Tuesday, December 24, 2019

မော်လမြိုင်မြို့မှ ၁၉ရက်ကြာပျောက်ဆုံးနေသော ဆရာဝန်သားအဖ အသုံးပြုခဲ့သောကားကို  မော်လမြိုင်မြို့ အတ္ထရံမြစ်တွင် တွေ့ရှိထား၍ ယခုအခါ




ဆယ်ယူခဲ့ပြီး ကရိန်းကားဖြင့် ဆေးရုံသို့ ယူဆောင်သွားမည်ဖြစ်ကြာင်း သိရသည်။

မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သော ကားအတွင်းတွင် ပျောက်ဆုံးနေသော ဆရာဝန် သားအဖနှစ်ဦး၏ ရုပ်အလောင်းဟု ယူဆရသောရုပ်အလောင်းများကို တွေ့ရှိရပြီး ကားအတွင်းနုံးများပြည့်နေခြင်း၊ အပုတ်နံ့များဆိုးဝါးစွာထွက်ပေါ်နေခြင်း၊ ကားကိုဆယ်ယူရရှိသည့် ဆိပ်ကမ်းနေရာတွင် လာရောက်ကြည့်ရှူ သူများ များပြားနေခြင်းတို့ကြောင့် ဆေးရုံရောက်မှသာ ကားကိုဖွင့်ပြီး ရုပ်အလောင်းများကို စစ်ဆေး စိစစ်သွားမည်ဖြစ်ကြောင်း မော်လမြိုင်ကယ်ဆယ်ရေး အဖွဲ့မှ ကိုဘိုဝင်း ၏ live လွှင့်ချက်အရ သိရသည်။

https://m.facebook.com/story.php?story_fbid=832888987151438&id=100012910328546

Crd - Bo Win

No comments:

Post a Comment