Wednesday, December 18, 2019

မန်းမဘသ ဆိုင်းဘုတ်ဖြုတ်ချခံရ လူမှုကွန်ရက်တွင်ပါ သတင်းထိန်ချန်ခံရ

Unicode
ယမန်နေ့ ၁၈-၁၂-၂၀၁၉ ရက်နေ့က မန်းမဘသ ဆိုင်းဘုတ်နှင့် အတုမရှိဂျာနယ်ဆိုင်းဘုတ်များအား သံဃာတော်အချို့နှင့် လူတချို့က လာရောက်ဖြိုချ ဖျက်ဆီးနေခြင်းကြောင့် သွားရောက်မေးမြန်းရာ တိုင်းသံဃနာယကအဖွဲ့၏ အမိန့်ဖြင့် ဖြုတ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မန်းမဘသအနေဖြင့် မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် သာသနာရေးမှ အကြိမ်ကြိမ် ဖိအားပေးခဲ့ခြင်းအပေါ် မဘသအဖြစ်သာ ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၍ ဆက်လက်ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ကင်းဝန်မင်းကြီးကျောင်းတိုက်အတွင်းရှိ အကျော်ကျောင်းတွင် စိုက်ထူးထားသော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆိုင်းဘုတ်ကို တိုင်းသံဃမဟာနာယကအမိန့်အရဆိုပြီး ကင်းဝန်မင်းကြီးကျောင်းတိုက် တိုက်အုပ်ဆရာတော်နဲ့ အဖွဲ့က လာရောက်ဖြုတ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်းမဘသဆိုင်းဘုတ်ဖြုတ်ချခံရသည့် သတင်းအား Facebook လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေခဲ့သည့် အကောင့်များနှင့် Page များလည်း ဖျက်ချခံခဲ့ရသည်။
နေထွန်း
Photo crd

a
Zawgyi

video ဖိုင္
Photo crd

No comments:

Post a Comment