Monday, December 16, 2019

မြန်မာစာမတတ်တော့ဘူးဆိုတဲ့ အနာဂတ်ကလေးများ
------ ------ ------ ----- -----

'' 'ဝေါင်း' 'ဝေါင်း'နဲ့ အဲဒါ ဘာဖြစ်တာလဲဟဲ့''

''အဲဒါက အင်္ဂလိပ်လို အမလေး၊ ကောင်းလိုက်တာ တော်လိုက်တာလို့ အာမေဋိတ်သံ၊ အံ့သြသံနဲ့ ရွတ်လိုက်တာလေ''

''သြော် . . . ဒါလား၊ ငါတော့ မသိပါဘူးဟယ်။ ဘိုလိုတွေပြောနေကြတော့ သူတို့ ဘိုလိုတွေပြောတာတွေ ငါမသိပါဘူးတော်''

''သြော် ဒါကလည်း ဒီအစီအစဉ်ကို နိုင်ငံခြားအစီအစဉ်ကနေ ငှားသုံးထားတာဆိုတော့ နိုင်ငံခြားလိုပဲ ပြောရတာပေါ့''

ယခုတလော မြန်မာတွေ နေရာတကာမှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ညှပ်ညှပ်သုံးတတ်ကြသည်။ FM ရေဒီယို တွေဆိုလျှင်လည်း ကဏ္ဍခေါင်းစီးတွေကို အင်္ဂလိပ်လို မှည့်ထားသည်။ Celebrities’ Choice တို့၊ Listeners’ Choice တို့ဘာ တို့စသဖြင့် ဘိုလိုတွေပေးကြသည်။ အသံလွှင့်လျှင်လည်း ဘိုလိုညှပ်ညှပ်ပြီး ပြောကြသည်။ ဆေးဆိုင်နာမည်၊ စားသောက်ဆိုင်နာမည်၊ တည်းခိုခန်း၊ ဟိုတယ် စသည့်နာမည်တွေကအစ အင်္ဂလိပ်လို မှည့်ကြသည်။ အင်္ဂလိပ်စာနှင့်မှည့်မှ ခေတ်မီသည်ဟု ထင်ကြဟန်ရှိသည်။

ထို့ပြင် တချို့သောမိဘတွေသည် မိမိတို့၏ သားငယ်၊ သမီးငယ်လေးများကို ဘိုကျောင်းတွင်ထားပြီး အင်္ဂလိပ်လိုပြောသံကြားလျှင် အလွန်ပီတိဖြစ်ပြီး အချင်းချင်းကိုလည်း ပြောပြလိုက်သေးသည်။

''ကျွန်မကလေးကလေ ဗမာစကားကို မပြောတတ်တော့ဘူး။ အဟင်း ဟင်း ဟင်း''ဟု ရယ်မောကာ ကြွားလေသည်။

အမှန်မှာတော့ အင်္ဂလိပ်စာတခုတည်းသိရုံ၊ တတ်ရုံနှင့် မလုံလောက်ဘူးဆိုသည်ကို မိဘများ သိထားသင့်သည်။ ဗမာစကား ကမောက်ကမ ပြောတာတွေသည် ဂုဏ်ယူစရာမဟုတ်ပါ။ ဟိုရှေးခေတ် ဦးလတ်၏ ရွှေပြည်စိုးဝတ္ထုထဲက ဘိလပ်ပြန်မောင်သောင်းဖေလို 'ရေချမ်းချမ်းလေး တခွက်ပေးပါ'ဆိုသော ဝေါဟာရမျိုးကလေးတွေပြောနေကြလျှင် မခက်ပေဘူးလား။ အရှင်နန္ဒမာလာဘိဝံသကပင် ဗမာဖြစ်ပြီး ဗမာစကားမတတ်တာဟာ ရှက်စရာမကောင်းဘူးလားဟု သူ၏တရားပွဲတပွဲတွင် ထည့်သွင်းဟော ကြားသွားပါသည်။ ကလေးတွေကို ဗမာစကားမတတ်အောင်၊ အင်္ဂလိပ်စကားသာပြောတတ်အောင် လုပ်ယူနေကြသောမိဘများ သတိထားစရာဖြစ်သည်။

