Saturday, December 21, 2019

ငဖဲတွင် ခိုးဝင်ဘင်္ဂါလီ ၂၄ ဦးဖမ်းဆီးရမိ
------ ------ ------ ----- -----

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု၊ ကံရွာကျေးရွအနောက်မြောက်ဘက်တောထဲတွင် ဒီဇင်ဘာ (၂၀)ရက် ည ၉ နာရီအချိန်ခန့်က ခိုးဝင်ဘင်္ဂါလီ( ၂၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲရဲစခန်းမှသိရသည်။

ဘင်္ဂါလီလူမျိုးများရောက်ရှိနေကြောင်း သတင်းအရ ငဖဲ မြို့မစခန်းမှူး(ငဖဲ) ဒုရဲမှူး ခွန်ဗီဇင်းရှိုစိန်ပါဝင်သော ရဲတပ်ဖွဲ့ဝင်များ၊ စရဖအဖွဲ့၊ ဒုလဝကမှူးနှင့်အဖွဲ့၊ ကံရွာကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည့် အဆိုပါနေရာသို့တောနင်းရှာဖွေရာ ကံရွာ၏ အနောက်မြောဘက် (၂)ခန့်အကွာ တောအုပ်ထဲတွင်  ဘင်္ဂါလီလူမျိုး ကျား(၁၆)ဦး၊ မ(၅)ဦး၊ ကလေး (မ) (၁)ဦး စုစုပေါင်း  (၂၂)ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

နောက်ထပ်ကျန်ရှိနေကြာင်းသတင်းအရ အဆိုပါပူးပေါင်းအဖွဲ့သည် တောနင်းရှာဖွေခဲ့ရာ၊ ကံရွာကျေးရွာအနောက်ဘက် (၂)မိုင်(၁)ဖာလုံခန့် အကွာတွင် ယနေ့ ဒီဇင်ဘာ(၂၁)ရက် နံနက်(၆)နာရီ(၃၀)အချိန့်ခန့်တွင် ကျား(၂)ဦးအားထပ်မံ ဖမ်းဆီးခဲ့သည်။

“မနေ့က တနေ့ကုန် တောနင်းရှာတယ်မတွေ့ဘူး။ သတင်းထပ်ရလို့ ညကကင်းပုန်းဝတ်ပြီး စောင့်ဖမ်းတော့မှမိတယ်။ အားလုံး (၂၄)ဦး ဖမ်းမိထားပါတယ်”ဟု ဒုရဲမှူး ခွန်ဗီဇင်းရှိုစိန်က ပြောသည်။

ဖမ်းဆီးရမိခဲ့သူများအား  ၁၉၄၉ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ  ၆(၃)ဖြင့် တရားစွဲတင်နိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မျိုးလှိုင်ဝင်း
News Watch

No comments:

Post a Comment