Sunday, December 22, 2019

နိုင်ငံက လိုအပ်ပါက ထောက်လှမ်းရေးအဖွဲ့ အမြဲအသင့်ပါ လို့ပြောလာတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်
khinkhintsolider7456mm 6
ဗိုလ်ချုပ်ကြီးခင်ညွန့်အိမ်မှာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေစုစည်းပြီး ခရစ်စမတ် ညစာစားပွဲ လေးကျင်းပခဲ့ကြပါတယ်။ ထောက်လှမ်းရေးတွေ အားလုံးငြိမ်းချမ်းသွားတဲ့ အချိန်ကစပြီး နှစ်စဉ်ဒီဇင်ဘာလတိုင်း ဗိုလ်ချုပ်ကြီး ခြံထဲမှာ လုပ်ခဲ့တာအစဉ်အလာလေးတစ်ခုလိုဖြစ်နေပါပြီ။ နှစ်တိုင်းမှာ အဘ က သူ့တပည့်တွေကို နှုတ်ဆက် စကားပြောရင်း နေထိုင်သင့်တာလေးတွေကို ဆုံးမ ပါတယ်။
khinkhintsolider7456mm 3
khinkhintsolider7456mm 5
khinkhintsolider7456mm 1
နှစ်စဉ်တိုင်းမှာ ပြောခဲ့တာက ငါနိုင်ငံရေးမလုပ်ဘူး မင်းတို့လည်းမလုပ်ကြနဲ့ဆိုတဲ့စကားပါ။ အခုညမှာတော့ အဘစကားက တန်ဖိုးရှိလှပါတယ်။ ဒီညမှာလည်း မိသားစု တွေကိုဆုတောင်းနှုတ်ဆက် စကားပြောပါတယ်။ ငါနိုင်ငံရေးမလုပ်ဘူး တိုင်းပြည်အကျိုးအတွက် လိုအပ်လို့အကြံဉာဏ် တောင်းရင် အကြံဉာဏ် ပေးရမယ်လို့ပြောပါတယ်။ သူ့တာဝန်ရှိစဉ်ကာလ တာဝန်ယူလုပ်ခဲ့တာ သူ့သဘောထက် တာဝန်ပေးမှုအရဆောင်ရွက်ခဲ့တာ ပဲဖြစ်ပါတယ်။
khinkhintsolider7456mm 3
khinkhintsolider7456mm 4
khinkhintsolider7456mm 5
ဗိုလ်ချုပ်ကြီးနေဝင်း ဗိုလ်ချုပ်ကြီးသူရကျော်ထင် ဗိုလ်ချုပ်မှုးကြီး စောမောင် ဗိုလ်ချုပ်သန်းတင်တို့ဟာ ဆရာတွေပါ။ တိုင်းပြည်ကို တကယ်ချစ်သလို တိုင်းပြည်ကောင်းကျိုးကို လိုလားသူတွေပဲဖြစ်ပါတယ်။ သူလုပ်ခဲ့သမျှဟာ ဆရာတွေရဲ့ လိုလားချက် ဆရာတွေရဲ့ တိုင်ပြည်အပေါ်ထားတဲ့ စေတနာ အရ ခိုင်းစေတဲ့ခိုင်းစေချက်အရ လုပ်ခဲ့တာတွေချည်းပဲ။ တပ်မတော်အစိုးရ လက်ထက်မှာလည်း အစိုးရရဲ့မူဝါဒ အရသာ လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။ မလုပ်ချင်တာတွေလည်းရှိသလို ကိုယ်တိုင်ဆန္ဒအရလုပ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။
khinkhintsolider7456mm 3
khinkhintsolider7456mm 2
khinkhintsolider7456mm 1
အခုချိန်မှာတော့ ဘာသာရေးသက်သက်ကိုသာ အဓိကထား လုပ်လျှက်ရှိပါတယ် မဟာမြိုင်တောထဲကို ၁၂ခေါက်ရှိပါပြီ။ ဆရာတော်ရဲ့အဆုံးအမနဲ့ တရားထိုင်ဖြစ်ပါတယ်။ ဆရာ ဟာ ဘယ်နေရာမဆိုတန်ဖိုးရှိပါတယ်။ မင်းတို့တွေလည်း ဆရာရဲ့တန်ဖိုးကို ဘယ်တော့မှ မမေ့ပါနဲ့။ နိုင်ငံရေးလုံးဝမလုပ်ပါဘူး။ နိုင်ငံအတွက်လိုအပ်လို့အကြံဉာဏ်တောင်းပါက အကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

No comments:

Post a Comment