''အင်္ဂလိပ်တို့သည် မြန်မာတို့ကို ဖိနပ်ချုပ်ခဲ့ပါသည်''ဟု ရေးထားသော ဘိုကျောင်းက ကလေးတဦး၏ မြန်မာစာဝါကျကိုကြည့်၍ အမေလုပ်သူက ပီတိပြုံး ပြုံးနေပါသည်။

အမှန်မှာတော့ ဖိနှိပ်ချုပ်ချယ်ခဲ့သည်ဟုရေးရန် ဖြစ်သည်။ ဟထိုးတို့၊ လုံးကြီးတင်တို့ကိုပင် မှန်မှန်ကန်ကန် မရေးနိုင်ကြ။

မြန်မာစာ၊ မြန်မာစကားကို အဘယ်ကြောင့် ဤမျှအထင်သေး၊ အမြင်သေးဖြစ်နေကြပါသလဲ။ သီချင်းဂီတတွေကအစ နိုင်ငံခြားသံစဉ်တွေကိုသာယူပြီး သီဆိုနေကြရသည်။ ဤသည်မှာ ကိုယ့်နိုင်ငံ မည်မျှ အားနည်းနေသည်ကို ပြသနေခြင်းပဲဖြစ်သည်။ ကိုယ့်နိုင်ငံက ကမ္ဘာ့အလယ်မှာ စီးပွားရေးအားနည်းနေသည့် အခါ အရာရာသည် မှေးမှိန်ပျောက်ကွယ်ရတော့သည်။ ကိုယ်ပိုင်လက္ခဏာမရှိတော့သည့် နိုင်ငံလိုဖြစ်နေပါ သည်။ သီချင်းတွေကို နားထောင်လိုက်လျှင် တရုတ်ခေတ်ပေါ် သီချင်းဆိုလျှင် ခေတ်ပေါ်တော့ ခေတ်ပေါ်ပဲ။ ဒါပေမဲ့ တရုတ်မှန်းသိသာသည့် ကိုယ်ပိုင်လက္ခဏာ ကိုယ်ပိုင်သင်္ကေတပါသည်။ အိန္ဒိယခေတ်ပေါ်သီချင်း ဆိုလျှင်လည်း အိန္ဒိယ၏ကိုယ်ပိုင်လက္ခဏာ၊ ကိုယ်ပိုင်သင်္ကေတပါသည်။ ဂျပန်ခေတ်ပေါ်လည်း ဂျပန်တို့၏ ကိုယ်ပိုင်လက္ခဏာပါဝင်သည်။ မြန်မာတွေရော၊ မြန်မာခေတ်ပေါ်သီချင်းကို မြန်မာစရိုက်လက္ခဏာပါအောင် မရေးစပ်နိုင်ကြသလော။ ယနေ့ခေတ်မှာတော့ နိုင်ငံခြားသံစဉ်ကိုချည်း ကော်ပီလုပ်နေရသည့်ကြားက ကိုယ်ပိုင်သံစဉ်တွေကို ယနေ့လူငယ်များ တီထွင်ဖန်တီး ကြသည်တို့၊ အနည်းအကျဉ်းပေါ်ထွက်လာပြီကို တွေ့ရပါသည်။

မြန်မာဘာသာကို ဘာကြောင့်ဤမျှအထင်သေးနေကြသလဲဆိုသည်ကို အိမ်ကတူကလေး စောနေဝန်းနှင့် ရွယ်တူလူငယ်လေးများပင် ''ကြီးကြီးတို့ မြန်မာစာတတ်လို့ ဘာအလုပ်ရမှာလဲ။ အင်္ဂလိပ်စာတတ်မှ အလုပ်ရမှာပေါ့''ဟု ဆိုကြသည်။

ဟုတ်ပါသည်။ အင်္ဂလိပ်စာသည် ကမ္ဘာသုံး။ ကမ္ဘာကိုသိဖို့ အင်္ဂလိပ်လိုတတ်မှ ဖြစ်မည်။ သို့သော် အင်္ဂလိပ်လိုတခုတည်း တတ်နေလို့မဖြစ်ပါ။ မြန်မာစာပါ ပိုင်ပိုင်နိုင်နိုင်တတ်မှ အကျိုးရှိပါလိမ့်မည်။

