Saturday, December 14, 2019

"ရခိုင်ဒေသကို ဘင်္ဂါလီတွေဘယ်လို
ဘယ်အချိန်က စ ရောက်လာသလဲ"
အပိုင်း(၂)

ဒုတိယကမ္ဘာစစ်အတွင်း ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းများ

၁၉၄၂ တွင် ဒုတိယကမ္ဘာစစ်ဖြစ်လာသဖြင့် အင်္ဂလိပ်
တို့ မြန်မာပြည်မှ စတင်ဆုတ်ခွာခဲ့သည်။ အင်္ဂလိပ်
တို့သည် ဂျပန်နှင့်ပေါင်းသော မြန်မာဒေသခံ
တိုင်းရင်းသားတို့အား မယုံကြည်သဖြင့် နောက်ချန်
တပ်အဖြစ် ဘင်္ဂါလီတို့အား လက်နက်များထုတ်ပေး
ကာ နောက်ချန်တပ်သတင်းပေးတပ်အဖြစ် မွေးမြူ
ခဲ့သည်။ ဘင်္ဂါလီတို့လည်း လက်နက်အားကိုးဖြင့်
ဒေသခံတိုင်းရင်းသားတို့အပေါ် မထေမဲ့မြင်ပြုလာ
ကြသည်။ စစ်တွေကို ဂျပန်တို့ ဗုံးကြဲအပြီး အုပ်ချုပ်
ရေး ပျက်ပြားချိန်တွင် ရခိုင်-ဘင်္ဂါလီ အရေးအခင်းကြီး
စတင်ပါတော့သည်။

စတင်ဖြစ်ပွားပုံမှာ မြေပုံမြို့၊ ရက်ချောင်းရွာသူကြီး
ရခိုင်လူမျိုး ညီအကို ၂ ဦးအား ရက်ချောင်းရွာသား
ဘင်္ဂါလီများက သတ်ဖြတ်ခဲ့ရာ သိန်းကျော်အောင်
နှင့် ကျော်ယ ဦးဆောင်သော ရခိုင်လူမျိုးမျာက
ဘင်္ဂါလီ အိမ်များကို ပြန်လည်မီးရှို့ ရာမှ ရခိုင်-
ဘင်္ဂါလီ အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည်။

အဓိကရုဏ်းသည် မြေပုံမှစ၍ မြောက်ဦး၊ စစ်တွေ၊
ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊
ဘူးသီးတောင်၊ မောင်တော သို့ ပျံ့နှံ့ခဲ့သည်။
မြောက်ဦးနှင့် မြေပုံ တို့တွင် ဘင်္ဂါလီရွာများ မီးအရှို့
ခံခဲ့ရသော်လည်း ပိုမိုအထိနာသည်က ဘူးသီးတောင်
မောင်တောဖက်မှ ရခိုင်ရွာများဖြစ်သည်။
ဘူးသီးတောင်တွင် ရခိုင်ရွာ ၂၁၇ ရွာ၊ မောင်တော
တွင် ရခိုင်ရွာ ၁၂၉ ရွာ မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း
၂ သောင်းကျော် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ဘင်္ဂါလီတို့မှာ ပျက်စီးသွားသော ဘင်္ဂါလီရွာ အားလုံး
အား ပြန်လည် ထူထောင်၍ အခြေချနေထိုင်ကြ
သော်လည်း ရခိုင်ကျေးရွာအများစုမှာ ပြန်လည်
ထူထောင်နိုင်ခြင်း မရှိတော့ချေ။  ဘူးသီးတောင်တွင်
ရွာ ၂၁၇ ရွာအနက် ၁၀၁ ရွာ၊ မောင်တောတွင် ရွာ
၁၂၉ ရွာအနက် ၃၁ ရွာ သာ ပြန်လည်ထူထောင်
နိုင်ခဲ့ပြီး ရွာပေါင်း ၂၁၄ ရွာ ပျောက်ကွယ်သွားခဲ့
သည်။ ထိုရွာ ၂၁၄ အနက် ၆၁ ရွာအား ဘင်္ဂါလီတို့
နေရာချဲ့ထွင်၍ အခြေချနေထိုင်ကြလေသည်။

