Sunday, December 22, 2019

ကန်ဒေါ်လာ သန်း ၂၀၀ တန် Global Hawk ဒရုန်း ၁ စီး တောင်ကိုရီး ယားစတင်လက်ခံရရှိ
…………………………………………………………
တောင်ကိုရီးယားနိုင်ငံက အမေရိကန်ကဝယ်ယူထားတဲ့ R-Q4 Global Hawk ၄ စီးမှာ ၁ စီးဟာ တောင်ကိုရီး ယားလေတပ်အခြေစိုက်စခန်းတစ်ခုကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။
ကျန်တဲ့နောက် ၃ စီးဟာ လာမယ့်နှစ်အစောပိုင်းကာလမှာ ရောက်ရှိမယ်လို့ သိရပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိတဲ့ Global Hawk ဒရုန်းဟာ အမေရိကန်ရဲ့စွမ်းဆောင်ရည်မြင့် မဟာဗျူဟာမြောက်ပိုင်ဆိုင် မှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တောင်ကိုရီးယားစောင့်ကြည့်နိုင်စွမ်းကိုလည်း မြှင့် တင်ပေးနိုင်ဖို့ ရှိပါတယ်။
Global Hawk ဒရုန်းတွေဟာ တစ်ကြိမ်ကို နာရီ ၄၀နဲ့ အထက် ပျံသန်းနိုင်ပြီး အမြင့်ပေ ၂၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိပါတယ်။
ရာသီဥတုဒဏ်ခံနိုင်တဲ့ Global Hawk တွေဟာ ရေဒါနည်းပညာကို အသုံးပြုပြီး မြေပြင်ကအရာတွေရဲ့ ရွေ့ လျားမှုသတင်းအချက်အလက်တွေကို စုဆောင်းနိုင်စွမ်းရှိပါတယ်။
Ref; arirang.com
#PeopleMedia
(Unicode)

No comments:

Post a Comment