ယနေ့ခေတ်သည် မြန်မာစာကို အထင်သေးအမြင်သေးဖြစ်ကြပုံမှာ ကိုလိုနီခေတ်ထက်ပင် ဆိုးနေပြီဟု ဆိုရမည်။ ကိုလိုနီခေတ်က အင်္ဂလိပ်တွေလက်အောက် ရောက်နေခဲ့ရသော်လည်း မြန်မာစာ၊ မြန်မာစကားကို တန်ဖိုးထားခဲ့ကြသည်။

ဆရာကြီးဦးဖေမောင်တင်ပင် တက္ကသိုလ်မှာ မြန်မာစာဌာနထားဖို့ကို အင်္ဂလိပ်တက္ကသိုလ်အာဏာပိုင်တွေကို တိုက်ပွဲဝင်ပြီး တည်ထောင်ခဲ့ရသည်မဟုတ်ပါလား။ မင်းတို့မြန်မာစာမှာ သမိုင်းရှိလို့လားဟုမေး၍ ဆရာဦးဖေမောင်တင် မြန်မာစာပေသမိုင်းကို ပြုစုတင်ပြ၍ တက္ကသိုလ်မှ မြန်မာစာဌာနရယ်လို့ ဖြစ်လာ ခဲ့ရသည်။

ကိုလိုနီခေတ်ကလူတွေသည် အင်္ဂလိပ်စာတတ်ကြသည်။ သို့သော် သူတို့က အင်္ဂလိပ်စာကို တိုင်းပြည်ကောင်းကျိုးအတွက် အသုံးချရန် သင်ကြားခြင်းဖြစ်သည်။ တက္ကသိုလ်ကျောင်းအုပ်တွေကိုယ်တိုင်၊ ဆရာတွေကိုယ်တိုင်က မျက်နှာဖြူများဖြစ်သည်။ သို့သော် ကျောင်းသားများသည် မြန်မာစာ၊ မြန်မာစကားကို ကျကျနနရေးသားနိုင်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် ပါဠိပင်ကျွမ်းသည်။ ပါဠိဘာသာယူခဲ့သည်။ ဦးရာဇတ်သည်လည်း ဆရာတော်သံဃာတော်တို့နှင့် ကျွမ်းကျွမ်းဝင်ဝင်ရှိသည်။ မြန်မာစာ၊ မြန်မာစကားကို တန်ဖိုးထားခဲ့သည်။ အိုးဝေဦးညိုမြ၊ ဦးနု (ဝန်ကြီးချုပ်ဟောင်း)တို့သည်လည်း ကမ္ဘာ့စာပေကျွမ်း သည့်အပြင် မြန်မာစာပေကိုလည်း ကျွမ်းသည်။ မြန်မာစာပေကို ကျွမ်းလို့လည်း မြန်မာစာအုပ်စာတမ်းဝတ္ထု၊ ပြဇာတ်များ ရေးခဲ့သေးသည် မဟုတ်ပါလား။ ဘာသာပြန်စာအုပ်များလည်း ရေးခဲ့သေးသည် မဟုတ်ပါလား။

စကားပြောလျှင် မလိုအပ်ဘဲ ဘိုလိုညှပ်ညှပ်ပြီး ပြောတတ်သူများသည် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပုံတွေကို သတိပြုဖို့ကောင်း သည်။ မြန်မာလိုပြောသည့်အခါ မြန်မာလူထုပရိသတ် နားလည်သဘောပေါက်အောင် မြန်မာလို ပီပီသသပြောသည်။ ဘိုလို ညှပ်မပြော။ ဒီမိုကရေစီဆိုသည့် စကားကိုပင် ဒမောခရေစီဆိုပြီး ဘိုသံပေါက်အောင် ပြောမနေ။ မြန်မာလျှာအာနှင့်ကိုက်ညီအောင် မြန်မာများ ပြောဆိုနေ ကျအတိုင်း ဒီမိုကရေစီဟုသာပြောသည်။

