Sunday, December 22, 2019

ယမန်နေ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီးနောက် ဘင်္ဂါလီများ၏ သတင်းထုတ်ပြန်ချက် (၁၀) ချက်

- ဘင်္ဂါလီ ဟု ခေါ်ဝေါ်သုံးစွဲမှုကို ရပ်တန့်၍ ရိုဟင်ဂျာ ဟု တရားဝင် အသိအမှတ်ပြုခေါ်ဝေါ်ရမည်

-မြန်မာပြည် ပြန်မလာသေးမီ မိမိတို့၏ နိုင်ငံသားအခွင့်အရေးများအားလုံးကို ရရှိအောင် အာမခံ လုပ်ဆောင်ပေးထားရမည်

-ပြန်လာပြီးလျှင်လည်း မိမိတို့၏ အသက်၊အိုးအိမ်၊စည်းစိမ်၊အခွင့်အရေးများ တကယ် ရ၊မရ ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် တခြားနိုင်ငံများ၏ စစ်ဆေးဆောင်ရွက်မှုတွေကို မြန်မာက ခွင့်ပြုပေးရမည်

-ဆုံးရှုံးခဲ့ရသည့် အိုး၊အိမ်၊တိုက်တာ၊ဥယျာဉ်ခြံမြေ၊ဈေးဆိုင်များ၊ပုစွန်ကန်များ၊လှည်း၊နွားများကို မြန်မာက ပြန်လည်ဖြည့်ဆည်းပေးရမည်

-နေရပ်ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ရာတွင်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ အနွယ်ဝင် အားလုံးအပြင် ၊ ဆော်ဒီ ၊ မလေးရှား ၊ ပါကစ္စတန် ၊ထိုင်း၊အိန္ဒိယ၊အင်ဒိုနီးရှား၊သီရိလင်္ကာ၊ယူအေအီး၊ဒူဘိုင်းတို့တွင် ရောက်ရှိနေသည့် အနွယ်ဝင်တွေကိုပါ မြန်မာက ပြန်လည်ခေါ်ဆောင်ပေးရမည်

-ဘင်္ဂလားဒေ့ရှ် ဘက်က လူတွေကို ပြန်မခေါ်ခင် ပြည်တွင်းစစ်ဘေးရှောင်စခန်းက မိမိတို့အနွယ်ဝင်တွေကို အခြေတကျဖြစ်အောင် ဆောင်ရွက်ပေးရမည်

-မြန်မာ့တပ်မတော်နဲ့ ရခိုင်ဗုဒ္ဓဘာသာအစွန်းရောက်တွေ ဖျက်ဆီးပစ်သော မိမိတို့ စည်းစိမ်ပိုင်ဆိုင်မှုများနှင့် မြန်မာအကျဉ်းထောင်တွေအတွင်း ထိန်းသိမ်းထားသော မိမိတို့အနွယ်ဝင်များ၏ စာရင်းကို အတိအကျ ထုတ်ပြန်ပေးရမည်

-မိမိတို့အတွက် တရားမျှတမှုကို အာမခံနိုင်စေရန် ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးအပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုပါ ရခိုင်ပြည်နယ်ကို ဝင်ရောက်အချက်အလက်ရယူနိုင်ရေး မြန်မာက ခွင့်ပြုရမည်

-မွတ်စလင်များ၏ ဘာသာရေးဝတ်ပြုမှုဓလေ့ထုံးတမ်းများကို လေးစားနားလည်ပြီး ရခိုင်ပြည်နယ်အတွင်း ချိတ်ပိတ်ထားသော ဗလီများအားလုံးကို မြန်မာက ပြန်လည် ဖွင့်လှစ်ပေးရမည်

credit စိုး ဝင်း မောင်


No comments:

Post a Comment