Saturday, December 14, 2019

"ရခိုင်ဒေသကို ဘင်္ဂါလီတွေဘယ်လို
ဘယ်အချိန်က စ ရောက်လာသလဲ"
**************************

ပထမအကြိမ်ဝင်ရောက်ခြင်း
-------------------------------
ဝေသာလီခေတ်အထိ ရခိုင်ပြည်သို့ ဘင်္ဂါလီတို့ရောက်ရှိခြင်း သမိုင်းအထောက်အထား မတွေ့ရသေး။

၁၅၃၁ ရခိုင်ပြည် မြောက်ဦးခေတ်ဘုရင်ဟမင်းဘာကြီးလက်ထက် ဘင်္ဂလားနယ် စစ်တကောင်းသို့ နယ်ပယ်ချဲ့ထွင်ပြီး သောင်ဒေးနယ်မှ ဆားချက်သောဝဘင်္ဂါလီ ၄ ထောင်ခန့်ကို သုံ့အဖြစ် ဖမ်းဆီး၍ ဘုရားသုံးဆူ(သံတွဲ)တွင် နေရာချပေးရာမှစ၍ ပထမအကြိမ် ဝင်ရောက်ခဲ့ကြောင်း တွေ့ရသည်။

ဒုတိယအကြိမ် ဝင်ရောက်ခြင်း
---------------------------------
၁၆၅၇ ခုတွင် မဂိုဘုရင်တို့နန်းလုရာမှ စစ်ရှုံးနိမ့်သော မဂိုမင်းသား Shah Shuja နှင့် နောက်လိုက် ၂၀၀ တို့ မြောက်ဦးဘုရင်ထံ ခိုဝင်လာခြင်းကို ဒုတိယအကြိမ် အဖြစ်တွေ့ရသည်။ ထိုသူတို့သည် ရခိုင်ဘုရင်ထံဝလေးသည်တော်များအဖြစ် ခစားကြပြီး နောင်တွင် ကမန်လူမျိုးအဖြစ်အမည်တွင်၍ မြန်မာတိုင်းရင်းသားအဖြစ် ပါဝင်လာခဲ့သည်။

တတိယအကြိမ်ဝင်ရောက်ခြင်း
---------------------------------
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးဝရခိုင်နှင့် တနင်္သာရီဒေသကိုသိမ်းပိုက် ထားသည့် အင်္ဂလိပ်တို့သည် ၁၈၃၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မြေယာဥပဒေသစ်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး မြေလွတ်မြေရိုင်းများအား လယ်ယာမြေများဖော်ထုတ်နိုင်ရန် စစ်တကောင်းမှ ဘင်္ဂါလီ အလုပ်သမားများကိုဝရခိုင်ဒေသသို့ ခေါ်ယူခဲ့သည်။

စစ်အတွင်း ဗြိတိန်တွင်ကျဆင်းနေသော စီးပွားရေးကို ပြန်လည်ဦးမော့စေရန်နှင့် နောင်ဖြစ်လာမည့် ကမ္ဘာစစ်အတွက် ရိက္ခာစုဆောင်းရန် ဗြိတိသျှကိုလိုနီနယ်များမှ ရသလောက် အမြတ်ထုတ်နိုင်ရန်ဖြစ်သည်။

၁၈၆၉ ခု စူးအက်တူးမြောင်းဖွင့်ပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့လာသည်နှင့်အမျှ ရခိုင်ဒေသ၏ ဆန်စပါးထုတ်လုပ်မှုပမာဏမှာ ပိုမိုကြီးမားလာပြီး လုပ်အားလိုအပ်ချက်ကို ဘင်္ဂလားပြည် စစ်တကောင်းနယ်မှ ဘင်္ဂါလီ လယ်ကူလီ အမြောက်အများအား ထပ်မံ၍ ဝင်ရောက်ခွင့်ပေးပြီး ဖြည့်တင်းခဲ့သည်။

ဗြိတိသျှတို့ ရခိုင်ကိုသိမ်းပိုက်ပြီးစကာလ (၁၈၂၄) ခုနှစ်တွင် ရခိုင်ပြည်၌ ဘင်္ဂါလီလူမျိုး (၃)သောင်းခန့်သာရှိပြီး (၁၈၇၂) ခု သန်းကောင် စာရင်းတွင် (၆)သောင်းနီးပါးအထိ ဖြစ်လာပြီး (၁၉၁၁) ခုနှစ်တွင် (၁)သိန်း(၈)သောင်းနီးပါးအထိ ၆ ဆမျှ တိုးတက်များပြားလာခဲ့သည်။ဟတစ်နှစ်လျှင် ပျမ်းမျှ ဘင်္ဂါလီ ၄ သောင်းခန့် ဝင်ရောက်ခဲ့သည်။

ထို့အပြင် ၁၉၁၆-၁၉၁၈ တွင် Martin & Son Company မှ ဆောင်ရွက်သော ဘူးသီးတောင်-မောက်တော ရထားလမ်းအတွက်လည်း ဘင်္ဂါလီအလုပ်သမားအများအပြားအား ခေါ်ယူစေခိုင်းခဲ့ပြီး ထိုသူတို့သည် နေရပ်သို့ မပြန်တော့ပဲ ထိုဒေသတဝိုက်တွင် အခြေချ နေထိုင်ခဲ့ကြသည်။