''မလိုအပ်ဘဲ အင်္ဂလိပ်လို ထည့် သွင်းရေးကြခြင်း၊ ရေးကြပြန်တော့လည်း တက်တက်စင်မှားအောင် ရေးကြပြန် ခြင်း၊ ယင်းတို့သည် မလိုလားအပ်သည့် ပြဿနာများဖြစ်ကြပေသည်။ ဆရာကြီး ရွှေဥဒေါင်းသည် လိုအပ် သောအခါများ၌ အင်္ဂလိပ်စာလုံးများကို ထည့်သွင်းရေး သားလေ့ရှိသည်မှာ မှန်ပါသည်။ သို့သော် သူ၏ရေးဟန်မှာ မြန်မာစာကို ပိုမိုခံ့ညားလေးနက်စေသည်ကို တွေ့ရပေသည်''ဟု ဒေါက်တာသာလှကပင် ရေးသားထားပါသည်။

ကိုယ့်နိုင်ငံ၏ အားနည်းမှုကြောင့် ကိုယ့်ဘာသာစကားကို ကိုယ်ကိုယ်တိုင်ပင် အထင်သေးအမြင်သေး ဖြစ်လာကြခြင်းဖြစ်သည်။ ကမ္ဘာမှာ စီးပွားရေးကောင်းပြီး နာမည်တလုံးနှင့် ရပ်တည်နိုင်သည့်နိုင်ငံတွေမှာ လူတိုင်းအင်္ဂလိပ်စကားပြောရန်မလို။ ဂျပန်တိုင်း အင်္ဂလိပ်စကားပြောနေကြခြင်းမဟုတ်။ ကိုရီးယားတိုင်း၊ ထိုင်းလူမျိုးတိုင်းလည်း အင်္ဂလိပ်စာ အင်္ဂလိပ်စကားတတ်ကြသည်မဟုတ်။ မတတ်လည်း ဘာမျှပြဿနာမရှိ။ သူတို့နိုင်ငံ ဂုဏ်ရှိ နေသည်မဟုတ်ပါလား။ သူတို့မှာ တတ်ရမည့်သူတွေကတော့ တတ်ကြသည်။ ဘာသာပြန်ပြီးသား ကျမ်းစာ အုပ်တွေလည်း ရှိပြီးသား။ အားလုံးလက်ခံထားသည့် အသံဖလှယ်သည့် စနစ်လည်း ရှိပြီးသား။ ဒါကြောင့် ဘာပြဿနာမျှမရှိ တရုတ်တိုင်းလည်း အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တတ်ကြသည်မဟုတ်။ သို့သော် သူတို့နိုင်ငံက တိုးတက်ဖွံ့ဖြိုးသည်။ အင်္ဂလိပ်စာသင် ကြားပေးရုံနှင့် တိုင်းပြည်တိုးတက်လာမည်မဟုတ်။

အင်္ဂလိပ်စာသင်ပေးသော ကလေးငယ်များကို မြန်မာစာ မြန်မာစကားကိုလည်း ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးပြီး မြန်မာလူမျိုး၊ မြန်မာပြည်ကိုချစ်အောင် သင်ကြားပေးရပါလိမ့်မည်။ မည်သူမဆို ကိုယ့်နိုင်ငံကို ကိုယ်ချစ်ကြသည်ချည်းပင်။ ကိုယ့်နိုင်ငံကို ကောင်းစားစေချင်ကြသည်။ ကိုယ့်နိုင်ငံကောင်းချင်ရုံနှင့် သူတပါးနိုင်ငံကို မုန်းတီးခြင်း မဟုတ်ပါ။ ကမ္ဘာပေါ်မှာ မည်သူမဆို ကိုယ့်နိုင်ငံကောင်းကျိုးကိုသာ ကိုယ်အရင်ဆုံးလုပ်ကြမှာပါပဲ။ ထို့ကြောင့် မြန်မာဆိုသည်ကိုမေ့လျော့ပြီး မြန်မာစာကိုပင် ကောင်းကောင်းမွန်မွန် မသင်လိုသူများသည် ကိုယ့်မြန်မာနိုင်ငံ ကောင်းစားရေးအတွက်ဆိုသည်ကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားမိမည်မဟုတ်။ တခြားနိုင်ငံမှာ သွားအလုပ်လုပ်ရန်သာ စဉ်းစားကြပေလိမ့်မည်။

ထို့ကြောင့် ကလေးသူငယ်များ 'မြန်မာ'ဆိုသည့် ကိုယ်ပိုင်လက္ခဏာ မပျောက်ပျက်ရအောင် မိဘများမှာ တာဝန်ရှိသည်ဟုသာ ရေးသားလိုက်ရပါသတည်း။

တင်တင်ဦး

(Zawgyi)