၁၉၄၂ ခု မေလ ၇ ရက်နေ့တွင် ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်ရန်အောင်ဦးဆောင်သော BIA တပ်သည်
စစ်တွေအား သိမ်းပိုက်နိုင်ခဲ့သည်။ မြို့အုပ်ချုပ်ရေး
အား ဆောင်ရွက်နေစဉ်အတွင်း ရခိုင်တိုင်းရင်းသား
ခေါင်းဆောင်များ အကူအညီတောင်းခံသဖြင့်
ဘူသီးတောင်၊ မောင်တောတွင် ပိတ်မိနေသော
တိုင်းရင်းသားများအား ကယ်တင်ရန် တပ်ဖွဲ့
တစ်ဖွဲ့စေလွှတ်လိုက်သော်လည်း ဘင်္ဂါလီများ
တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့တစ်ခုလုံး ကျဆုံး
သွားခဲ့သည်။

၁၉၄၂ ခု ဇွန်လ တွင် ဗိုလ်ရန်အောင် ကိုယ်တိုင်
တပ်ခွဲ ၂ ခွဲအား ဦးစီး၍ ဘူးသီးတောင်သို့ ချီတက်
ရှင်းလင်းပြီး တိုင်းရင်းသားတို့အား ကယ်တင်နိုင်
ခဲ့သည်။ ငွေတိုက်မှ ငွေများကိုလည်း ဒိုင်းနက်
စစ်ပြေးဒုက္ခသည်များအား ခွဲဝေပေးခဲ့သည်။

ဘီအိုင်အေကိုဖျက်သိမ်းပြီး ဘီဒီအေပြန်ဖွဲ့စည်းရန်
တပ်များအား ရန်ကုန်သို့စုစည်းရန် အမိန့်အရ
၁၉၄၂ ခု ဇွန်လ ၂၆ ရက် တွင် ဘီအိုင်အေတပ်သည်
ဘူးသီးတောင်မှ စတင်ဆုတ်ခွာသည်။ မြို့တွင်
ဆက်မနေရဲတော့၍ ဆုတ်ခွာသော ဘီအိုင်အေတပ်
နှင့်အတူ လိုက်ပါခဲ့သော ရခိုင်ဒုက္ခသည်များပါဝင်
သည့် မီးသင်္ဘောတစ်စီးလမြစ်လယ်တွင် နစ်မြုပ်ခဲ့
သည့်အတွက် ရခိုင်ခေါင်းဆောင် ဦးပညာသီဟ
အပါအဝင် လူပေါင်း ၄၀၀ ခန့် သေဆုံးခဲ့ရသည်မှာ
လည်း ဝမ်းနည်းကြေကွဲစရာ သမိုင်းတစ်ခုဖြစ်သည်။

ဘီအိုင်အေတပ် ဆုတ်ခွာပြီးနောက် ဘူးသီးတောင်
နှင့် မောင်တောမြို့တို့သည် ဘင်္ဂါလီတို့၏
လက်အောက်သို့ ကျဆင်းခဲ့ရသည်။
ထိုဒေသအတွင်းမှ ရခိုင် ဒိုင်းနက် မြို ခမီ စသော
တိုင်းရင်းသားတို့လည်း နေရင်းနယ်မြေကို
စွန့်ခွာ၍ ရခိုင်ပြည်တောင်ပိုင်းသို့ အစုအပြုံလိုက်
ထွက်ပြေးကြရသည်။

ကိုအောင်
၁၃-၁၂-၂၀၁၉
၂၀:၄၆

စစ်ပြီးအခြေအနေအား ဆက်လက်
တင်ပြပါမည်။


No comments:

Post a Comment