၁၉၃၅ ခုနှစ် အိန္ဒိယ-မြန်မာ ခွဲရေး တွဲရေးတွင် တွဲရေးက အနိုင်ရသော်လည်း အင်္ဂလိပ်တို့က မြန်မာပြည်ကို အိန္ဒိယနိုင်ငံ၏ လက်အောက်ခံပြည်နယ်အဖြစ်မှ ခွဲထွက်စေပြီး မြန်မာနန်းရင်းဝန်ဦးစောနှင့် အိန္ဒိယခေါင်းဆောင် ဆာကာတို့ ဦးစော-ဆာကာ လူဝင်လူထွက် စာချုပ် ချုပ်ဆိုကြသည်။ (မှတ်ချက်။ ။ဒီတစ်ခုတော့ အင်္ဂလိပ်ကို ကျေးဇူးတင်သည်။ မဟုတ်ရင် မြန်မာပြည် ပျောက်ပြီ။)

ထိုစာချုပ်တွင် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး ၃ နှစ်အတွင်း မြန်မာပြည်သို့ အခြေချနေထိုင်ရန် ဝင်ရောက်လာသော အိန္ဒိယလူမျိုးများအား အကန့်အသတ်မရှိ လက်ခံပေးရမည်ဟူသောအချက်ပါဝင်သည်။

ထိုစဉ်က အိန္ဒိယလက်အောက်ခံပြည်နယ်ဖြစ်သော ဘင်္ဂလားပြည်နယ်မှ ဘင်္ဂါလီအများအပြား.ပြောင်းရွှေ့အခြေချနေထိုင်ကြရာ မူလဘင်္ဂါလီဦးရေထက် ၄ ဆ နီးပါး ဖြစ်လာခဲ့သည်။

ဘင်္ဂါလီဦးရေမှာ-
စစ်တွေခရိုင်တွင် ၂၁၀,၉၉၀ ဦး
ရခိုင်တောင်တန်းဒေသတွင် ၅၀၀ ဦး
ကျောက်ဖြူခရိုင်တွင် ၄၃၂၁ ဦး
သံတွဲခရိုင်တွင် ၁၉၉၀ ဦး
စုစုပေါင်း ၂၁၇,၈၀၁ ဦး ရှိခဲ့သည်။

၁၉၃၁ ခုနှစ်တွင် စစ်တွေခရိုင်တစ်ခုတည်းကို ဘင်္ဂါလီဦးရေ ၂သိန်း၅သောင်းကျော် ဖြစ်လာခဲ့သည်။ ထိုသို့ လူဦးရေ အဆမတန်များပြားလာမှုအပေါ် ရခိုင်တိုင်းရင်းသားများပါမက မူရင်းနေထိုင်သည့် ဘင်္ဂါလီမျာက မနှစ်မြို့ကြ။ အဓိကရုဏ်းဖြစ်ရန် စိုးရိမ်ရသည့် အနေအထားဟဖြစ်လာခဲ့သည်။

(ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ဘူးသီးတောင် မောင်တောနယ်တွင်ဟရခိုင် ခမီ မြို သက် စသော တိုင်းရင်းသားတို့အား ဘင်္ဂါလီတို့မှ ရွာလုံးကျွတ် သတ်ဖြတ်ကျူးကျော်ခဲ့ပြီး၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်တပ်မှ ထိုဒေသတွင် ပိတ်မိနေသော တိုင်းရင်းသားများအား ကယ်တင်တင်ရန် ကြိုးပမ်းရင်း ဘင်္ဂါလီတို့၏ လက်ချက်ဖြင့် တပ်လုံးပြုတ်ခဲ့ရပုံအား ဆက်လက်
တင်ပြပါမည်။)

ကိုအောင်
၁၂-၁၂-၂၀၁၉
၂၀:၂၈

ကျမ်းကိုး
- ရခိုင်ကော်မရှင်နာ R.B Smart ၏
စစ်တွေခရိုင်အစီရင်ခံစာ (၁၈၇၂)
- ဗြိတိသျှ အစိုးရ၏ ၁၉၁၁ သန်းခေါင်စာရင်း
- အင်္ဂလိပ်ပြည်သူ့ကျန်းမာရေးဝန်၏
၁၉၃၀-၃၁ အစီရင်ခံစာ
- ဦးစော-ဆာကာစာချုပ် (၁၉၃၅)
- Mr. James Baxter ဥက္ကဌ၊ ICS ဦးတင်ထွဋ် ၊ Prof. R.D. Sine (Rangoon University) တို့ပါဝင်သော
 ကော်မရှင်၏ အစီရင်ခံစာ (၁၉၃၉)

အပိုင်း (၂)

https://m.facebook.com/story.php?story_fbid=869123046854875&id=100012715636073

No comments:

Post a Comment