မြန်မာစာမတတ်တော့ဘူးဆိုတဲ့ အနာဂတ်ကလေးများ
------ ------ ------ ----- -----
'' 'ဝေါင်း' 'ဝေါင်း'နဲ့ အဲဒါ ဘာဖြစ်တာလဲဟဲ့''

''အဲဒါက အင်္ဂလိပ်လို အမလေး၊ ကောင်းလိုက်တာ တော်လိုက်တာလို့ အာမေဋိတ်သံ၊ အံ့သြသံနဲ့ ရွတ်လိုက်တာလေ''

''သြော် . . . ဒါလား၊ ငါတော့ မသိပါဘူးဟယ်။ ဘိုလိုတွေပြောနေကြတော့ သူတို့ ဘိုလိုတွေပြောတာတွေ ငါမသိပါဘူးတော်''

''သြော် ဒါကလည်း ဒီအစီအစဉ်ကို နိုင်ငံခြားအစီအစဉ်ကနေ ငှားသုံးထားတာဆိုတော့ နိုင်ငံခြားလိုပဲ ပြောရတာပေါ့''

ယခုတလော မြန်မာတွေ နေရာတကာမှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ညှပ်ညှပ်သုံးတတ်ကြသည်။ FM ရေဒီယို တွေဆိုလျှင်လည်း ကဏ္ဍခေါင်းစီးတွေကို အင်္ဂလိပ်လို မှည့်ထားသည်။ Celebrities’ Choice တို့၊ Listeners’ Choice တို့ဘာ တို့စသဖြင့် ဘိုလိုတွေပေးကြသည်။ အသံလွှင့်လျှင်လည်း ဘိုလိုညှပ်ညှပ်ပြီး ပြောကြသည်။ ဆေးဆိုင်နာမည်၊ စားသောက်ဆိုင်နာမည်၊ တည်းခိုခန်း၊ ဟိုတယ် စသည့်နာမည်တွေကအစ အင်္ဂလိပ်လို မှည့်ကြသည်။ အင်္ဂလိပ်စာနှင့်မှည့်မှ ခေတ်မီသည်ဟု ထင်ကြဟန်ရှိသည်။

ထို့ပြင် တချို့သောမိဘတွေသည် မိမိတို့၏ သားငယ်၊ သမီးငယ်လေးများကို ဘိုကျောင်းတွင်ထားပြီး အင်္ဂလိပ်လိုပြောသံကြားလျှင် အလွန်ပီတိဖြစ်ပြီး အချင်းချင်းကိုလည်း ပြောပြလိုက်သေးသည်။

''ကျွန်မကလေးကလေ ဗမာစကားကို မပြောတတ်တော့ဘူး။ အဟင်း ဟင်း ဟင်း''ဟု ရယ်မောကာ ကြွားလေသည်။

အမှန်မှာတော့ အင်္ဂလိပ်စာတခုတည်းသိရုံ၊ တတ်ရုံနှင့် မလုံလောက်ဘူးဆိုသည်ကို မိဘများ သိထားသင့်သည်။ ဗမာစကား ကမောက်ကမ ပြောတာတွေသည် ဂုဏ်ယူစရာမဟုတ်ပါ။ ဟိုရှေးခေတ် ဦးလတ်၏ ရွှေပြည်စိုးဝတ္ထုထဲက ဘိလပ်ပြန်မောင်သောင်းဖေလို 'ရေချမ်းချမ်းလေး တခွက်ပေးပါ'ဆိုသော ဝေါဟာရမျိုးကလေးတွေပြောနေကြလျှင် မခက်ပေဘူးလား။ အရှင်နန္ဒမာလာဘိဝံသကပင် ဗမာဖြစ်ပြီး ဗမာစကားမတတ်တာဟာ ရှက်စရာမကောင်းဘူးလားဟု သူ၏တရားပွဲတပွဲတွင် ထည့်သွင်းဟော ကြားသွားပါသည်။ ကလေးတွေကို ဗမာစကားမတတ်အောင်၊ အင်္ဂလိပ်စကားသာပြောတတ်အောင် လုပ်ယူနေကြသောမိဘများ သတိထားစရာဖြစ်သည်။

