Thursday, December 26, 2019

နေကြတ်နဲ့ပါတ်သက်ရင် အနိဋ္ဌအဟောပဲ ထွက်တာပါ ။ ဆရာက ဣဋ္ဌဘာဖြစ်လို့ ပြောတာလဲ ဆိုပြီးတော့ နိုင်ငံရေးဗေဒင် ပညာယူထားတဲ့ တပြည့်များက မေးကြပါတယ် ။ ဆရာအတော်များများကလဲ စောင့်ကြည့်နေတာ ကြားသိရပါတယ် ။ သီအိုရီအရ ဆုံးဖြတ်ကြမည့် အဟောတွေအမှန်ပါ ။ ၄၅ ရက်အတွင်း ထူးထင်မှာပါ ။ ဆရာများမြင်ကြတာ အမှန်ပါပဲ ။
ကျနော်လဲ မမှားပါဘူး။

တူရာသီတိတ်စွဲရှိတဲ့ မြန်မာနိုင်ငံတော်ကြီးကို မြင်အောင်ကြည့်လိုက်ကြပါ ။ တိုင်းပြည်ကြီး ဘုန်းကံညံ့ဖျင်းနေတာ ကာလကြာပါပြီ အခက်အခဲတွေ ကုန်ဆုံးချိန်တန်သွားပါပြီ ။ နောက်ဆုံးအခက်အခဲတွေ ရင်ဆိုင်ဖြတ်ကျော်ပြီးရင် ပွင့်လင်းတော့မှာ မြင်မိတဲ့အတွက် ဝမ်းသာအားရ ရေးတင်လိုက်တာပါ။

၄၅ ရက်အတွင်း ဖြစ်ပေါ်လာမည့် သတင်းတို့ကို ကျနော်လဲ စောင့်ကြည့်နေပါတယ် ။ နောက်ဆက်တွဲမှာ မင်္ဂလာရှိစွာ မိတ်ဆွေများ ပါနိုင်ရေးအတွက် အလှူအတန်းပြု မင်္ဂလာယူကြဖို့ တင်ပေးလိုက်တာပါ။ နေကြတ်အကြောင်း ကျနော်မပြောပါဘူး ။ မိတ်ဆွေများ မြန်မာပြည်ကြီးနဲ့ အတူတကွ မင်္ဂလာရှိစွာ ကံပွင့်လာဖို့ပဲ လိုပါတယ် ။

မနက်ဖြန် နံက်မှာ ကျနော်နှင့် သားတပြည့်များ သင်္ကန်းကပ်လှူကြမှာပါ ။ ကျနော်ကကောင်းတယ် ရေးတင်တာကို အခြေခံပြီး ပူးနေတဲ့ဂြိုဟ်များကို အကောင်းရေးပြီး စာစုတင်နေတဲ့ဆရာများ တူရာသီတိတ်စွဲမှ ပြန်စဉ်းစားကြပါ ။ ကျနော်ရေးတာက ကာလအလွန်ကို ဆိုလိုတာ ဖြစ်ပါကြောင်း...

အပြောဥသျှောင်
ဘိုးမင်းအောင်

No comments:

Post a Comment