရဲ့ လူသားစား ဇာတ်လမ်းကြီး
ပေါ်ပေါက် လာရတာ ကတော့
ဘုန်းကြီးကျောင်း ရဲ့။ဘေးဘက် တနေရာမှာ
မြေကွက်လေး ရှိတယ်။အဲ့နား ဝန်းကျင် က
ဘုန်းကြီး ကျောင်းသားလေးတွေ ညနေဆို
ခြင်းခတ် ကြတယ် ။
တနေ့ ညနေ ခြင်းခတ် နေရင်း ကျောင်းသား
တယောက် ခြင်းခတ် လိုက်တာ ခြင်းလုံး က
ဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲ
ဝင်သွားတယ် ။
သွားကောက်တဲ့ ကျောင်းသားလေး လည်း
အချိန် အတော်ကြာတဲ့ထိ ပြန်ထွက်
မလာတော့ဘူး တဲ့ ။
တနေ့ ထက် တနေ့ အဲဒီ့ ပတ်ဝန်းကျင် မှာ
လူပျောက်မူ့တွေ များလာတယ် ။
စုံစမ်း လိုက်တဲ့ အခါမှာ အများစုက အဲဒီ့
ဘုန်းကြီးကျောင်းတွေနား တဝိုက်မှာ
နောက်ဆုံး မြင်လိုက် ရတာကြီးပဲ
ဖြစ် ဖြစ် နေတယ် ။
သဲလွန်စ လဲ မရ သတင်း အစ အန လည်း
မရ ဖြစ်နေ ပေမယ့် ဒီနားက ဘုန်းကြီးကျောင်း
တွေ နဲ့ ပတ်သတ်မှု တခုခု ရှိမယ် ဆိုပြီး
အဲ့နား တဝိုက် ကို အမြဲတမ်း စောင့်ကြည့်
နေခဲ့ပါတယ်။
ဒီလိုနဲ့ အမှု ပေါ်မယ်​့ နေ့ မှာ လူငယ်
တယောက် ဟာဦးလာဘကြီး ရဲ့ ကျောင်း
ကို ညနေစောင်း လောက် အချိန် မှာ
ရောက်လာ ခဲ့ပါတယ်။
သူ ပြန်မယ့် အချိန် ကျတော့ ဦးလာဘ ရဲ့
ကျောင်းထဲက အထွက် မှာ ဦးလာဘ ရဲ့
သားဖြစ်သူက အနောက် က ဓား နဲ့
ခုတ်ပါတယ် ။
ကံကောင်းစွာ နဲ့ လူငယ် ကို ချက်ကောင်း
မခုတ်မိ တာကြောင့် အဲ့ဒီ လူငယ် သွေးသံ
ရဲရဲ နဲ့ ဘုန်းကြီးကျောင်း ဝန်းထဲက
ပြေးထွက် ခဲ့ပါတယ် ။
အဲဒီ့မှာပဲ အဆင်သင့် စောင့်ကြည့် နေတဲ့
သက်ဆိုင်ရာ တွေရော ပတ်ဝန်းကျင် ကပါ
ရောက်ရှိ လာပြီး အကျိုးအကြောင်း မေးတော့
ဘာ ရန်စ မှ မရှိဘဲ ဦးလာဘ ရဲ့ သားဖြစ်သူ
က ဓား နဲ့ ခုတ်တဲ့ အကြောင်း သိရတာမို့
ဦးလာဘ ရဲ့ ကျောင်း ကို ဝင်ရောက်
စစ်ဆေး ကြပါတယ် ။
ကျောင်းထဲကို ဝင်စစ်ကျတဲ့ အခါမှာ
ရာဝင်အိုးကြီး ထဲမှာ ခုတ်ဖြတ် ဆားစိမ်
( သို့ ) အချဉ်စိမ် ထားတဲ့ လူ့ခန္ဓာ ကိုယ်
အစိတ်အပိုင်းတွေကို တွေ့ရှိကာ ဦးလာဘ
ရဲ့ ကြောက်မတ်ဖွယ် ဇာတ်လမ်း ကို
ဖော်ထုတ်ကာ ဇာတ်သိမ်း လိုက်
နိုင်ပါတယ် ။
ရက်သတ္တပတ် များစွာ စစ်ဆေး ပြီးတဲ့
နောက်မှာ ဦးလာဘကြီး ကို သေဒဏ်
ချမှတ် ခဲ့ပါတယ် ။
စစ်ဆေးတဲ့ အခါမှာ ဦးလာဘကြီး ဟာ
လူသား စားပြီး ကျင့်ကြံ ရတဲ့ ကျင့်စဉ် တခု
ကို ကျင့်နေကြောင်း ၊
ထို ကျင့်စဉ် ကို လူ တချို့ က ပေါရိသာဒ
ကျင့်စဉ် ဟု ခေါ်ကြောင်း ၊
သူက ရှင်အဇ္ဇဂေါဏ တို့လို ဝိဇ္ဇာ တစ်ဦး
ဖြစ်ချင် တာပါ ။
သူဟာ ယတြာ ၊ ဓာတ်ခန်း ၊ ဓာတ်ရိုက်
ဓာတ်ဆင် လည်း နှံ့စပ် တဲ့ ဘုန်းကြီး
တစ်ဦးပါ ။
လူသား စားတဲ့ နေရာ မှာလည်း ပြီးစလွယ်
အလွယ် စားတာ မဟုတ်ပါဘူး ။
ဂါထာ ၊ မန္တန်​ ၊ သူ့ နေနံ နဲ့ သူ စားတာပါ ။
အောင်မြင် သွားရင်တော့ သူ့ အတွက်
အရမ်း ကို အကျိုး များ စေမှာပါ ။တချို့
ကလည်း မြေမနင်း စားတယ် လို့
ဆိုပါတယ် ။
အယောက် တစ်ရာ ပြည့်ရင် မြေလျှိုး မိုးပျံ
နိုင်တယ် လို့ ဆိုပါတယ် ။
နောက်ထပ် လူသား အနည်းငယ် စားပြီး
တဲ့ အခါ မှာ သူရဲ့ ကျင့်စဉ် က ပြီးမြောက်
တော့မှာ ဖြစ်တဲ့ အကြောင်း ၊
လူသား စားတဲ့ အခါ မှာလည်း နေ့သင့်
နံသင့် သားတွေ ကို ရက် အလိုက် စားရတာ
ဖြစ်ကြောင်း၊
အခင်း ဖြစ်တဲ့ ရက် က နေ့သင့် နံသင့်
လူသား စားရန် လက်ကျန် မရှိတော့ တဲ့
အချိန် မှာ ကျောင်း ကို လာနေကြ လူငယ်
ဟာ နေ့သင့် နံသင့် တာမို့ သတ်ရန်
အကြံအစည် မရှိဘဲ သတ်ခိုင်း ခဲ့တာ
ဖြစ်ကြောင်း ဖြောင့်ချက်ပေး




No comments:

Post a Comment