''အင်္ဂလိပ်တို့သည် မြန်မာတို့ကို ဖိနပ်ချုပ်ခဲ့ပါသည်''ဟု ရေးထားသော ဘိုကျောင်းက ကလေးတဦး၏ မြန်မာစာဝါကျကိုကြည့်၍ အမေလုပ်သူက ပီတိပြုံး ပြုံးနေပါသည်။

အမှန်မှာတော့ ဖိနှိပ်ချုပ်ချယ်ခဲ့သည်ဟုရေးရန် ဖြစ်သည်။ ဟထိုးတို့၊ လုံးကြီးတင်တို့ကိုပင် မှန်မှန်ကန်ကန် မရေးနိုင်ကြ။

မြန်မာစာ၊ မြန်မာစကားကို အဘယ်ကြောင့် ဤမျှအထင်သေး၊ အမြင်သေးဖြစ်နေကြပါသလဲ။ သီချင်းဂီတတွေကအစ နိုင်ငံခြားသံစဉ်တွေကိုသာယူပြီး သီဆိုနေကြရသည်။ ဤသည်မှာ ကိုယ့်နိုင်ငံ မည်မျှ အားနည်းနေသည်ကို ပြသနေခြင်းပဲဖြစ်သည်။ ကိုယ့်နိုင်ငံက ကမ္ဘာ့အလယ်မှာ စီးပွားရေးအားနည်းနေသည့် အခါ အရာရာသည် မှေးမှိန်ပျောက်ကွယ်ရတော့သည်။ ကိုယ်ပိုင်လက္ခဏာမရှိတော့သည့် နိုင်ငံလိုဖြစ်နေပါ သည်။ သီချင်းတွေကို နားထောင်လိုက်လျှင် တရုတ်ခေတ်ပေါ် သီချင်းဆိုလျှင် ခေတ်ပေါ်တော့ ခေတ်ပေါ်ပဲ။ ဒါပေမဲ့ တရုတ်မှန်းသိသာသည့် ကိုယ်ပိုင်လက္ခဏာ ကိုယ်ပိုင်သင်္ကေတပါသည်။ အိန္ဒိယခေတ်ပေါ်သီချင်း ဆိုလျှင်လည်း အိန္ဒိယ၏ကိုယ်ပိုင်လက္ခဏာ၊ ကိုယ်ပိုင်သင်္ကေတပါသည်။ ဂျပန်ခေတ်ပေါ်လည်း ဂျပန်တို့၏ ကိုယ်ပိုင်လက္ခဏာပါဝင်သည်။ မြန်မာတွေရော၊ မြန်မာခေတ်ပေါ်သီချင်းကို မြန်မာစရိုက်လက္ခဏာပါအောင် မရေးစပ်နိုင်ကြသလော။ ယနေ့ခေတ်မှာတော့ နိုင်ငံခြားသံစဉ်ကိုချည်း ကော်ပီလုပ်နေရသည့်ကြားက ကိုယ်ပိုင်သံစဉ်တွေကို ယနေ့လူငယ်များ တီထွင်ဖန်တီး ကြသည်တို့၊ အနည်းအကျဉ်းပေါ်ထွက်လာပြီကို တွေ့ရပါသည်။

မြန်မာဘာသာကို ဘာကြောင့်ဤမျှအထင်သေးနေကြသလဲဆိုသည်ကို အိမ်ကတူကလေး စောနေဝန်းနှင့် ရွယ်တူလူငယ်လေးများပင် ''ကြီးကြီးတို့ မြန်မာစာတတ်လို့ ဘာအလုပ်ရမှာလဲ။ အင်္ဂလိပ်စာတတ်မှ အလုပ်ရမှာပေါ့''ဟု ဆိုကြသည်။

ဟုတ်ပါသည်။ အင်္ဂလိပ်စာသည် ကမ္ဘာသုံး။ ကမ္ဘာကိုသိဖို့ အင်္ဂလိပ်လိုတတ်မှ ဖြစ်မည်။ သို့သော် အင်္ဂလိပ်လိုတခုတည်း တတ်နေလို့မဖြစ်ပါ။ မြန်မာစာပါ ပိုင်ပိုင်နိုင်နိုင်တတ်မှ အကျိုးရှိပါလိမ့်မည်။

ယနေ့ခေတ်သည် မြန်မာစာကို အထင်သေးအမြင်သေးဖြစ်ကြပုံမှာ ကိုလိုနီခေတ်ထက်ပင် ဆိုးနေပြီဟု ဆိုရမည်။ ကိုလိုနီခေတ်က အင်္ဂလိပ်တွေလက်အောက် ရောက်နေခဲ့ရသော်လည်း မြန်မာစာ၊ မြန်မာစကားကို တန်ဖိုးထားခဲ့ကြသည်။

ဆရာကြီးဦးဖေမောင်တင်ပင် တက္ကသိုလ်မှာ မြန်မာစာဌာနထားဖို့ကို အင်္ဂလိပ်တက္ကသိုလ်အာဏာပိုင်တွေကို တိုက်ပွဲဝင်ပြီး တည်ထောင်ခဲ့ရသည်မဟုတ်ပါလား။ မင်းတို့မြန်မာစာမှာ သမိုင်းရှိလို့လားဟုမေး၍ ဆရာဦးဖေမောင်တင် မြန်မာစာပေသမိုင်းကို ပြုစုတင်ပြ၍ တက္ကသိုလ်မှ မြန်မာစာဌာနရယ်လို့ ဖြစ်လာ ခဲ့ရသည်။

ကိုလိုနီခေတ်ကလူတွေသည် အင်္ဂလိပ်စာတတ်ကြသည်။ သို့သော် သူတို့က အင်္ဂလိပ်စာကို တိုင်းပြည်ကောင်းကျိုးအတွက် အသုံးချရန် သင်ကြားခြင်းဖြစ်သည်။ တက္ကသိုလ်ကျောင်းအုပ်တွေကိုယ်တိုင်၊ ဆရာတွေကိုယ်တိုင်က မျက်နှာဖြူများဖြစ်သည်။ သို့သော် ကျောင်းသားများသည် မြန်မာစာ၊ မြန်မာစကားကို ကျကျနနရေးသားနိုင်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် ပါဠိပင်ကျွမ်းသည်။ ပါဠိဘာသာယူခဲ့သည်။ ဦးရာဇတ်သည်လည်း ဆရာတော်သံဃာတော်တို့နှင့် ကျွမ်းကျွမ်းဝင်ဝင်ရှိသည်။ မြန်မာစာ၊ မြန်မာစကားကို တန်ဖိုးထားခဲ့သည်။ အိုးဝေဦးညိုမြ၊ ဦးနု (ဝန်ကြီးချုပ်ဟောင်း)တို့သည်လည်း ကမ္ဘာ့စာပေကျွမ်း သည့်အပြင် မြန်မာစာပေကိုလည်း ကျွမ်းသည်။ မြန်မာစာပေကို ကျွမ်းလို့လည်း မြန်မာစာအုပ်စာတမ်းဝတ္ထု၊ ပြဇာတ်များ ရေးခဲ့သေးသည် မဟုတ်ပါလား။ ဘာသာပြန်စာအုပ်များလည်း ရေးခဲ့သေးသည် မဟုတ်ပါလား။

စကားပြောလျှင် မလိုအပ်ဘဲ ဘိုလိုညှပ်ညှပ်ပြီး ပြောတတ်သူများသည် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပုံတွေကို သတိပြုဖို့ကောင်း သည်။ မြန်မာလိုပြောသည့်အခါ မြန်မာလူထုပရိသတ် နားလည်သဘောပေါက်အောင် မြန်မာလို ပီပီသသပြောသည်။ ဘိုလို ညှပ်မပြော။ ဒီမိုကရေစီဆိုသည့် စကားကိုပင် ဒမောခရေစီဆိုပြီး ဘိုသံပေါက်အောင် ပြောမနေ။ မြန်မာလျှာအာနှင့်ကိုက်ညီအောင် မြန်မာများ ပြောဆိုနေ ကျအတိုင်း ဒီမိုကရေစီဟုသာပြောသည်။

''မလိုအပ်ဘဲ အင်္ဂလိပ်လို ထည့် သွင်းရေးကြခြင်း၊ ရေးကြပြန်တော့လည်း တက်တက်စင်မှားအောင် ရေးကြပြန် ခြင်း၊ ယင်းတို့သည် မလိုလားအပ်သည့် ပြဿနာများဖြစ်ကြပေသည်။ ဆရာကြီး ရွှေဥဒေါင်းသည် လိုအပ် သောအခါများ၌ အင်္ဂလိပ်စာလုံးများကို ထည့်သွင်းရေး သားလေ့ရှိသည်မှာ မှန်ပါသည်။ သို့သော် သူ၏ရေးဟန်မှာ မြန်မာစာကို ပိုမိုခံ့ညားလေးနက်စေသည်ကို တွေ့ရပေသည်''ဟု ဒေါက်တာသာလှကပင် ရေးသားထားပါသည်။

ကိုယ့်နိုင်ငံ၏ အားနည်းမှုကြောင့် ကိုယ့်ဘာသာစကားကို ကိုယ်ကိုယ်တိုင်ပင် အထင်သေးအမြင်သေး ဖြစ်လာကြခြင်းဖြစ်သည်။ ကမ္ဘာမှာ စီးပွားရေးကောင်းပြီး နာမည်တလုံးနှင့် ရပ်တည်နိုင်သည့်နိုင်ငံတွေမှာ လူတိုင်းအင်္ဂလိပ်စကားပြောရန်မလို။ ဂျပန်တိုင်း အင်္ဂလိပ်စကားပြောနေကြခြင်းမဟုတ်။ ကိုရီးယားတိုင်း၊ ထိုင်းလူမျိုးတိုင်းလည်း အင်္ဂလိပ်စာ အင်္ဂလိပ်စကားတတ်ကြသည်မဟုတ်။ မတတ်လည်း ဘာမျှပြဿနာမရှိ။ သူတို့နိုင်ငံ ဂုဏ်ရှိ နေသည်မဟုတ်ပါလား။ သူတို့မှာ တတ်ရမည့်သူတွေကတော့ တတ်ကြသည်။ ဘာသာပြန်ပြီးသား ကျမ်းစာ အုပ်တွေလည်း ရှိပြီးသား။ အားလုံးလက်ခံထားသည့် အသံဖလှယ်သည့် စနစ်လည်း ရှိပြီးသား။ ဒါကြောင့် ဘာပြဿနာမျှမရှိ တရုတ်တိုင်းလည်း အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တတ်ကြသည်မဟုတ်။ သို့သော် သူတို့နိုင်ငံက တိုးတက်ဖွံ့ဖြိုးသည်။ အင်္ဂလိပ်စာသင် ကြားပေးရုံနှင့် တိုင်းပြည်တိုးတက်လာမည်မဟုတ်။

အင်္ဂလိပ်စာသင်ပေးသော ကလေးငယ်များကို မြန်မာစာ မြန်မာစကားကိုလည်း ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးပြီး မြန်မာလူမျိုး၊ မြန်မာပြည်ကိုချစ်အောင် သင်ကြားပေးရပါလိမ့်မည်။ မည်သူမဆို ကိုယ့်နိုင်ငံကို ကိုယ်ချစ်ကြသည်ချည်းပင်။ ကိုယ့်နိုင်ငံကို ကောင်းစားစေချင်ကြသည်။ ကိုယ့်နိုင်ငံကောင်းချင်ရုံနှင့် သူတပါးနိုင်ငံကို မုန်းတီးခြင်း မဟုတ်ပါ။ ကမ္ဘာပေါ်မှာ မည်သူမဆို ကိုယ့်နိုင်ငံကောင်းကျိုးကိုသာ ကိုယ်အရင်ဆုံးလုပ်ကြမှာပါပဲ။ ထို့ကြောင့် မြန်မာဆိုသည်ကိုမေ့လျော့ပြီး မြန်မာစာကိုပင် ကောင်းကောင်းမွန်မွန် မသင်လိုသူများသည် ကိုယ့်မြန်မာနိုင်ငံ ကောင်းစားရေးအတွက်ဆိုသည်ကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားမိမည်မဟုတ်။ တခြားနိုင်ငံမှာ သွားအလုပ်လုပ်ရန်သာ စဉ်းစားကြပေလိမ့်မည်။

ထို့ကြောင့် ကလေးသူငယ်များ 'မြန်မာ'ဆိုသည့် ကိုယ်ပိုင်လက္ခဏာ မပျောက်ပျက်ရအောင် မိဘများမှာ တာဝန်ရှိသည်ဟုသာ ရေးသားလိုက်ရပါသတည်း။

တင်တင်ဦး

No comments:

Post a Comment